ရန်ကုန်တွင် အခြေခံအဆောက်အအုံလိုအပ်သလောက် တိုးတက်လာခြင်းမရှိသေးကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက
Oxford Business Group(OBG)ကိုယ်စား လှယ်များနှင့် တွေ့ဆုံစဉ်
ပြောကြား သည်။
ဝန်ကြီးချုပ်၏အသေးစိတ် အမေးအဖြေကဏ္ဍပါဝင်မည့် မြန်မာနိုင်ငံစီးပွားရေးအခြေအနေသု တေသနစာတမ်းအတွက် OBG ၏ကိုယ်စားလှယ်များနှင့်
ဝန်ကြီး ချုပ်တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြော ကြားခဲ့ကြောင်း အောက်တိုဘာ
၉ ရက်တွင် ထုတ်ပြန်သော OBG ၏ ကြေညာချက်၌ ဖော်ပြထားသည်။
‘‘ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအ တွင်းမှာ ရန်ကုန်မြို့ဟာ တိုးတက်
ကျယ်ပြန့်လာပေမယ့် အခြေခံအ ဆောက်အအုံတွေကတော့ လို အပ်သလောက် တိုးတက်လာခြင်း မရှိခဲ့ပါဘူး။ ဒီအတွက်ကြောင့် အခုအချိန်မှာ ရန်ကုန်မြို့ရဲ့စီမံခန့် ခွဲမှုနဲ့ အများပြည်သူဝန်ဆောင်မှု လုပ်ငန်းတွေအပေါ် ဖိအားတွေ ကျရောက်နေတာဖြစ်ပါတယ်’’ဟု ဦးဖြိုးမင်းသိန်းက ဝန်ခံပြောကြား ခဲ့ကြောင်း
ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယာဉ်လမ်းကြော ပိတ်ဆို့မှု သည် ရန်ကုန်မြို့၏အဓိကပြဿနာတစ်
ရပ်ဖြစ်နေပြီး ကောင်းမွန် ခြင်းမရှိသည့်လမ်းများနှင့်ပြီးပြည့် စုံသည့် အများပြည်သူသယ်ယူပို့ ဆောင်ရေးစနစ်မရှိခြင်းတို့က လည်း အခြေအနေပိုမိုဆိုးရွားစေ သည်ဟု ထုတ်ပြန်ချက်တွင် ပါဝင် သည်။
‘‘ရန်ကုန်မြို့ရဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးဝန် ဆောင်မှုတွေကို အဆင့်မြှင့်တင် ရာမှာ နောက်ထပ် ခြေလှမ်းသစ် တွေကတော့ မြို့ပတ်ရထားစနစ် ကို အဆင့်မြှင့်တင်ခြင်းနဲ့ ရေ ကြောင်း သယ်ယူပို့ဆောင်ရေး ကွန်ရက်စနစ်တို့ကို ဖော်ဆောင် ခြင်းဖြစ်ပါလိမ့်မယ်’’ဟု ဦးဖြိုးမင်း သိန်းက OBG ကိုယ်စားလှယ်များ ကို ပြောကြားခဲ့သည်။
ယင်းအပြင် မြန်မာနိုင်ငံသို့ တင်သွင်းလာသည့် ကုန်ပစ္စည်း များ၏ ၉၀ ရာခိုင်နှုန်းခန့်သည် ရန်ကုန်ဆိပ်ကမ်းမှ ဝင်ရောက်လာခြင်းဖြစ်၍ ရေကြောင်းကုန်သွယ်မှုသည် အရေးပါသည့် အခန်းကဏ္ဍဖြစ်လာမည်ဟု ၎င်းက ဆိုသည်။
‘‘တစ်ပြိုင်နက်တည်းမှာပဲ ပြည်တွင်းစက်မှုလက်မှုလုပ်ငန်းနဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍ တိုးတက် လာဖို့အတွက် လိုအပ်တဲ့အခြေ အနေတွေကို ဖော်ဆောင်နိုင်ဖို့ ကုန်းတွင်း ဆိပ်ကမ်းနဲ့ ကုန်သို လှောင်နိုင်တဲ့ ပမာဏတွေကို တိုးချဲ့ဖို့လိုအပ်ပါတယ်’’ဟု ဦးဖြိုးမင်းသိန်းက OBG ကိုယ်စားလှယ်များ ကို ပြောသည်။
Oxford Business Group သည် အရှေ့အလယ်ပိုင်း၊ အာဖ ရိက၊ အာရှနှင့် အမေရိကတိုက် ရှိ နိုင်ငံပေါင်း ၃၀ ကျော်တွင် နိုင်ငံတကာ
သုတေသနနှင့် အတိုင်ပင်ခံလုပ်ငန်းလုပ်ကိုင်နေ သည်။
Credit: 7Daydaily