ယနေ့ခေတ်အခါ သာမယမှာ ဆိုရင် မြို့ကြီးများသာမဟုတ်ဘဲ နယ်မြို့များ အထိခေတ်စားလာတာကတော့ ငွေလိုအပ်လာရင် အိမ်ခြံမြေပေါင်နှံကာငွေချေ ငှားကြတဲ့ ဓလေ့တစ်ခုပါဘဲ။ ကျွန်ုပ် တို့ငယ်စဉ်ကတော့ မြေပေါင်တာ မရှိကြပါဘူး။ ရွှေပေါင်ကြတာပဲ တွေ့ဖူးပါတယ်။
ရွှေပေါင်ရုံနဲ့တင် မလုံလောက်ဖူးဆိုရင် ပေါင်နှံလိုသူရဲ့ ပိုင်ဆိုင်မှု အနေအထားနဲ့ သူလုပ်ကိုင်စိုက်ပျိုးထားတဲ့ စပါး ပဲအမျိုးမျိုးနဲ့ ကြံ စိုက်ပျိုးအကျယ်ကို
ခန့်မှန်းကြည့်ပြီး ငွေချေလိုက်ကြတာဘဲတောရောမြို့ပါမကျန် မြေငှားဂရန်နဲ့ ပုံစံ-၇ တို့ရရှိလာကြပြန်ငွေထုတ်ချေး သူကလည်း ယုံယုံကြည်ကြည်ငွေချေငှားသလို၊ ငွေချေးသူတွေအနေနဲ့ကလည်း သီးနှံပေါ်ချိန်မှာ သီးနှံတွေရောင်းချပြီး အကျေပေးဆပ်ကြလေ့ရှိခဲ့ကြတယ်။
ဒီကနေ့ခေတ်မှာတော့ အိမ်ခြံမြေပဲ ဆိုရင်လည်း ပိုင်ဆိုင်မှု မြေငှားဂရန် တွေရှိလာကြတယ်။ လယ်ယာမြေဆိုရင် (ပုံစံ-၇) လို့ခေါ်တဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် တွေကို နိုင်ငံတော်အစိုးရကတောရော မြို့ပါ မကျန်ထုတ်ပေးနေတာကို တွေ့ရတယ်။ ပိုင်ဆိုင်မှု မြေငှားဂရန် တွေရှိလာကြတယ်။ လယ်ယာမြေဆိုရင် (ပုံစံ-၇) လို့ခေါ်တဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် တွေကို နိုင်ငံတော်အစိုးရက တောရောမြို့ပါမကျန်ထုတ်ပေးနေတာကိုတွေ့ရတယ်။
အဲဒီမြေငှားဂရန်စာချုပ်တွေနဲ့ ပုံစံ-၇ လက်မှတ်တွေက ရောင်းချခြင်း ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ လွှဲပြောင်းနိုင်ခြင်း၊တွေတရားဝင်ဆောင်ရွက်ခွင့်ရှိလာကြတယ်။ အဲဒီလိုဆောင်ရွက်ခွင့်ရှိလာတဲ့အပေါ်မှာ မူတည်ပြီးတော့ (ပုံစံ-၇) နဲ့ မြေဂရန်စာချုပ်တွေဟာ ငွေကြေးဖလှယ်ရေး ပစ္စည်းဖြစ်လာတာကို တွေ့လာရတယ်။
လက်သိတ်ထိုးငွေချေးဌာန ရပ်ကွက်တိုင်းမှာရှာကြည့်ကြ
လက်ရှိအခြေအနေမှာတော့ အိမ်ခြံမြေအရောင်းအ၀ယ်တွေနဲ့ လယ်ယာမြေအရောင်းအ၀ယ်တွေ မကောင်းကြတော့၊ မရှိမဖြစ်လိုအပ်လာတဲ့ငွေကြေး ကိစ္စဖြေရှင်းနိုင်ဖို့ ရောင်းမထွက်တဲ့ “မြေငှားဂရန်စာချုပ်” ကို အပေါင်ခံသူထံသွားရောက်အပ်နှံကာ ငွေချေးငှားပြီး လုပ်ငန်းတွေမှာ သုံးစွဲနေကြရတာလို့ ကြားသိနေရပါတယ်။ ပေါင်နှံချေးငှားတဲ့အခါမှာလည်း အပေါင်ခံသူက လိုင်စင်ရအပေါင်ခံသူမဟုတ်တော့ လူသိရှင်ကြား အပေါင်ခံလို့မရဘူးလေ။
