စက်မှုဇုန်မြေကွက်အလွတ်များ ဈေးနှုန်းမြင့်တက်မှုကြောင့် ရင်းနှီးမြှုပ်နှံလိုသူများအခက်အခဲဖြစ်

စက်မှုဇုန်မြေကွက်အလွတ်များ ဈေးနှုန်းမြင့်တက်မှုကြောင့် ရင်းနှီးမြှုပ်နှံလိုသူများအခက်အခဲဖြစ် - Property News in Myanmar from iMyanmarHouse.com
11 Oct 2017 11:15 am တွင် တင်ခဲ့သည်
2639 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် လုပ်ငန်းလုပ်ကိုင်မှုမရှိဘဲလစ်လပ်နေသောစက်မှုဇုန်မြေကွက်များစွာ ရှိနေပြီး ယင်းမြေကွက်များမှာ ဈေးနှုန်းမြင့်တက်နေသဖြင့်အမှန်တကယ်ရင်းနှီးမြှုပ်နှံလိုသူများအတွက် မြေနေရာအခက်အခဲ
များရှိနေကြောင်း ရွှေလင်ပန်းစက်မှုဇုန်ဥက္ကဋ္ဌထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များတွင် လုပ်ငန်းလည်ပတ်
လုပ်ကိုင်ခြင်းမရှိသော မြေကွက်များစွာ ရှိနေသေးပြီး ယင်းမြေကွက်များကို
စနစ်တကျစီမံခန့်ခွဲလုပ်ဆောင်ရန်လိုအပ်နေကြောင်း၊

အမှန်တကယ်ရင်းနှီး မြှုပ်နှံမည့်သူများအားမြေနေရာများချထားပေးသည်
ဆိုသော်လည်း လုပ်ငန်းရှင်များလက်ထဲသို့ တိုက်ရိုက်ရောက်ရှိမှုနည်းပါးကြောင်း၊အမှန်တကယ်လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့်လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသော စက်မှုဇုန်မြေကွက်ပိုင်ဆိုင်သူများထံမှ ဈေးကြီးပေးကာ ပြန်လည်
ဝယ်ယူလုပ်ကိုင်နေကြရပြီး ထိုအခြေအနေများကို ဥပဒေအရဖြေရှင်း၍ရနိုင်သော်လည်းဆောင်ရွက်မှုအားနည်းနေသေးကြောင်း၊စက်မှုဇုန်များတွင် မြေကွက်ဝယ်ယူထားပြီး လုပ်ငန်းလုပ်ကိုင်မှုမရှိပါကပြန်လည် သိမ်းဆည်းနိုင်သော တရားဝင်ဥပဒေလည်း ရှိနေသည့်အတွက် ဆောင်ရွက်ရန်လိုကြောင်း
သိရသည်။

ယင်းစက်မှုဇုန်များတွင် မြေကွက်များဝယ်ယူ၍ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခြင်း မရှိဘဲ မြေဈေးကစားကာ ပြန်လည်ရောင်းချနေမှုများလည်း ရှိနေကြောင်း၊လုပ်ငန်းလည်ပတ်ခြင်း မရှိသောမြေကွက်ပိုင်ရှင်မှာ

မည်သူမည်ဝါဖြစ်သည်ကို တိကျစွာသိရှိရန်စုံစမ်းဖော်ထုတ်မှုများပြုလုပ်၍ အမှန်တကယ်ရင်းနှီးမြှုပ်နှံလိုသူများအတွက် ဆောင်ရွက်ပေးသင့်ကြောင်း၊ရန်ကုန်တိုင်းဒေသကြီး

အတွင်းသာမက တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိစက်မှုဇုန်များတွင်လည်း ထိုအခြေအနေမျိုးရှိနေနိုင်ပြီး စနစ်တကျဖော်ထုတ်၍ စီမံခန့်ခွဲသင့်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းစက်မှုဇုန်ပေါင်း ၂၉ခုအထိရှိနေကြောင်းစက်မှုဇုန်များအား တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်အကောင်အထည်ဖော်ရာတွင် နိုင်ငံတော် အစိုးရမှ မြေနေရာအတည်ပြုပြီး လုပ်ငန်းရှင်များဖိတ်ခေါ်သွားမည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ
ထုတ်ပြန်ထားကြောင်း သိရသည်။

Credit: Myawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

CarsDB Showroom Opening
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service