ရန်ကုန်ရှိ ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းစောင့်ရှောက်ရန် နည်းပညာနှင့် အကြံဉာဏ်ပေးခွင့် YHT ရရှိ

ရန်ကုန်ရှိ ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းစောင့်ရှောက်ရန် နည်းပညာနှင့် အကြံဉာဏ်ပေးခွင့် YHT ရရှိ - Property News in Myanmar from iMyanmarHouse.com
13 Oct 2017 9:53 am တွင် တင်ခဲ့သည်
5353 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ပြအမွေအနှစ်များပြန်လည်မြှင့်တင်သက်ဝင် စေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအား နည်းပညာနှင့်အကြံ ဉာဏ်ပေးခွင့်အတွက် YHT
(ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့)ကို တင်ဒါပေးလိုက်ကြောင်း ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အ စိုးရအဖွဲ့၊ အီတလီနိုင်ငံအစိုးရနှင့် အီတလီနိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူး ပေါင်းဆောင်ရွက်ရေးအေဂျင်စီ (ရန်ကုန်)တို့သည် ခရီးသွားလုပ် ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာအမွေ အနှစ်များကို ထိန်းသိမ်းစောင့် ရှောက်ရန် စီမံကိန်းများပူးပေါင်း ဆောင်ရွက်နေပြီး ယခုတင်ဒါပေး အပ်သည့် အစီအစဉ်မှာ စီမံကိန်း အစိတ်အပိုင်းတစ်ခုဖြစ်သည်။

အီတလီအစိုးရနှင့်အထက် ပါအေဂျင်စီတို့သည်ရန်ကုန်မြို့ပြ အမွေအနှစ်များ
ပြန်လည်သက် ၀င်စေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအား နည်းပညာအကူအညီ ပေးမည်ဖြစ်သည်။

‘‘အမွေအနှစ်အဆောက်အ အုံတွေကို ထိန်းသိမ်းစောင့် ရှောက်ဖို့က ကျွမ်းကျင်တဲ့ပညာ ရပ်တစ်ခုလိုအပ်ပါတယ်’’ ဟု ၀န် ကြီးချုပ်က အောက်တိုဘာ ၁၂ ရက်က Strand ဟိုတယ်၌ ပြု လုပ်သော ‘ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အစီ အစဉ်-၁’ အခမ်းအနားတွင် ပြော ကြားသည်။ အဆိုပါတင်ဒါအတွက် အီတလီနိုင်ငံ၏ အကူအညီဖြင့် ရန်ကုန်မြို့တော်ကို ရှေးဟောင်းအမွေအနှစ်များနှင့် စိမ်းလန်းပြီး နေချင်စရာကောင်းသည့် မြို့တော်ဖြစ်ပေါ်လာရေး အဓိကရည်ရွယ်သည်ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ယင်းစီမံကိန်းအတွက်တင်ဒါကို နိုင်ငံတကာကုမ္ပဏီလေးခုနှင့် YHTတို့ ၀င်ရောက်ယှဉ်ပြိုင်ပြီးနောက် YHTက ရရှိခြင်းဖြစ်သည်။

‘‘ရန်ကုန်က မြို့ပြပြောင်းလဲ မှုတွေ၊ ခေတ်မီမှုတွေက ဘယ်လို ပဲစိန်ခေါ်ပါစေ သူ့သမိုင်းအ ကြောင်း၊ ယဉ်ကျေးမှုနဲ့ဘာသာရေးတန်ဖိုးတွေကို ထိန်းသိမ်းထား ဆဲပဲရှိပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ အတူ လက်တွဲလျက်ဒီထူးခြားတဲ့ တန်ဖိုးတွေ ထိန်းသိမ်းပြီးနောက် ရန်ကုန်ကို အရှေ့တောင်အာရှအ တွင်းထင်ရှားတဲ့မြို့တစ်မြို့ဖြစ် လာမယ်ဟု ယုံကြည်ထားပါတယ်’’ ဟု မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီးက ပြောကြားသည်။

အဆိုပါ YHT က ရန်ကုန် မြို့တော်အတွက်ပြုလုပ်ပေးရမည့်အချက်များမှာ ရန်ကုန်မြို့ ခေတ်မီလှပရေး၊ ရှေးဟောင်းအဆောက်အအုံများကို ထိန်းသိမ်း မည့်လမ်းညွှန်ချက်ရေးဆွဲခြင်း၊ မြို့ပြဖွံ့ဖြိုးရေးနှင့် ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းရေး ဆိုင်ရာ အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများကို ပူးပေါင်းဆောင် ရွက်နိုင်သည့် စနစ်တစ်ခုတည် ထောင်ပေးရန်၊ ရန်ကုန်မြို့ရှိ ရှေး ဟောင်းအဆောက်အအုံများကို စာရင်းပြုစုပေးရန်၊ ရှေးဟောင်း အဆောက်အအုံထိန်းသိမ်းရေး ဆိုင်ရာဥပဒေများ အကြံပေးရန်နှင့် ရှေးဟောင်းအဆောက်အအုံများအနက် အစိုးရပိုင်ရှေးဟောင်းအဆောက်အအုံ ခြောက်လုံးမှ ရှစ်လုံးကိုရွေးချယ်၍ ပြန်လည်အသုံးပြုနိုင်ရေးအသေးစိတ် သုတေသနပြုလုပ်ပေးရန်တို့ ဖြစ် သည်။

‘‘ဒီလုပ်ငန်းတွေက ကျွန် တော်အစောကတည်းက လုပ် ချင်တာ။ အခုအီတလီဘက်က ငွေရတော့ ပိုလုပ်လို့ရသွားတာ ပါ’’ ဟု YHT ဥက္ကဋ္ဌဒေါက်တာ သန့်မြင့်ဦးက ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service