Rolling Stones တေးဂီတဝိုင်းကြီး၏ lead guitarist ကိတ်ရစ်ချတ် ဂရင်းဝစ်ရွာ duplex ခန်းကို အရောင်းဈေးကွက်တင်လာ

Rolling Stones တေးဂီတဝိုင်းကြီး၏ lead guitarist ကိတ်ရစ်ချတ် ဂရင်းဝစ်ရွာ duplex ခန်းကို အရောင်းဈေးကွက်တင်လာ - Property News in Myanmar from iMyanmarHouse.com
16 Oct 2017 11:16 am တွင် တင်ခဲ့သည်
6234 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘာကျော် Rolling Stones တေးဂီတဝိုင်းကြီး၏ lead guitarist ကိတ်ရစ်ချတ်သည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ မန်ဟက်တန်အရပ်ရှိ ဂရင်းဝစ်ရွာမှ duplex ခန်းကို အရောင်းဈေးကွက်တင်လာသည်။

ကိတ်ရစ်ချတ်သည် အဆိုပါအခန်းကို ၂၀၁၄ ခုနှစ် အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်သည်။
Douglas Elliman အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှတစ်ဆင့် ဈေးကွက်တင်လာခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၁၁ ဒသမ ၉၉၅ သန်း ဈေးခေါ်ထားသည်။
ယခင်က အဆိုပါနေအိမ်ကို Sotheby’s International Realty မှတစ်ဆင့် ရောင်းချခဲ့ဖူးသော်လည်း ရောင်းမထွက်ခဲ့ချေ။

ယခုအခါ အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်သော ကိတ်ရစ်ချတ်နှင့် ဇနီးဖြစ်သူ ပက်တီဟန်ဆန်တို့သည် အဆိုပါအခန်းကို ၂၀၁၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

ပြီးခဲ့သော ၂၀၁၆ ခုနှစ်အတွင်း အရောင်းဈေးကွက်သို့ စတင်ရောက်ရှိခဲ့စဉ်က ခေါ်ဈေးမှာ ယခုထက်ပိုမိုများပြားပြီး ကန်ဒေါ်လာ ၁၂ ဒသမ ၂၃ သန်း ဖြစ်သည်။
ပဉ္စမရိပ်သာလမ်းနှင့် ၈ လမ်းထောင့်တွင် တည်ရှိပြီး အိပ်ခန်း ၃ ခန်းပါဝင်သည့် ယင်းအခန်းကို ၂၀၁၁ ခုနှစ်အတွင်း ပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။
ကိတ်ရစ်ချတ်ပြောင်းရွှေ့နေထိုင်ရန်အတွက် ဗိသုကာပညာရှင် ဂျိုး ဆာရင်းစ်ကို ငှားရမ်းကာ မွမ်းမံမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
နေအိမ်ခန်းအတွင်း အလျား ၄၇ ပေရှိ ဧည့်ခန်း၊ ညစာစားခန်းနှင့် ဖျော်ဖြေရေးနေရာတို့ ပါဝင်သည်။

အဝတ်အစားထားသိုခန်း ၂ ခန်းပါဝင်ပြီး သီးသန့် လသာဆောင် ၃ ခုမှတစ်ဆင့် နယူးယောက်မြို့ကြီးနှင့် ဝါရှင်တန်စကွဲရ်ပါ့ခ်တို့၏ အလှကို ခံစားနိုင်သည်။
အခန်းတည်ရှိရာ အဆောက်အအုံကို ၁၉၂၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ၂၇ ထပ်အဆောက်အအုံဖြစ်ကာ မူလက ဇိမ်ခံဟိုတယ်အဖြစ် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

Rolling Stones သည် အင်္ဂလိပ် ရော့ခ်တီးဝိုင်းကြီးဖြစ်ပြီး ၁၉၆၂ ခုနှစ်တွင် လန်ဒန်၌ စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။စတင်ဖွဲ့စည်းခဲ့စဉ်က ပါဝင်ခဲ့သူများမှာ ဘရိုင်ယန်ဂျုံးစ် (ဂစ်တာ၊ ဟာမိုနီကာ) ၊ မစ်ခ်ဂျက်ဂါ (ရှေ့ထွက်အဆိုတော်) ၊ ကိတ်ရစ်ချတ် (ဂစ်တာ၊ နောက်ခံအဆို) ၊ ဘီလ် ဝိုင်မန်း (ဘေ့စ်ဂစ်တာ) ၊ ချာလီ ဝပ်စ် (ဒရမ်) နှင့် အီယန် စတီးဝပ် (ပီယာနို) တို့ ဖြစ်ကြသည်။

ရိုးလင်းစတုန်းမဂ္ဂဇင်းကြီးက သမိုင်းတစ်လျှောက်အကြီးမြတ်ဆုံး အနုပညာရှင် ၁၀၀ စာရင်းတွင် Rolling Stones အဖွဲ့ကို စတုတ္ထနေရာတွင် ဖော်ပြထားပြီး ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ်ပေါင်းချပ်ရေ သန်း ၂၅၀ ကျော် ရောင်းချထားရပြီးဖြစ်သည်။

Rolling Stones သည် စတူဒီယိုတေးအယ်လ်ဘမ် ချပ်ရေ ၃၀၊ live show ၁၈ ခွေ နှင့် လူစုံခွေပေါင်းများစွာ ထုတ်လုပ်ခဲ့ပြီး ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Rolling Stones တေးဂီတဝိုင်းကြီး၏ lead guitarist ကိတ်ရစ်ချတ် ဂရင်းဝစ်ရွာ duplex ခန်းကို အရောင်းဈေးကွက်တင်လာ - Property News in Myanmar from iMyanmarHouse.com
Rolling Stones တေးဂီတဝိုင်းကြီး၏ lead guitarist ကိတ်ရစ်ချတ် ဂရင်းဝစ်ရွာ duplex ခန်းကို အရောင်းဈေးကွက်တင်လာ - Property News in Myanmar from iMyanmarHouse.com
Rolling Stones တေးဂီတဝိုင်းကြီး၏ lead guitarist ကိတ်ရစ်ချတ် ဂရင်းဝစ်ရွာ duplex ခန်းကို အရောင်းဈေးကွက်တင်လာ - Property News in Myanmar from iMyanmarHouse.com
Rolling Stones တေးဂီတဝိုင်းကြီး၏ lead guitarist ကိတ်ရစ်ချတ် ဂရင်းဝစ်ရွာ duplex ခန်းကို အရောင်းဈေးကွက်တင်လာ - Property News in Myanmar from iMyanmarHouse.com
Rolling Stones တေးဂီတဝိုင်းကြီး၏ lead guitarist ကိတ်ရစ်ချတ် ဂရင်းဝစ်ရွာ duplex ခန်းကို အရောင်းဈေးကွက်တင်လာ - Property News in Myanmar from iMyanmarHouse.com
Rolling Stones တေးဂီတဝိုင်းကြီး၏ lead guitarist ကိတ်ရစ်ချတ် ဂရင်းဝစ်ရွာ duplex ခန်းကို အရောင်းဈေးကွက်တင်လာ - Property News in Myanmar from iMyanmarHouse.com
Rolling Stones တေးဂီတဝိုင်းကြီး၏ lead guitarist ကိတ်ရစ်ချတ် ဂရင်းဝစ်ရွာ duplex ခန်းကို အရောင်းဈေးကွက်တင်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

CarsDB Showroom Opening
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service