မန္တလေးအိမ်ခြံမြေရောင်းဝယ်ရေးဈေးကွက်မှာတော့ ခေါ်ဈေးထက် ၃၀
ရာခိုင်နှုန်းခန့် လျှော့ပြီး ရောင်းနေကြရတယ်လို့ မန္တလေးမြို့က အိမ်ခြံခြံမြေ
ပွဲစားအချို့ဆီက သိရပါတယ်။
‘ မြေက တကယ်လိုတဲ့သူမှပဲ ဝယ်တဲ့ အချိန် ဖြစ်နေတော့ ရောင်းချင်တဲ့သူက လျှော့ရောင်းတာပေါ့ ၊ ငွေကြေးကျပ်တည်းကြတာလဲ ပါပါတယ် ‘ လို့ မြတ်ပုညခေတ် အိမ်ခြံမြေ အကျိုးဆောင်က ကိုစန်းမင်းသူက ပြောပါတယ်။
အခုအခါမှာတော့ အိမ်ခြံမြေဈေးကွက်ဟာ ဝယ်ရောင်းလုပ်တဲ့ သူတွေ ဈေးကစားဖို့ ဝယ်ယူကြတာမဟုတ်ဘဲ အမှန်တကယ်နေထိုင်အသုံးပြုမယ့်
သူတွေလောက်သာ ဝယ်ယူကြတဲ့ အနေအထားတစ်ခုဖြစ်ပါတယ်။
‘ သိန်းတစ်သောင်းခွဲလောက်ခေါ်ထားတဲ့မြေကွက်ဆိုရင် သိန်း ၅၀၀၀ ၊ ၃၀၀၀ လောက်ကို လျှော့ပြီး ရောင်းနေကြရတာ ‘ လို့ ကိုစန်းမင်းသူက ပြောပါတယ်။
မြေဈေးနှုန်းတွေက အကျဘက်မှာရှိနေပြီး မြို့သစ်ဘက်သိပ္ပံလမ်းအနီးမှာ ပေ ၄၀ x ပေ ၆၀ အကွက်တစ်ကွက်ဆိုရင် ယခင်ကကျပ်သိန်း ၃၀၀၀ တန်မယ်ဆိုရင် အခုအခါမျာတော့ ကျပ်သိန်း ၂၂၀၀ ခန့်သာ ရှိပါတယ်။
Credit: The Modern