ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် (ဟောင်း) ဦးသန့်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ)

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် (ဟောင်း) ဦးသန့်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
12 Oct 2017 12:02 pm တွင် တင်ခဲ့သည်
4323 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပန်းဝါလမ်းတွင် ကိုလိုနီခေတ် နေအိမ်တစ်လုံးတည်ရှိ၏။အဆိုပါနေအိမ်သည် ကုလသမဂ္ဂတွင် အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးသန့်၏ နေအိမ်ဖြစ်လေသည်။

ပန်းဝါလမ်းပေါ်ရှိ လမ်းသွယ်ကလေးတစ်ခုအဆုံးတွင် တည်ရှိသည်။
ကိုလိုနီခေတ် ဗြိတိသျှအရာရှိများနေထိုင်ရန် စံအိမ်အဖြစ် ၁၉၂၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် နေအိမ်ဖြစ်သည်။

နေအိမ်တည်ရှိရာ ရပ်ကွက်မှာ ရန်ကုန်တွင် ဝင်ဒါမီယာဟု နာမည်ကျော်သည့်အရပ်ဖြစ်သည်။ဝင်ဒါမီယာသည် လွတ်လပ်ရေးရပြီးနောက်ပိုင်း ကတည်းကပင် မြန်မာနိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များစွာ နေထိုင်ကြရာနေရာ ဖြစ်ခဲ့သည်။
ဦးသန့်သည် အဆိုပါနေအိမ်တွင် ၁၉၅၀ ပြည့်လွန်ကာလများအတွင်း နေထိုင်သွားခဲ့ပြီး ထိုအချိန်က ဝန်ကြီးချုပ်ဖြစ်သူ ဦးနု၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေချိန်ဖြစ်သည်။

၁၉၅၇ ခုနှစ်တွင် ဦးသန့်သည် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ရန် ပြည်ပသို့ ထွက်ခွာခဲ့သည်။
ရန်ကုန်မြို့တော်ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ဖြစ်သည့် YHT ၏ ဥက္ကဌ ဒေါက်တာသန့်မြင့်ဦး၏ တောင်းဆိုချက်ကို ၂၀၁၂ ခုနှစ် အစောပိုင်းတွင် သမ္မတဦးသိန်းစိန်က ခွင့်ပြုပေးခဲ့ပြီး ဦးသန့်ပြတိုက်နှင့် ဆွေးနွေးဟောပြောပွဲများ ကျင်းပရာနေရာအဖြစ် ပြောင်းလဲခဲ့သည်။

ဒေါက်တာသန့်မြင့်ဦးသည် ဦးသန့်၏ မြေးတစ်ဦးဖြစ်သည်။
ယင်းနေအိမ်တွင် ဦးသန့်နှင့် သူ၏စာပေလက်ရာများနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲများ၊ ဟောပြောပို့ချမှုများ၊ အခမ်းအနားများ ကျင်းပရန်လည်း ရည်ရွယ်သည်။

ဦးသန့်ပြတိုက်သို့ လှူဒါန်းလိုသူများအနေဖြင့် ဖုန်းနံပါတ် (95)9 32100785 နှင့် အီးမေးလိပ်စာ info.uthanthouse@gmail.com တို့သို့ ဆက်သွယ်လှူဒါန်းနိုင်သည်ဟု ဆိုသည်။

ဦးသန့် ပြတိုက်ကို ကာလအပိုင်းအခြားများ ခွဲခြားခင်းကျင်းပြသထားရာ ငယ်စဉ်ဘဝ၊ ကျောင်းဆရာ ၊ စာရေးဆရာ၊ ဝန်ထမ်း၊ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဘဝ အစရှိသဖြင့် ကဏ္ဍများ ခွဲခြားပြသထားသည်။
ဦးသန့်ကို ၁၉၀၉ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်တွင် ဧရာဝတီတိုင်း ၊ ပန်းတနော်မြို့တွင် မွေးဖွားခဲ့သည်။

