ရန်ကုန်-ဒလ မြစ်ကူးတံတားကို ၂၀၁၈တွင် စဆောက်မည်၊ လိုအပ်သည့် မြေနေရာများ ဖျက်သိမ်းနေ

ရန်ကုန်-ဒလ မြစ်ကူးတံတားကို ၂၀၁၈တွင် စဆောက်မည်၊ လိုအပ်သည့် မြေနေရာများ ဖျက်သိမ်းနေ - Property News in Myanmar from iMyanmarHouse.com
11 Oct 2017 10:12 am တွင် တင်ခဲ့သည်
4094 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်-ဒလ မြစ်ကူးတံတားကို ၂၀၁၈ခုနှစ် ဇန်နဝါရီလတွင် စတင်တည်ဆောက်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် တံတားအတွက် လိုအပ်သည့် မြေနေရာများဖယ်ရှားခြင်း လုပ်ငန်းအား ဆောင်ရွက်နေကြောင်း ဒလမြို့နယ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်ကပြောသည်။

အဆိုပါတံတားကို ရန်ကုန်ဘက်ခြမ်းရှိ ဘုန်းကြီးလမ်းမှ ဒလဘက်ခြမ်းရှိ ဗိုလ်မင်းရောင်လမ်းအထိ ဆက်သွယ်တည်ဆောက်မည်ဖြစ်ပြီး တံတားအတွက်
လမ်း၏ တစ်ဖက်စီတွင် မြေဧရိယာကို ပေ(၅၀)စီအသုံးပြုသွားမည်ဖြစ်သည်။

"ဖျက်သိမ်းတာကနိုဝင်ဘာလနောက်ဆုံးဖျက်သိမ်းပေးရမယ်။ ဖျက်ပြီးပါပြီ ။ အဓိကကအိမ်တွေဖျက်စရာမလိုပါဘူး ။ ခြံစည်းရိုးတွေပဲပါတာများတယ်လေ" ဟု ဒလမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်ကပြောသည်။

တံတားမြေနေရာအတွက် ဖယ်ရှားရှင်းလင်းရာတွင် အိမ်ထောင်စုပေါင်း (၆၈)ခုပါရှိမည်ဖြစ်ပြီး လျော်ကြေးငွေများအားလုံးကို ညှိနိုင်းပေးဆောင်ထားပြီး ဖြစ်သည်။

ဖယ်ရှားပေးရမည့်နေရာများအတွက်လည်း မြန်မာကျပ်ငွေ (၃)ဘီလျံခန့် လျော်ကြေးပေးဆောင်ထားပြီးဖြစ်သည်။

ထိုတံတားအတွက် စစ်တမ်းကောက်ယူမှု၊ မြေသားစမ်းသက်မှု၊ မြစ်ကြောင်းစမ်းသပ်မှု၊ သုတေသနပြုမှုများပြုလုပ်ခဲ့ပြီး အမေရိကန်ဒေါ်လာသန်း(၂၀)ခန့် ကုန်ကျထားသည်ဟုလည်း ဦးထွန်းရင်က ပြောသည်။

တံတားတည်ဆောက်ရေးအတွက် အမေရိကန်ဒေါ်လာ(၁၃၇.၈၃၃)သန်းအား ကိုရီးယားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးရေးဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေအဖွဲ့မှ ချေးငွေအဖြင့် ထည့်ဝင်ထားပြီး မြန်မာအစိုးရဘက်မှ အမေရိကန်ဒေါ်လာ(၃၀.၃၄၁)သန်းကို ထည့်ဝင်ထားသည်။

"ဒါကချေးငွေနဲ့လုပ်တာပါ ။တည့်တည့်ပြောမယ်ဆိုရင် နှစ်နိုင်ငံချစ်ကြည်ရေးဆိုပေမယ့်လည်း ကိုရီးယားကအလကားဆောက်ပေးတာတော့မဟုတ်ဘူး။ နှစ်(၄၀)ဆပ်ရမယ် ။ အတိုး(၀.၀၁)ရာခိုင်နူန်းပေါ့နော်"ဟု
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်ကဆိုသည်။

တံတားအတွက် ကိုရီးယား မြန်မာ နှစ်နိုင်ငံမှအင်ဂျင်နီယာများပူးပေါင်းကာ သုတေသနပြုလုပ်မှုများ၊ ဒီဇိုင်းဆွဲမှုများကိုဆောင်ရွက်ခဲ့သည်။

သို့သော်တံတားတည်ဆောက်ရေးအတွက် ယခုလအောက်တိုဘာလမှစတင်ကာ ကုမ္ပဏီများကို တင်ဒါခေါ်ယူကာ ပြည်ထောင်စုအစိုးရအဖွဲ့မှ ရွေးချယ်တည်ဆောက်စေမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လယ်ယာမြေအား အခြားရည်ရွယ်ချက်ဖြင့်သုံးစွဲခွင့်ကိုပိတ်ပင်ထားသည့်အတွက် ရန်ကုန် ဒလ တံတားတည်ဆောက်မည်ဆိုသောကိစ္စကြောင့် ဒလမြို့နယ်အတွင်းရှိ အိမ်ဈေး၊ မြေဈေးများမှာလည်း တက်ခြင်း၊ ကျခြင်း မရှိဘဲ ပုံမှန်အတိုင်းသာရှိနေသည်ဟု ဦးထွန်းရင်ကဆိုသည်။

တံတားတည်ဆောက်မှုကြောင့် ဒလမြို့နယ်ရှိပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေးအပြင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးတို့အတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်ကမျှော်လင့်ထားသည်။

ရန်ကုန်-ဒလ မြစ်ကူးတံတားအား မြစ်ကြောင်းထိခိုက်မှုနှင့် သောင်ထွန်းမှုမဖြစ်ပေါ်စေရန် အောက်ခြေတိုင်(၂)တိုင်ထားရှိမည်ဖြစ်ပြီး အမြင့်(၄၉)မီတာ ပေ(၁၆၀)ရှိသော ကြိုးဆိုင်းတံတားပုံစံတည်ဆောက်သွားမည်ဖြစ်သည်။

ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ပြီးစီးသွားပါက ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအား ဆက်သွယ်နိုင်သည့် ဒုတိယမြောက်ဝင်ပေါက်ဖြစ်လာမည်ဖြစ်သည်။

Credit: Mizzima

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

CarsDB Showroom Opening
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service