ကမ္ဘာကျော် အိန္ဒိယသရုပ်ဆောင် ရှာရွတ်ခန်သည် ကန်ဒေါ်လာ သန်း ၆၀၀ ဝန်းကျင် ချမ်းသာကြွယ်ဝသည်ဟု ခန့်မှန်းထားကြသည်။
အောက်ဖော်ပြပါတို့မှာ ရှာရွတ်ခန်ပိုင်ဆိုင်ထားသည့်အရာများ ဖြစ်သည်။
၁။ လကမ္ဘာပေါ်မှ မြေများ
ရှာရွတ်ခန်သည် လကမ္ဘာပေါ်တွင် မြေကွက်များစွာ ဝယ်ယူပိုင်ဆိုင်ထားပြီဖြစ်သည်ဟူသည့် သတင်းများရှိနေသည်။
Moonestates အမည်ရှိ ကုမ္ပဏီထံမှ လကမ္ဘာရှိ မြေကွက်များဝယ်ယူခဲ့သည်ဟု ဆိုကြသည်။
Moonestates သည် လကမ္ဘာရှိမြေကွက်များကို မြေတစ်ကွက်လျှင် ကန်ဒေါ်လာ ၂၀ စီဖြင့် ရောင်းချပေးလျက်ရှိသည့် ကုမ္ပဏီဖြစ်သည်။
ရှာရွတ်ခန်သည် လကမ္ဘာတွင် မြေအကျယ်အဝန်း မည်မျှပိုင်ဆိုင်ထားသည်ကိုမူ မသိရချေ။
သို့ရာတွင် ဒေါ်လာ ၄၀၀ မှ ၅၀၀ ဖိုးကြား ဝယ်ယူထားဖွယ်ရှိသည်ဟု ခန့်မှန်းကြသည်။
၂။ ကိုလ်ကာတားအခြေစိုက် ခရစ်ကက်အသင်း
ရှာရွတ်ခန်သည် အိန္ဒိယ၏ ပရီးမီးယားလိဂ်ဟု ခေါ်ကြသည့် IPL အသင်း ၂၀ တွင် ပါဝင်သည့် ကိုလ်ကာတားမြို့ ကိုယ်စားပြု Kolkata Knight Riders အသင်းကို ပိုင်ဆိုင်ထားသည်။
IPL မှာ ဘောလုံးအားကစားကား မဟုတ်ချေ။ ခရစ်ကက်အသင်းများ ဖြစ်ကြသည်။Kolkata Knight Riders ၏ ကာလတန်ဖိုးမှာ ကန်ဒေါ်လာ ၈၆ သန်းခန့် တန်ကြေးရှိသည်။
၂၀၀၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အခြားလုပ်ငန်းရှင်များနှင့်အတူ ပူးတွဲပိုင်ဆိုင်ခြင်း ဖြစ်သည်။
၂၀၁၂ နှင့် ၂၀၁၄ ရာသီတို့တွင် ချန်ပီယံဖြစ်ခဲ့ပြီး ၂၀၁၁ နှင့် ၂၀၁၆ တို့တွင် ရှုံးထွက်အဆင့်ထိရောက်ရှိခဲ့ကာ ယခု ၂၀၁၇ တွင်မူ ဆီမီးဖိုင်နယ်အထိ ရောက်ရှိခဲ့သည်။
Knight Riders ၏ ၏ အိမ်ကွင်း Eden Gardens သည် အိန္ဒိယနိုင်ငံတွင် အကြီးမားဆုံးနှင့် ကမ္ဘာပေါ်တွင် ဒုတိယမြောက်အကြီးမားဆုံး ခရစ်ကက်အားကစားကွင်း ဖြစ်သည်။
၃။ လန်ဒန်ရှိနေအိမ်
လန်ဒန်ရှိ နာမည်ကျော် ဟိုက်ပါ့ခ်ပန်းခြံဘေးကပ်လျက် ပန်းခြံလမ်းတွင် ရှာရွတ်ခန်က နေအိမ်တစ်လုံး ပိုင်ဆိုင်ထားသည်။
အဆိုပါနေအိမ်ကို ၂၀၀၉ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ပေါင်သန်း ၂၀ ပေးခဲ့ရ၏။
အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၄ ခန်းပါဝင်သည့် အဆိုပါနေအိမ်ကို ဝယ်ယူခဲ့ရခြင်း၏ အကြောင်းရင်းတစ်ခုမှာ ရှာရွတ်ခန်သည် ယခုနောက်ပိုင်းတွင် လန်ဒန်သို့ ယခင်ကထက် လာရောက်ရမှု များပြားလာကာ ဈေးကြီးသည့်ဟိုတယ်များတွင် တည်းခိုနေရခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။
၎။ ဒူဘိုင်းရှိ နေအိမ်
အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းတွင် Palm Jumeirah ၊ Deira Island နှင့် Palm Jebel Ali ဟူသည့် ကျွန်းတု ၃ ခုကို ၂၀၀၁ ခုနှစ်ကတည်းက စတင်ဆောက်လုပ်လျက်ရှိသည်။
ကျွန်းတု ၃ ခုအနက် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလတွင် Palm Jumeirah တစ်ခုတည်းသာလျှင် အပြီးသတ်ဆောက်လုပ်နိုင်ခဲ့သေးသည်။
ဇိမ်ခံအပန်းဖြေကျွန်းများအဖြစ် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်း ဖြစ်၏။
ရှာရွတ်ခန်က အဆိုပါကျွန်းပေါ်တွင် နေအိမ်တစ်လုံးဝယ်ယူပိုင်ဆိုင်ထားသည်။
၂၀၀၇ ခုနှစ်အတွင်း ဒူဘိုင်းငွေ ၁၄ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၁၄၀၀၀ ခန့်ရှိပြီး အိပ်ခန်း ၆ ခန်းပါဝင်ကာ သီးသန့် ပင်လယ်ကမ်းခြေ၊ သီးသန့် ရေကူးကန်တို့ ပါဝင်သည်။
၅။ မွမ်ဘိုင်းရှိ နေအိမ်
မွမ်ဘိုင်းနေအိမ်၏ တန်ဖိုးမှာ အံ့အားသင့်ဖွယ်ရာ ဈေးနှုန်းကြီးမြင့်လာရာ ရူပီးငွေ သန်း ၂၀၀၀ နီးပါးတန်ဖိုးရှိသည်ဟု ဆိုသည်။
မွမ်ဘိုင်းရှိ နေအိမ်ကို မာနတ်ဟု နာမည်ပေးထားသည်။
မာနတ်စံအိမ်တည်ရှိရာနေရာ မွမ်ဘိုင်းအနောက်တောင်ဖက် Bandstand Bandra အရပ်တွင် လူနေခန်းတစ်ခု၏ ပုံမှန်ဈေးနှုန်းမှာ စတုရန်းတစ်ပေလျှင် ရူပီးငွေ ၄၃၀၀၀ ခန့်ဖြစ်၏။
စတုရန်းပေ ၂၆၃၂၈ ဒသမ ၅၂ အကျယ်အဝန်းရှိသော မာနတ်စံအိမ်ကို အဆိုပါဈေးနှုန်းဖြင့် တွက်ချက်မည်ဆိုပါက ရူပီး ၁၁၃၀ ဒသမ ၂၁ သန်းခန့်သာ ပေါက်ဈေးရှိသည်။
မာနတ်စံအိမ်သည် ရှာရွတ်ခန်၏ ပိုင်ဆိုင်မှုများတွင် တန်ဖိုးအကြီးဆုံးဖြစ်သည်ဟု ဆိုနိုင်ပြီး ကန်ဒေါ်လာအားဖြင့် ၃၃၃ သန်းခန့် တန်ကြေးရှိသည်။
နေအိမ်ဧည့်ခန်းမှာ အလွန်ကျယ်ဝန်းလှပြီး ၆ ထပ်အဆောက်အအုံဖြစ်သည်။
