မောင်းမကန်- မျှော်ရစ်ဘုရားလမ်းချဲ့ရန် မြေပေးရသူများ ညှိနှိုင်းမှုလက်ခံ

မောင်းမကန်- မျှော်ရစ်ဘုရားလမ်းချဲ့ရန် မြေပေးရသူများ ညှိနှိုင်းမှုလက်ခံ - Property News in Myanmar from iMyanmarHouse.com
12 Oct 2017 10:07 am တွင် တင်ခဲ့သည်
4929 ကြိမ် ကြည့်ရှု့ပြီး
ထားဝယ်ခရိုင် မောင်းမကန်-မျှော်ရစ် ဘုရားသွားလမ်းအား ၃၄ ပေ အကျယ်ချဲ့ ပြုပြင်လျက်ရှိရာ လမ်း ဧရိယာနှင့် မလွတ်သော အိမ်ပိုင်ရှင်များနှင့် ညှိနှိုင်းပြေလည်မှု ရရှိခဲ့ကြောင်း လောင်းလုံးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူထံမှ သိရသည်။

ယင်းလမ်း၏ အချို့နေရာများတွင် ပေ ၂၀ ကျော်ခန့်သာ ကျယ်ဝန်းပြီး လမ်းချဲ့ရာတွင် အချို့အိမ်များ၏ ခြံစည်းရိုးများ၊ အုတ်တံတိုင်းများနှင့် အိမ်အမိုးစွန်းများ ပါဝင်သဖြင့် သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ လွှတ်တော်ကိုယ်စားလှယ်နှင့် ရပ်မိရပ်ဖတို့ဖြင့် ပူးပေါင်း ညှိနှိုင်းပြေလည်မှု ရယူခဲ့ကြောင်း
မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံများထံမှ သိရသည်။

“အိမ်တွေ ရှိတဲ့နေရာတွေကိုပေါ့ ဘယ်အတိုင်းအတာ ရှိတယ်ဆိုတာကို
တိုင်းပေးခဲ့တာပေါ့၊ တိုင်းခဲ့တဲ့ နေရာတွေက လိုလိုလားလား ကျေကျေလည်လည်ပါပဲ၊ ပြဿနာ တစ်စုံတစ်ရာ မရှိပါဘူး”ဟု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူက ပြောသည်။

ယခုလမ်းမှာ ဘုရားသွားလမ်း ဖြစ်သည့်အပြင် ရပ်ရွာ အကျိုးရှိစေမည့်လမ်း ဖြစ်သည့်အတွက် လမ်းချဲ့ရန် လိုအပ်သည့် မြေနေရာကို ကြည်ဖြူစွာ
ပေးလှူခဲ့ကြောင်း ယင်းလမ်းပေါ်ရှိ ကျောက်ဆင်ရွာမှ အိမ်ရှေ့ အမိုးစွန်း ဖျက်ပေးရမည့် ဦးသန်းထိုက်စိုးက ပြောသည်။

“ဘုရားလမ်းအတွက်လည်းဖြစ်တယ်၊ လမ်းကျယ်လာပြီး သွားလာသူတွေ အားလုံးအတွက် အဆင်ပြေသွားမယ်၊ ဒီလောက်ပေးရတာ ကုသိုလ်တောင်ရသေးတယ်”ဟု ဦးသန်းထိုက်စိုးက ပြောသည်။

မောင်းမကန်-မျှော်ရစ် လမ်းပိုင်း အရှည် ၉ မိုင်ခန့်ကို ပြုပြင်ရာတွင် လမ်းချဲ့ခြင်း၊ လမ်းပေါ်ရှိ တံတားများကို ပေ ၃၀ အထိချဲ့ခြင်း၊ ဒီရေတား နံရံများ တည်ဆောက်ခြင်း၊ ရေမြောင်းတူးခြင်း၊ လမ်းခင်းခြင်း စသည့်လုပ်ငန်းများ ပါဝင်မည်ဖြစ်ပြီး လက်ရှိတွင် လုပ်ငန်းများ စတင်နေပြီဖြစ်သည်။

မျှော်ရစ်ဘုရားသည် ထားဝယ်ဒေသ၏ အထင်ကရ ဘုရားတစ်ဆူဖြစ်ပြီး ယခင်က လမ်းကျဉ်းသည့်အတွက် ခရီးသွား ရာသီများတွင် နှစ်စဉ် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်လေ့ရှိသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

imyanmarmarket
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service