ဒလတံတား စီမံကိန်းနှင့်မလွတ်ကင်းသော အဆောက် အအုံများကို စတင်ဖျက်သိမ်းပြီဖြစ်ကြောင်း ဒလမြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး ကပြောသည်။
အဆိုပါအဆောက်အအုံ ဟောင်းများ မှာ ဌာနဆိုင်ရာမှ အစားထိုးပြန်လည်
တည် ဆောက်ပေးပြီးဖြစ်သည့် ဘုန်းကြီးကျောင်း များ၊ စာသင်ကျောင်းများနှင့် ဓမ္မာရုံများဖြစ် ပြီး ယင်းအဆောက်အအုံများဖျက်ရန် ဩဂုတ် ၃၁ ရက်က
ဒလမြို့နယ်အုပ်ချုပ် ရေးမှူးရုံး၌လေလံပေးခဲ့ခြင်းဖြစ်သည်။
""လေလံပေးပြီးသား အဆောက်အအုံ တွေက ဖျက်နေပါပြီ။ စာသင်ကျောင်းတွေက ဖျက်လို့ပြီးသွားပြီ။ ဘာသာရေးအဆောက် အအုံတွေကတော့
တချို့ဟာတွေ မဖျက်ရ သေးပါဘူး။ လုပ်လက်စပဲရှိပါတယ်။ ဖျက် ဖို့အတွက် ဆောင်ရွက်နေတယ်""ဟု ဦးယဉ် ထွေးက အောက်တိုဘာ ၆ ရက်တွင် ဒီမို ကရေစီတူဒေးသို့ပြောသည်။
ဘာသာရေးအဆောက်အအုံများ ခြင်းနှင့်သစ်သားအဆောက်အအုံနည်း ခြင်းတို့ကြောင့် လေလံဆွဲသူနည်းပါးပြီးဒေသခံများပါဝင်သည့် လေလံအဖွဲ့က ကျပ်သိန်း ၅၀ နှင့် လေလံအောင်ခဲ့ခြင်းဖြစ် ကြောင်း၎င်းကပြောသည်။
လေလံပေးသည့် အဆောက်အအုံ များမှာ သက်ဆိုင်ရာဌာနများမှ သီးခြား အစားထိုးပြန်လည်တည်ဆောက်ပေးထား သည့် အဆောက်အအုံများဖြစ်ပြီး
လျော် ကြေးပေးထားသည့် အဆောက်အအုံများ ထဲမှ မဖျက်ရသေးသည်များကိုလည်း သီ တင်းကျွတ်ပြီးကာလတွင် ဖျက်မည်ဖြစ် ကြောင်း
၎င်းကပြောသည်။
၂၀၁၈ နှစ်ဆန်းပိုင်းတွင် ရန်ကုန်-ဒလတံတားတည်ဆောက် ခြင်းလုပ်ငန်း များကို စတင်မည်ဖြစ်ကြောင်း ဆောက် လုပ်ရေးဝန်ကြီး ဌာနမှသိရသည်။
ရန်ကုန်-ဒလတံတားစီမံကိန်း တည် ဆောက်စဉ်ကာလအတွင်း အများပြည်သူ သွားလာရလွယ်ကူစေရေးအတွက် လမ်း ဖောက်ရန်လိုအပ်သည့် အကျယ်အဝန်းကို မြေရှင်များထံမှ လေးနှစ်တာမြေငှားခအဖြစ် အိမ်ထောင်စု ၆၈ စုကို ကျပ် ၃၂၈ ဒသမ ၃၇ သိန်းနှင့် ဆိုင်ခန်းများအတွက် လျော်ကြေး ကျပ် ၅၈၈ သိန်းပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။ယင်းတံတားကို ကိုရီးယားနိုင်ငံစီး ပွားရေးဖွံ့ဖြိုးတိုးတက်မှုပူး ပေါင်းဆောင် ရွက်ရေးရန်ပုံငွေ EDCF Loan မှ ချေး ငွေအမေရိကန်ဒေါ်လာသန်း ၁၃၇ ဒသမ ၈၃၃ နှင့် ပြည်တွင်းလိုအပ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်းဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး စုစုပေါင်း ခန့်မှန်းကုန်ကျစရိတ် (အမေရိကန်ဒေါ် လာ) ၁၆၈ ဒသမ ၁၇၄ သန်းကုန်ကျမည် ဖြစ်ကြောင်း သိရသည်။
Credit: Democracytoday