ဥရောပသားမဟုတ်သူများထဲမှ ပထမဆုံးကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နေရာ ရယူနိုင်ခဲ့သူဖြစ်သည်။ကာလအကြာရှည်ဆုံး တာဝန်ထမ်းဆောင်ခဲ့သည့် အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ပြီး ၁၀ နှစ်နှင့် ၁ လ (ရက်ပေါင်း ၃၆၈၄ ) တာဝန်ထမ်းဆောင်ခဲ့သည်။
အမျိုးသားအထက်တန်းကျောင်းတွင် ပညာဆည်းပူးခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် ဆက်လက်ပညာသင်ယူသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ် ဦးနု၏ မိတ်ဆွေရင်းတစ်ဦးဖြစ်ပြီး ၁၉၄၈ မှ ၁၉၆၁ ခုနှစ်အထိ အစိုးရ ရာထူးနေရာမျိုးစုံ တာဝန်ထမ်းဆောင်ခဲ့သည်။
ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဒက်ဟမ်းမားရှိုး လေယာဉ်ပျက်ကျကာ ကွယ်လွန်ခဲ့ပြီးနောက် ၁၉၆၁ ခုနှစ်တွင် အထွေထွေ အတွင်းရေးမှူးချုပ်တာဝန် စတင်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။

ပထမသက်တမ်းအတွင်း အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီနှင့် ဆိုဗီယက်
ဝန်ကြီးချုပ် နီကီတာ ခရုရှက်ဗ်တို့အကြား တတိယကမ္ဘာစစ်ကြီးသို့ ဦးတည်စေသည့် ကျူးဘားဒုံးပျံအရေးအခင်းကို ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ကြစေရန် စေ့စပ်ပေးနိုင်ခဲ့သည်။

၁၉၆၆ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်တွင် ဒုတိယမြောက်သက်တမ်းကို လုံခြုံရေးကောင်စီက ကန့်ကွက်သူမရှိ ဆက်လက်ခန့်အပ်ခဲ့သည်။
ယင်းနောက် တတိယသက်တမ်းတာဝန်ထမ်းဆောင်ပေးပါရန် တောင်းဆိုမှုကို ငြင်းပယ်ကာ ၁၉၇၁ ခုနှစ်တွင် တာဝန်မှာ အနားယူခဲ့ပြီး ၁၉၇၄ ခုနှစ်အတွင်း အဆုတ်ကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။

ဖော်ပြပါဓာတ်ပုံများအနက် အချို့ပုံများမှာ ဦးသန့်၏ မြေးဖြစ်သူ ဦးသန့်မြင့်ဦး၏ ဖေ့စ်ဘုတ်စာမျက်နှာ (https://www.facebook.com/thantmyintu/) မှ ရယူထားခြင်း ဖြစ်ပါသည်။

ယခုအခါဦးသန့်မြင့်ဦးက ဦးသန့်၏နေအိမ်ကို တိုးချဲ့ဆောက်လုပ်ကာ စာကြည့်တိုက်တစ်ခု၊ ကော်ဖီဆိုင်နှင့် အမှတ်တရပစ္စည်းဆိုင်များ ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု ဆိုသည်။

ဦးသန့်ပြတိုက်ကို သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့များတွင် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားပြီး ဝင်ကြေးကောက်ခံခြင်းမရှိဘဲ လှူဒါန်းလိုသူများအနေဖြင့် အလှူငွေများ လှူဒါန်းနိုင်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် (ဟောင်း) ဦးသန့်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် (ဟောင်း) ဦးသန့်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် (ဟောင်း) ဦးသန့်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် (ဟောင်း) ဦးသန့်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် (ဟောင်း) ဦးသန့်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် (ဟောင်း) ဦးသန့်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် (ဟောင်း) ဦးသန့်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် (ဟောင်း) ဦးသန့်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် (ဟောင်း) ဦးသန့်၏ နေအိမ် (ကမ္ဘာကျော်ပုဂ္ဂိုလ်တို့၏ နေအိမ်များ) - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

imyanmarmarket
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service