ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာန၏ထောက်ခံချက်ပါမှသာ လိုင်စင်သက်တမ်းတိုးပေးတော့ မည်ဖြစ်ကြောင်းသိရသည်။
ယင်းအပြင် အသစ်ထပ်မံဖွင့် လှစ်လိုသည့်စက်ရုံများအနေဖြင့် ရန်ကုန်မြို့တော်စည်ပင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာန၏ထောက်ခံချက်ပါမှသာ လိုင်စင်ထုတ်ပေးခြင်းနှင့် သက် တမ်းတိုးပေးခြင်းကိုဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော်စည်ပင်၊ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။
''စက်ရုံတွေက ရေဆိုးစွန့်ပစ် မှုဟာ အတော်ဆိုးဝါးလာတယ်။ ပတ်ဝန်းကျင်ကို ထိခိုက်မှုတွေများ လာတယ်။ ဒါကြောင့် ကျွန်တော် တို့ဌာနကနေ စက်ရုံတွေကိုကွင်း ဆင်းစစ်ဆေးပြီး ပတ်ဝန်းကျင်ကို ထိခိုက်မှုမဖြစ်ဖို့ မီးခိုးခေါင်းတိုင်၊ ရေဆိုးစွန့်ပစ်မှုစတာတွေကို စစ် ဆေးတာတွေလုပ်နေတယ်။ ပတ် ဝန်းကျင်ကို ထိခိုက်မှုမရှိဘူးဆိုမှ ထောက်ခံချက်ပေးမယ်။ အဲဒီတော့ ဒီနှစ်ကနေစပြီး စက်ရုံလိုင်စင်သက် တမ်းတိုးတဲ့အခါ ကျွန်တော်တို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့် ရှင်းရေးဌာနရဲ့ ထောက်ခံချက်ပါ ရမယ်''ဟု ရန်ကုန်မြို့တော်စည်ပင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန (စက်မှုဇုန်များ တာဝန်ခံ) ဦးစီးအရာရှိ ဦးမောင် မောင်လွင်က ဒီမိုကရေစီတူဒေးသို့ စက်တင်ဘာ ၁၄ ရက်က ပြော သည်။
စက်မှုဇုန်များရှိ စည်းကမ်းမဲ့ စက်ရုံများကြောင့်ထွက်ရှိလာ သည့် အမှိုက်များ၊ ရေဆိုးများမှာ ပတ်ဝန်းကျင်ထိခိုက်မှုများရှိလာ သည့်အတွက် ကွင်းဆင်းစစ်ဆေးပြီး ဆက်လက်ဖွင့်လှစ်ရန်သင့်၊ မသင့် ထောက်ခံချက်ပေးသွားမည်ဖြစ် ကြောင်း ဦးမောင်မောင်လွင်က ပြောသည်။
ယင်းအပြင်စက်မှုဇုန်များမှ ထွက်ရှိသည့်အမှိုက်များကို ယခု ၂ဝ၁၇ ခုနှစ် ဇွန်လမှစတင်ကာ အခြားအမှိုက်များဖြင့် စုပေါင်း သယ်ယူခြင်းမပြုတော့ဘဲ သီးသန့် သိမ်းဆည်းမှုများပြုလုပ်လျက်ရှိ ကြောင်း၊ ထို့ပြင် စက်ရုံများအနေ ဖြင့် စက်ရုံအတွင်းသတ်မှတ်ထားသည့် အမှိုက်ကန်များ၊ အမှိုက်ပုံးများ၊ အမှိုက်ထည့်မည့် ကွန်တိန် နာပုံးအခွံများစသည်တို့ကိုထား ရှိပြီး အမှိုက်စွန့်ပစ်ရမည်ဟု စည်းကမ်းများသတ်မှတ်ထားကြောင်း၊ လက်ရှိတွင်စက်ရုံအသစ်များလိုင် စင်လျှောက်ရာတွင် စစ်ဆေး ထောက်ခံချက်များ ပြုလုပ်ပေးလျက်ရှိပြီး စက်ရုံအဟောင်းများအနေ ဖြင့် လိုင်စင်သက်တမ်းတိုးရမည့် ၂ဝ၁၈ ခုနှစ် ဧပြီတွင် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်း ရေးဌာနမှစစ်ဆေး၍ ထောက်ခံ ချက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Credit: Democracytoday