သီတင်းကျွတ်ကာလ ရုံးပိတ်ရက်အတွင်း ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေသို့ ပြည်တွင်း ခရီးသွား ဧည့်သည် သိန်းနှင့်ချီ ဝင်ရောက်ခဲ့ကြောင်း ပုဂံ ဧည့်လမ်းညွှန်များအသင်းနှင့် ပုဂံဒေသခံများထံမှ သိရသည်။
“အန်ကယ်တို့တစ်သက်မှာ ဒီလိုမျိုးစည်ကားတာ ဒီတစ်ခါပဲ ကြုံဖူးတယ်။ မော်တော်ကားတွေကျပ်ပြီး ဘယ်လိုမှသွားမရတဲ့ အခြေအနေထိ ဖြစ်ခဲ့တယ်။ ရွှေဆံတော်ဘုရားဆိုရင် ကားတွေက မိန်းလမ်းကနေ ဝင်မရတော့တဲ့အထိ ဖြစ်တယ်။ လူတွေကလည်း တန်းစီပြီးတော့ ဘုရားပေါ်တက်ဖို့ စောင့်နေရတယ်”ဟု အသက် ၆၀ နှစ်ရှိ ပုဂံဧည့်လမ်းညွှန်များ အသင်းနာယက ဦးဇော်ဝင်းချိုက ပြောကြားသည်။
လာရောက် လည်ပတ်သည့် ခရီးသွားဧည့်သည် များပြားလွန်းသောကြောင့် တည်ခိုခန်း မလုံလောက်မှုနှင့် ကြုံတွေခဲ့ရကြောင်း ပုဂံရှေးဟောင်း နယ်မြေအတွင်းရှိ ဟိုတယ်လုပ်ငန်းရှင် အချို့ထံမှလည်း သိရသည်။
ယခုနှစ် သီတင်းကျွတ်ရုံးပိတ်ရက်သည် အောက်တိုဘာ ၄ ရက်နေ့မှ ၈ ရက်နေ့ထိရှိခဲ့ရာ လပြည့်နေ့ကတော့ အပြည့်အလျှံပဲ။ ဒီမှာတင်ပြည့်တာ မဟုတ်ဘူး။ ဒီမှာပြည့်လို့ ပခုက္ကူတို့၊ ကျောက်ပန်းတောင်းတို့ဘက်ကို လွှတ်ရတယ်။ ညောင်ဦးမှာ နေစရာ လုံးဝ မရှိတော့ဘူး။ ပြီးခဲ့တဲ့နှစ်တွေတုန်းက ဒီဇင်ဘာ ကျောင်းပိတ်ရက်လောက်ပဲ စည်တာ”ဟု ညောင်ဦးမြို့မှ ပန်းချယ်ရီ မိုတယ်ပိုင်ရှင် ဦးဇာနည်လွင်က ပြောကြားသည်။
ဘုရားဖူးလာရောက်မှု များပြားသဖြင့် ဘုန်းကြီးကျောင်းများတွင်လည်း တည်းခိုစရာနေရာ အခက်အခဲ ဖြစ်ခဲ့ရသည့်အပြင် စားသောက်ဆိုင်များ အနေနှင့်လည်း ရောင်းချစရာ ပြတ်လပ်သည့် အထိဖြစ်ခဲ့ရသည်ဟု ၎င်းကဆိုသည်။
Credit: The Voice