မော်ဒယ်နှင့် သရုပ်ဆောင်မင်းသမီး ဘရစ်တီ နီယယ်လ်ဆန် လော့စ်အိန်ဂျလိနေအိမ်ကို အရောင်းဈေးကွက်တင်လာသည်။
နီယယ်လ်ဆန်သည် ရမ်ဘိုဇာတ်ကားများဖြင့် နာမည်ကျော်ခဲ့သည့် ကမ္ဘာကျော်သရုပ်ဆောင် ဆီဗက်စတာ စတားလုံး၏ ဇနီးဟောင်းဖြစ်ပြီး ယခုရောင်းချမည့် နေအိမ်ကို ၂၀၁၁ ခုနှစ်အတွင်း ကန်ဒေါ်လာ ၆၀၀၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
နီယယ်လ်ဆန်သည် အသက် ၅၄ နှစ်အရွယ်ရှိပြီဖြစ်ပြီး အဆိုတော်၊ သရုပ်ဆောင်တစ်ဦးဖြစ်ကာ "Red Sonja," "Cobra," နှင့် "Rocky IV" ဇာတ်ကားများတွင် ပါဝင်ခဲ့သည်။
အက်ရှင်သရုပ်ဆောင် စတားလုံးနှင့် ၁၉၈၅ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး ၂ နှစ်အကြာတွင် ကွာရှင်းပြတ်စဲခဲ့ကြသည်။
စတားလုံးနှင့် ကွာရှင်းပြီးနောက် ရုပ်သံအစီအစဉ်များစွာတွင် ပါဝင်ခဲ့သည်။
နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၁၅၃၉ ခန့် ကျယ်ဝန်းပြီး အိပ်ခန်း ၃ ခန်းနှင့် ရေချိုးခန်း ၂ ခန်း ပါဝင်သည်။
ပြင်သစ်တံခါးများမှ တဆင့်ဝင်ရောက်သွားမည်ဆိုပါက မီးလင်းဖိုပါဝင်သည့် ဧည့်ခန်းသို့ ရောက်ရှိမည် ဖြစ်သည်။အဖြူရောင်လင်းလက်နေသော မီးဖိုဆောင်တွင် သလင်းကျောက်များဖြင့် ပြုလုပ်ထားသည့် ကောင်တာများ ထည့်သွင်းထားသည်။
အပေါ်ထပ်တွင် ဧည့်သည်များအတွက် တည်းခိုဆောင် ပါဝင်သည်။
master bedroom နှင့် အခြားအိပ်ခန်းတစ်ခုတို့ ပူးတွဲအသုံးပြုရသည့် ရေချိုးခန်းတွင် ရေစိမ်ကန်နှင့် ရေပန်းများ ပါဝင်သည်။
ယခုနေအိမ်ကို ရောင်းချလိုက်သော်လည်း ၎င်းအနေဖြင့် လော့စ်အိန်ဂျလိကို ချစ်မြတ်နိုးဆဲဖြစ်ကြောင်းလည်း ပြောကြားသည်။
(အချက်အလက်များ)
အိပ်ခန်း- ၃
ရေချိုးခန်း- ၂
အကျယ်အဝန်း- ၁၅၃၉ စတုရန်းပေ
တည်နေရာ- ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိ၊ ဖလွိုက်တာ၊ အမှတ် ၃၃၇၄
တစ်စတုရန်းပေတန်ဖိုး- ၈၁၂ ဒေါ်လာ
ဆောက်လုပ်သည့်နှစ်- ၁၉၃၉
စတိုင်- ကယ်လီဖိုးနီးယား ဘန်ဂလိုဟန်
(Interior Features)
လေအေးပေးစက်၊ မျက်နှာကြက်ပန်ကာ
ပန်းကန်ဆေးစက်
ရေခဲသေတ္တာ
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)