အိမ်ရှေ့တွင် စိမ်းလန်းသော မြက်ခင်းပြင်ရှိပြီး နေအိမ်၏ အခန်းတိုင်းမှ ပင်လယ်ပြင်ကို တွေ့မြင်နိုင်သည်။
ဂရိဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး အချို့အစိတ်အပိုင်းများမှာ ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်နှင့်ပင် များစွာတူညီနေသည်။
နေအိမ်တွင်းရှိ အလှဆင်ပစ္စည်းများကို ရှာရွတ်ခန်နှင့် ဇနီးဖြစ်သူတို့ ကိုယ်တိုင်ဝယ်ယူခဲ့ကြခြင်း ဖြစ်သည်။
ညစာစာခန်းမှာ ရွှေရောင်လွှမ်းနေပြီး ကြီးမားလှသော စားပွဲဝိုင်းကြီးမှာ လူပေါင်း ၃၀ ဝန်းကျင် စားသောက်နိုင်သည်။
စံအိမ်တည်ရှိရာ Bandra West အရပ်မှာ ကမ္ဘာလှည့်ခရီးသည်တို့ လာရောက်ကြရာ နေရာလည်း ဖြစ်သည်။
ဘောလိဝုဒ်၏ ဘုရင်ဟု ဆိုကြသော ရှာရွတ်ခန်၏ နေအိမ်သို့ နေ့စဉ် ရာပေါင်းများစွာသော အိန္ဒိယပြည်သူများ လာရောက်လေ့ရှိကြပြီး ၎င်းတို့၏ အသည်းစွဲဘောလိဝုဒ်ကြယ်ပွင့်ကို ရိုးတိုးရိပ်တိပ်မြင်ရမည်လောဟူသည့် မျှော်လင့်ချက်ဖြင့် လာရောက်ကြခြင်း ဖြစ်သည်။
၆။ Audi A6 မော်တော်ကား - တန်ဖိုး ပေါင် ၃၃၀၀၀ ဝန်းကျင်
၇။ BMW 7 Series- တန်ဖိုး ပေါင် ၆၀၀၀၀ ဝန်းကျင်
၈။ BMW 6 Series- တန်ဖိုး ပေါင် ၅၈၀၀၀ ဝန်းကျင်
၉။ Toyota Land Cruiser - တန်ဖိုး ကန်ဒေါ်လာ ၆၈၀၀၀ ဝန်းကျင်
၁၀။ Rolls Royce Drophead Coupé- တန်ဖိုး ကန်ဒေါ်လာ ၄၄၃၀၀၀ (ရိုးရွိုက်စ်ထုတ် ကားများတွင် ဈေးအကြီးဆုံးဖြစ်သည်)
၁၁။ Mercedes Benz S600 Guard- တန်ဖိုး ကန်ဒေါ်လာ ၄၃၈၀၀၀ ဝန်းကျင်
၁၂။ BMW i8 -တန်ဖိုး ပေါင် ၁၀၅၅၈၀ ဝန်းကျင် ။ ၀-၆၀ mph ကို ၄ ဒသမ ၄ စက္ကန့်အတွင်း အမြန်နှုန်းတင်နိုင်စွမ်းရှိသည်။
၁၃။ Harley Davidson Dyna Street Bob မော်တော်ဆိုင်ကယ်- တန်ဖိုး ကန်ဒေါ်လာ ၁၅၀၀၀ ဝန်းကျင်။ မြင်းကောင်ရေ ၆၇
၁၄။ B9R Volvo ဘတ်စ်ကား- တန်ဖိုး ကန်ဒေါ်လာ ၆၀၀၀၀၀ ဝန်းကျင်။ master bedroom နှင့် ရေချိုးခန်းတို့ပါဝင်။ နံရံတွင် ကြီးမားသော LED ရုပ်ရှင်ဖန်သားပြင် ပါဝင်သည်။
၁၅။ TAG Grand Carrera Calibre 17 RS နာရီ- တန်ဖိုး ပေါင် ၂၉၀၀ ဝန်းကျင်။ Water Resistant မှာ မီတာ ၁၀၀ အနက်အထိ ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)