အစိုးရနှင့် ဗဟိုဘဏ်က ခွင့်ပြုထားသည့် ငွေကြေးဝန် ဆောင်မှု လုပ်ငန်းများမှအပ အ ခြားလုပ်ငန်းများတွင် ငွေကြေး လုပ်ငန်းများလုပ်ခြင်းနှင့် ရင်းနှီး မြှုပ်နှံခြင်း မပြုရန် စီမံဘဏ္ဍာ ဝန်ကြီးဌာနနှင့် ဗဟိုဘဏ်က အောက်တိုဘာ ၁၁ ရက်တွင် ပန် ကြားလွှာ ထုတ်ပြန်ခဲ့သည်။
အစိုးရနှင့် ဗဟိုဘဏ်က ခွင့် ပြုထားသည့် ငွေကြေးဝန်ဆောင် မှု လုပ်ငန်းများတွင် ဘဏ်လုပ် ငန်း၊ ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီ၊ အသေးစားငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်း၊ ငွေချေး သက်သေခံလက်မှတ် လဲလှယ်
ရောင်းဝယ်ရေး ကုမ္ပဏီများ၊ အာ မခံကုမ္ပဏီများ ပါဝင်သည်။ လက်ရှိတွင် အဆိုပါလုပ်ငန်းငါးမျိုးနှင့် ပတ်သက်၍ ပြည်တွင်း၌ တရား ဝင်ခွင့်ပြုထားသည့် လုပ်ငန်း ၂၂၉ ခုရှိကြောင်း၊ ထိုလုပ်ငန်းများမှအ ပ အခြားလုပ်ငန်းများတွင်
ရင်းနှီး မြှုပ်နှံခြင်း မပြုရန်လိုကြောင်း အ သိပေးထားသည်။
ပြည်သူများသည် ခွင့်ပြုချက် မရထားသည့် ငွေကြေးဝန်ဆောင် မှု ကုမ္ပဏီများ၊ ခွင့်ပြုချက်မရထား သည့် အစုရှယ်ယာရောင်းချနေ သော ကုမ္ပဏီများ၊ အတိုးနှုန်းမြင့် မားစွာပေး၍ အစုရှယ်ယာ အမြတ်ပေးနေသူများနှင့် ဆင့်ပွားပုံစံ Multi-Level Marketing တို့ကို အထူးဂရုပြု ရှောင်ရှားရန် အဆိုပါ ပန်ကြားလွှာ
တွင် ဖော်ပြထား သည်။
‘‘တရားဝင်ဟုတ်၊ မဟုတ် ပြည်သူတွေ သတိထားမိအောင် ထုတ်ပြန်တာပေါ့။ ဖေ့စ်ဘွတ်ခ် တွေမှာ ကြေညာနေကြတော့ လူ တွေက တရားဝင်တယ် ထင်နေ ကြတယ်။ ဒါကို သတိပေးတဲ့အနေ နဲ့ အခုလိုထုတ်ပြန်ပေးတာပါ’’ ဟု ဗဟိုဘဏ် ဘဏ်လုပ်ငန်းကြီး ကြပ်ရေးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါ်သန်းသန်းဆွေက ပြော သည်။လိုင်စင်မရှိဘဲ လုပ်ကိုင်နေ သည့် လုပ်ငန်းများကို ခေါ်ယူသ တိပေးနေပြီး လက်ရှိအချိန်ထိ အ ရေးယူမှုကို ဗဟိုဘဏ်က လုပ်ဆောင်နိုင်ခြင်း မရှိသေးဟု ၎င်းကပြောသည်။
ငွေကြေးဝန်ဆောင်မှုလုပ် ငန်းလုပ်ကိုင်ခွင့်မရှိဘဲ လုပ်ကိုင် နေသူများ အစုရှယ်ယာရောင်းချ ခွင့်မရှိဘဲ ရောင်းချနေခြင်းကြောင့်မသိနားမလည်သူ ပြည်သူများ သည် မှားယွင်းစွာ ရင်းနှီးမြှုပ်နှံမိ ရာမှ ငွေကြေးနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ပန်ကြားလွှာ တွင် ဖော်ပြထားသည်။ အလားတူ ဖြစ်ရပ်များ ၂၀၀၂ နှင့် ၂၀၀၃ တွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့ဖူးကြောင်း အဆိုပါပန်ကြားလွှာ၌ ဖော်ပြ ထားသည်။
ချေးငွေသက်သေခံလက် မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မ ရှင်အဖွဲ့ဝင် ဦးဌေးချွန်က တရား မဝင်လုပ်ငန်းများနှင့် ပတ်သက်၍ ‘‘လူထုကို သတိပေးချင်ပါတယ်။ ရင်းနှီးမယ့်လုပ်ငန်းက တရားဝင် ဟုတ်၊ မဟုတ် အရင်လေ့လာပါ။ ဒါပေမဲ့လည်း သတိပေးရင်းက ပါ ပါသွားတယ်။ လူတွေရဲ့လောဘနဲ့မသိနားမလည်မှုကို အသုံးချသွား ကြတာ’’ ဟု ပြောသည်။
အစိုးရနှင့် ဗဟိုဘဏ်ကခွင့် ပြုထားသည့် အထက်ပါလုပ်ငန်း ငါးမျိုးအနက် ဘဏ်လုပ်ငန်းနှင့် ငွေ ကြေးဝန်ဆောင်မှု ကုမ္ပဏီများ ကို ဗဟိုဘဏ်က ခွင့်ပြုခြင်းဖြစ် သည်။ လက်ရှိတွင် ဗဟိုဘဏ်က ခွင့်ပြုထားသည့် အစိုးရဘဏ် လေးခုနှင့် ပုဂ္ဂလိကဘဏ် ၂၄ ခု ရှိပြီး စုစုပေါင်း ၂၈ ခု၊ ငွေကြေး ဝန်ဆောင်မှုကုမ္ပဏီ ၁၅ ခုနှင့် အသေးစားငွေရေးကြေးရေး ဝန် ဆောင်မှု လုပ်ငန်း ၁၆၈ခုရှိသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာနက ခွင့်ပြုထားသည့် ငွေ ချေးသက်သေခံ လက်မှတ်လဲ လှယ်ရေး ကုမ္ပဏီ ခြောက်ခုနှင့် အာမခံလုပ်ငန်းတွင် နိုင်ငံတော် ပိုင် တစ်ခုနှင့် ပုဂ္ဂလိကလုပ်ငန်း ၁၁ ခု စုစုပေါင်း ၁၂ ခုရှိကြောင်း အဆိုပါပန်ကြားလွှာတွင် ဖော်ပြ ထားသည်။
Credit: 7Daydaily