မင်းတပ်မြို့တွင်းလမ်းတိုးချဲ့မည်ဖြစ်သဖြင့် လမ်းနယ်နိမိတ်နှင့် မလွတ်သည့် ဧရိယာအတွင်းရှိ နေအိမ်အချို့ကို ဖယ်ရှားမည်

မင်းတပ်မြို့တွင်းလမ်းတိုးချဲ့မည်ဖြစ်သဖြင့် လမ်းနယ်နိမိတ်နှင့် မလွတ်သည့် ဧရိယာအတွင်းရှိ နေအိမ်အချို့ကို ဖယ်ရှားမည် - Property News in Myanmar from iMyanmarHouse.com
10 Oct 2017 10:23 am တွင် တင်ခဲ့သည်
3734 ကြိမ် ကြည့်ရှု့ပြီး
ချင်းပြည်နယ်၊ မင်းတပ်မြို့တွင်း လမ်းချဲ့ရာတွင် လမ်းနယ်နိမိတ်နှင့် မလွတ်သည့် ဧရိယာအတွင်းရှိ နေအိမ်များကို ဖယ်ရှား ရှင်းလင်းရမည် ဖြစ်သည့်အတွက် ယင်းနေအိမ်များကို အစားထိုး နေရာပြန်ပေးပြီးမှသာ လမ်းချဲ့ခြင်းလုပ်ငန်း
စတင်မည်ဖြစ်ကြောင်း လမ်းချဲ့ရန်ဦးဆောင် ဆွေးနွေးနေသူ ချင်းပြည်နယ်
လွှတ်တော် ဒုဥက္ကဋ္ဌ ဦးအောင်သန်းက ပြောကြားသည်။

ကျောက်ထု- မင်းတပ်- မတူပီ လမ်းပေါ်ရှိ မင်းတပ်မြို့တွင်းလမ်း အရှည်သုံးမိုင်ကို လမ်းတစ်ဖက်လျှင် ၂၅ ပေစီဖြင့် စုစုပေါင်း ပေ ၅၀ တိုးချဲ့ရန်အတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၁၃၀ဝ ကျော်ဖြင့် ဆောင်ရွက်ရန် ဘတ်ဂျက် ရရှိထားပြီးဖြစ်ကြောင်း အစိုးရအဖွဲ့ထံမှ သိရသည်။

ယင်းလမ်းချဲ့မည်ဆိုပါက လမ်းဘေး ဝဲယာနှစ်ဖက်တွင် လမ်းနယ်နိမိတ်အတွင်း ကျရောက်နေသည့် အဆောက်အအုံများစွာရှိနေပြီး နေအိမ် အလုံးလိုက်နှင့် အချို့ နေအိမ်သည် အရှေ့ခြမ်း၊ အချို့သည် နေအိမ်အနောက်ခြမ်းစသဖြင့် ပါဝင်နေသဖြင့် အိမ်အလုံးလိုက် ပါဝင်နေသူများအတွက် အခြားနေရာတွင် ပြန်လည် နေထိုင်နိုင်မည့်နေရာ အစားထိုးမှုကို စီစဉ်ပြီးမှသာလျှင် လမ်းချဲ့နိုင်မည်ဖြစ်ကြောင်း ဦးအောင်သန်းက ပြောဆိုသည်။

အဆိုပါ လမ်းတိုးချဲ့ခြင်းကြောင့် ပျက်စီးမှုနှင့် ဖယ်ရှားရမည့် နေအိမ် အရေအတွက်စာရင်းကို ကောက်ယူကာ ပြည်နယ်အစိုးရထံသို့ တင်ပြမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ပြည်နယ်အစိုးရဆီက ကျလာပြီဆိုတာနဲ့ အလုံးလိုက် ပျက်စီးသူတွေကတော့ ဘယ်လို အိမ်နေရာ အစားထိုးပေးမယ့် အစီအစဉ်ကို အားလုံးနဲ့ညှိနှိုင်းပြီးမှ ချဲ့ရမှာဆိုတော့ အမြန်ဆုံးတော့ လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်”ဟု ဦးအောင်သန်းက ဆိုသည်။

မင်းတပ်မြို့တွင်း၌ လမ်းဘေးဝဲယာ နှစ်ဖက်တွင် လမ်းနှင့်နီးအောင် လူနေအဆောက် အအုံများ တည်ဆောက်ရန် ခေတ်အဆက် ဆက် ခွင့်ပြုခဲ့ခြင်းကြောင့် အဆောက် အအုံများ များလာခြင်းဖြစ်ပြီး မြို့တွင်း လမ်းချဲ့မည့် ကမ်းပါးဘက်သည် အစိုးရ ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ အဆောက် အအုံအများအပြားရှိနေကြောင်း၊ လမ်းချဲ့မည်ဆိုပါက တစ်သမတ်တည်း မလုပ်ဘဲ အများ သဘောတူညှိနှိုင်းပြီးမှ ဆောင်ရွက်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း မင်းတပ်မြို့ခံ ဆလိုင်းရှယ်အောင်က သုံးသပ် ပြောကြားသည်။

“တော်တော်များများက အိမ်လုံး လုံးပျောက်မယ့်သူတွေ အိမ်ပါတဲ့သူတွေ များနေတယ်။ သူတို့တိုင်းသလိုဆိုရင်တော့ မြို့ပျက်သလို နီးပါးကိုဖြစ်မှာ၊ လွတ်တဲ့သူက ရှားတယ်”ဟု မင်းတပ်မြို့နေ ဦးဟားကလေးက ဆိုသည်။

ယင်းကြောင့် လမ်းတိုးချဲ့မည့် အစီအစဉ်ကို ဒေသခံများနှင့် ညှိနှိုင်းဆွေးနွေးကာ နစ်နာကြေးပေးလျော်ခြင်း (သို့မဟုတ်) လူနေအိမ်များကို အတတ်နိုင်ဆုံး ရှောင်ရှား၍ ကမ်းပါးနေရာများကိုသာ လမ်းချဲ့စေလိုကြောင်း ဒေသခံများက ပြောကြားသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service