အိမ်ခြံမြေဈေးကွက်မှာ ယခုရက်ပိုင်းအတွင်း ထုံးဘိုအတက်လမ်းနဲ့ ပြည်ကြီးမင်္ဂလာယာဉ်ရပ်နားစခန်းအနီးက ၅၁ လမ်းကို တောင်ဘက်ဖောက်မှာဖြစ်တဲ့အတွက် သည်နေရာဝန်းကျင်က လယ်ကွက်တွေ အရောင်းအ၀ယ်ဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တချို့ဆီက သိရပါတယ်။
ပြည်ကြီးမင်္ဂလာကုန်တင်ယာဉ်ရပ်နားစခန်းမှာ ကားအ၀င်အထွက်ကျပ်နေတာကြောင့် လုပ်ငန်းရှင်အချို့ကို ဂိုဒေါင်တွေလုပ်ဖို့ လယ်ကွက်တွေကို
အ၀ယ်များကြတယ်လို့ သိရတယ်။
‘ဈေးကွက်ကောင်းလို့တော့မဟုတ်ဘူး၊ ကားကြီးဝင်းက အ၀င်လမ်းတစ်လမ်းတည်းရှိတဲ့အတွက် ကားအ၀င်အထွက်ကျပ်တော့ ၅၁ လမ်းကို ဆက်ဖောက်ဖို့ တင်ထားတယ်လို့ ကြားတယ်။ အဲဒါကြောင့် အ၀ယ်များလာတယ်’ လို့အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်တဲ့ ဦးမျိုးမြင့်က ပြောပါတယ်။
ပြီးခဲ့တဲ့ လပိုင်းကလည်း သီတင်းကျွတ်ချိန်နီးတဲ့အတွက် လုပ်ငန်းရှင်တချို့က အိမ်ခြံမြေအကွက်ကောင်းတွေကို အရောင်းအ၀ယ်ပြုလုပ်လာကြပါတယ်။ ဒါ့အပြင်မန္တလေးမြို့မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာတဲ့အတွက်
လည်းမြို့တွင်းရောမြို့ပြင်ပါ အရောင်းအ၀ယ်အနည်းငယ်ရှိတယ်လို့သိရပါတယ်။
Credit: The Modern