နေပြည်တော်ရဲ့ အိမ်ခြံမြေဈေးကွက်ဟာ လက်ရှိမှာ အငှါးထက် အဆောက်အုံပါ မြေကွက်တွေ အရောင်းအဝယ်သွက်နေတယ်လို့ နေပြည်တော် အိမ်ခြံမြေဈေးကွက်က သိရပါတယ်။
‘ သွက်တာကတော့ အရာင်းရော အငှါးရောပဲ ၊ ယှဉ်လိုက်ရင်တော့ အရောင်းအဝယ်က ပိုကောင်းတယ် ၊ ဝါဝင်ခါစကလဲ သိသိသာသာအေးသွားတာ မရှိဘူး ၊ သူဟာနဲ့သူတော့ ရောင်းကြရတယ်’ လို့ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ‘ လို့ ( နေပြည်တော် ) မှ အတွင်းရေးမှူး ဥိးကျော်စွာမြင့်က ပြောပါတယ်။
လက်ရှိအဆောက်အအုံပါ မြေကွက်တွေ အရောင်းအဝယ်ဖြစ်နေတာကတော့ ဥတ္တရသီရိမြို့နယ် ၊ သပြေကုန်းရပ်ကွက်နဲ့ ပေါင်းလောင်းဘက်တွေဖြစ်ပါတယ် ။အရောင်းအဝယ်ကတော့ ကျပ်သိန်း ၂၀၀၀ ဝန်းကျင်အထိ ဖြစ်နေပြီး သိန်း ၁၀၀၀ ကျော်တန်တွေ ပိုပြီး အရောင်းအဝယ်ဖြစ်ပါတယ် ။အငှါးကတော့ လက်ရှိမှာ သုံးသိန်းတန် အဆောက်အအုံတွေ အငှါးသွက်နေပြီး သပြေကုန်ရပ်ကွက်မှာ ပိုငှါးတာများတယ်လို့ သိရပါတယ်။
‘ တခြားနယ်က လာဝယ်ကြတာများတယ် ၊ကိုယ့်နယ်က လူတွေ သိပ်မရှိဘူး၊ ရန်ကုန်ဘက်ကလဲပါတယ် ၊ တခြားနယ်ဘက်ကလဲလာတယ် ။ မြေကွက်သီးသန့်ဝယ်တာတော့ ရှိတော့ရှိတယ် နည်းတယ် ၊ အဆောက်အအုံပါတာတွေပဲ
ပိုကောင်းနေတယ် ‘ လို့ ဦးကျော်စွာမြင့်က ပြောပါတယ်။
နေပြည်တော်ရဲ့ အိမ်ခြံမြေအလားအလာကတော့ တခြားမြို့ကြီးတွေနဲ့ ယှဉ်ရင် အလားအလာ ကောင်းနေဆဲဖြစ်သလို ဈေးနှုန်းပိုင်းမှာလည်း တခြားမြို့ကြီးတွေထက်သက်သာတဲ့နှုန်းထားတွေမှာ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။
လမ်းမကြီးတွေပေါ်မှာ ရှိတဲ့ အဆောင်အအုံပါ မြေကွက်တွေဟာဆိုရင် လက်ရှိချိန်အထိ သိန်း ၃၀၀၀ ဝန်းကျင်လောက်တွေမှာ ရပ်ကွက်မှာဆိုရင်လည်း အဆောက်အုံငှါးချင်တဲ့ သူတွေအတွက် ရွေးချယ်စရာတွေ ကျန်ရှိနေသေးတယ်
လို့ သိရပါတယ်။
အခုလို တန်ဖိုးကြီးမြေကွက်တွေအဝယ်လိုက်လာတာက သံရုံတွေ လာရောက်ဖွင့်လှစ်မယ်ဆိုတဲ့ သတင်းနဲ့လည်း သက်ဆိုင်သလို စီးပွားရေရင်းနှီးမြှုပ်နှံ
မှုတွေနဲ့ လည်းသက်ဆိုင်နေပါတယ်။
ယခုနှစ် တစ်နှစ်လုံးမှာ ရန်ကုန် ၊ မန္တလေးလို မြို့ကြီးတွေမှာ အကျဈေးတွေနဲ့ အရောင်းအဝယ်တွေရှိခဲ့ ကြပေမဲ့ နေပြည်တော်ရဲ့ အိမ်ခြံမြေအရောင်းအဝယ်က ပုံမှန်သာရှိနေခဲ့ပါတယ် ။
Credit: The Modern