သပိတ်ကျင်းမြို့နယ်အတွင်း တပ်မတော်ကသိမ်းယူထားသည့်လယ်မြေဧက ၂၆၀၀ ပြန်လည်စွန့်လွှတ်

သပိတ်ကျင်းမြို့နယ်အတွင်း တပ်မတော်ကသိမ်းယူထားသည့်လယ်မြေဧက ၂၆၀၀ ပြန်လည်စွန့်လွှတ် - Property News in Myanmar from iMyanmarHouse.com
16 Oct 2017 10:00 am တွင် တင်ခဲ့သည်
3118 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်အတွင်း တပ် မတော်က သိမ်းယူထားသော လယ်ယာမြေဧက ၂,၆၀၀ စွန့်လွှတ်ခဲ့ပြီး မူလတောင်သူများထံ ပြန်ပေးရန် စိစစ်နေကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးတင်မြင့်ဆွေက ပြောသည်။

သပိတ်ကျင်းမြို့နယ် မိုင်း ဒိုင်းကျေးရွာအုပ်စု၊ ဖုန်ကုန်းကျေး ရွာအုပ်စုနှင့် စမ္ပာယ်နဂိုကျေးရွာ အုပ်စုတို့မှ ၁၉၉၅ က တပ်မတော်က သိမ်းဆည်းထားသည့် လယ်ယာမြေများကို လက်ရှိတွင် အသုံး ပြုခြင်းမရှိ၍ ပြန်လည်စွန့်လွှတ် ခြင်းဖြစ်ပြီး
မူလတောင်သူများထံ ယခုလအတွင်း ပြန်ပေးရန် စိစစ် နေသည်။

‘‘သိမ်းကတည်းက သူတို့ သိပ်အသုံးမပြုတဲ့မြေတွေ။ သူတို့ အသုံးမပြုလို့လည်း လုပ်ရဲတဲ့ တောင်သူတွေက ဝင်လုပ်နေ တယ်။ ကြောက်တဲ့တောင်သူတွေ က ဝင်မလုပ်ဘူးပေါ့။ အဲဒီမှာ မူလတောင်သူတွေရော၊ မူလတောင် သူမဟုတ်တာတွေရော ဝင်လုပ် နေကြတယ်။ တချို့က သိမ်းခံရ တာနှစ်ဧကဆိုရင် ဝင်လုပ်နေတာက လေးဧကလောက်ပေါ့။ ဒါတွေ ကို အကုန်ရှင်းပြီး စိစစ်ရမှာ။ အခု သပိတ်ကျင်းမြို့နယ်ထဲမှာရှိတဲ့ ရပ်ကျေးလယ်ပြန်စစ်အဖွဲ့တွေ ရော၊ လယ်ဆည်အဖွဲ့တွေရော အကုန်သင်တန်းပေးနေတယ်။ ပြီးတာနဲ့ လုပ်ငန်းစတင်သွားမှာ’’ဟု ဦးတင်မြင့်ဆွေက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သိမ်းဆည်းခံရသော ဒေသခံ တောင်သူအချို့ကို ဆက်သွယ်ရန် ကြိုးစားသော်လည်း ဆက်သွယ် မရခဲ့ပေ။ မန္တလေးတိုင်းဒေသကြီးတွင် သိမ်းဆည်းခံမြေများနှင့် ပတ် သက်၍ ယခင်အစိုးရလက်ထက်မှ လက်ရှိ အစိုးရသစ်အထိ ပြန်လည်စွန့်လွှတ်သည့်လယ်ယာမြေ ဧကသုံးသောင်းခွဲရှိသည့်အနက် အငြင်းပွားမှုမရှိသော ဧက ၃၄,၀၀၀ ကို မူလတောင်သူများထံ လွှဲပြောင်းပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်းက ပြောကြားသည်။

ပြန်လည်စွန့်လွှတ်မြေဧက ၃၅,၀၀၀ တွင် တပ်မတော်က သိမ်း ဆည်းထားသော မြေဧက တစ် သောင်းခွဲဖြစ်ပြီး ကျန်မြေများကို ဌာနဆိုင်ရာနှင့် အရပ်ဘက်အဖွဲ့ အစည်းများက သိမ်းယူခဲ့ကြောင်း ပြီးခဲ့သည့်ဇူလိုင်က ပြုလုပ်ခဲ့သော
သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ၎င်းက ပြောကြားသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

Shwe Moe Kaung
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service