တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ပန်းမန်အဆင့်မြင့်လက်ကားဈေးကြီးရှိဆိုင်ခန်းကိုနိုဝင်ဘာ အတွင်း ဖွင့်လှစ်ဖို့ ဆောင်ရွက်နေပြီး ဆိုင်ခန်းများ စတင်ငှားရမ်းပေးနေပြီဖြစ်တယ်လို့ အဆိုပါလက်ကား ဈေးကြီး ကို အကောင်အထည်ဖော်တည်ဆောင်နေတဲ့ မြန်မာအက်ဂရိုအိတ်(စ်)ချိန်းအများပိုင်ကုမ္ပဏီမှ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ အင်စိန်မြို့နယ်၊ရွှေပြည်သာတံတားနဲ့ ပုလဲလမ်းထောင့်ရှိ တညင်းကုန်း သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ပန်းမန်အဆင့်မြင့်လက်ကားဈေးကြီးကိုရန်ကုန်မြို့တော်စည်ပင်နဲ့ မြန်မာအက်ဂရို အိတ်(စ်)ချိန်းအများပိုင်ကုမ္ပဏီ တို့ အကျိုးတူပူးပေါင်းတည်ဆောင်နေခြင်း ဖြစ်ပါတယ်။
အဆိုပါဈေးကြီးရှိ သစ်သီးလက်ကားဈေးရုံ၊ ဟင်းသီးဟင်းရွက်၊ စားဖိုဆောင်သုံးပစ္စည်းလက်ကားဈေးရုံးနဲ့ တောင်သူလက်လီရောင်းဈေးရုံကြီးသုံးခုမှာ တည်ဆောင်ပြီးစီးပြီးဖြစ်ရာ မကြာမီဈေးစတင်ဖွင့်လှစ်နိုင်တော့မှာ ဖြစ်ပါတယ်။
အဆိုပါဈေးကြီးမှာ လက်ကားရောင်းချလိုသူတွေကိုတည်ဆောက်ပြီးစီးပြီ ဖြစ်တဲ့ ဈေးရုံသုံးခုရှိဆိုင်ခန်းပေါင်း ၅၆၀၀ ကျော် ပါဝင်ပြီး ဆိုင်ခန်းများကို ငှားရမ်းသွားမှာ ဖြစ်ပါတယ်။
အောက်တိုဘာလအတွင်း ဆိုင်ခန်းငှားရမ်းခွင့်လျှောက်ထားသူတွေကိုဈေးစတင်ဖွင့်လှစ်တဲ့နေ့မှ ၈ လအထိ ဆိုင်ခန်းငှားရမ်းခကို တစ်ဝက်နှုန်း၊အောက်တိုဘာလနောက်ပိုင်းမှဆိုင်ခန်းငှားရမ်းခွင့်လျှောက်ထားသူတွေကို ၆ လအထိဆိုင်ခန်းငှားရမ်းခ တစ်ဝက်နှုန်းနဲ့ ငှားရမ်းပေးသွားမယ်လို့ သိရပါတယ်။
Credit: SFJ Strategy First