ဒီတော့ တိုးတိုးတိတ်တိတ် “မင်းနဲ့ငါ” နှစ်ဦးထဲသာသိပါစေ။ ဆိုပြီး လက်သိတ်ထိုးပြီး ငွေချေးငွေထုတ်ကြရတာပေါ့။ဖိအားများတော့ စိတ်ညစ်လာ ရှေ့နေတစ်ဦးထံအပြေားလာဒီလိုနဲ့ နှစ်ဦးနှစ်ဘက်ငွေပေးငွေယူမှန်နေ တုံးကတော့ အဆင်ပြေကြတာပေါ့ ဒါပေမယ့် အတိုးလည်း မလာ၊ အရင်းက ဗလာ၊ လက်ချည်းလာပြီး တောင်းပန် ပါများလာရင်တော့ ငွေရှင်ကမကြည်တော့ဘူးလေ။ အဲဒါနဲ့ အတင်းအကျပ်တွေလုပ်၊ အင်းအားတွေသုံး၊ ပါဝါတွေပြလာတဲ့အခါ မခံနိုင်တဲ့အဆုံး ဒုက္ခရောက်သူကရှေ့နေထံ အပြေးလာပြီးဖြစ်ရပ်မှန်တွေ ရင်ဖွင့်ပြတော့မှ အခုခေတ် အပေါင်ခံသူတစ်ချို့နဲ့ လုပ်ထုံးလုပ်နည်း များကို အခုလိုသတင်းစာမှာ တွေ့ကြရတယ်။
(၃) ချိုး (၁) ချိုး နဲ့ အပေါင်ခံ၊ ပိုင်ဆိုင်မှုပေးမှ သူလက်ခံ
များသောအားဖြင့် ငွေချေးသူများဟာ မိမိတို့မှာ ငွေကြေး အခက်အခဲရှိတဲ့အခါ ခေတ္တခဏ ငွေရှင်ထံမှာ အကူအညီတောင်းပြီး ငွေချေကြရတယ်။ ဥပမာ၊ လိုချင်တဲ့ ငွေက သိန်း (၃၀၀) ဆိုပါစို့ အဲဒီလောက်ငွေတွေကို ငွေရှင်က ပေးဖို့ဆိုထားအထောက်အထားတစ်ခုခုပေးမှ ချေးငှားကြတာကိုး။ ဒီတော့ ချေးလိုတဲ့ငွေရဲ့ (၃) ဆခန့်ပိုတန်တဲ့ ပစ္စည်းမျိုးဖြစ်မှ ချေးငှားကြတာလေ။ သိန်း (၉၀၀) လောက်တန်တဲ့ ပစ္စည်းဆိုရင် မိမိပိုင်တဲ့ မြေနဲ့အိမ်ကို ပေါင်မှဘဲရမှာလေ
သေပြီဆရာ၊ ကိုယ်စားလှယ်လွှဲစာပေးခဲ့ရတာမြေနဲ့အိမ်ပေါင်ပေမယ့် အပေါင်ခံသူကတော့ အပေါင်စာချုပ်ချုပ်ပေးတာကို မလိုချင်ကြဘူး၊ ဘယ်လိုချင်ပါမလဲ။ သူတို့က လိုင်စင်ရ အပေါင်ဆိုင်မှ မဟုတ်တာ ဒါကြောင့် ဥပဒေလက်တစ်
လုံးခြားပြီး အခွန်တံဆိပ်ခေါင်း အလွတ်ပေါ်မှာ ဘာစာသားမှ မရေးခိုင်းဘူး၊ ငွေချေးသူရဲ့ လက်မှတ် ထိုးခိုင်းပြီး လက်ဗွေနှိပ်ယူထားပြီး ငွေသိန်း (၃၀၀) ကိုအတိုးနဲပချေးတယ်။ ငွေးချေးသူပိုင်ဆိုင်တဲ့ မြေငှားဂရန် ပုံစံ ၁၀၅၊ ပုံစံ ၁၀၆
(မြေပုံ၊ မြေရာဇ၀င်) ကို စာချုပ်ဖို့ ကိုယူထားလိုက်ကြတယ်လေ။ ငွေတိုးချေတာဆိုတော့ ရပ်ကွက်လူကြီးသိလို့မဖြစ်ဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုလည်း အသိသက်သေ မခေါ်ကြဘူးလေ။များသောအားဖြင့် ငွေတိုးပေးသူက ငွေချေးသူထံ မြေငှားရဂရန်ကို ယူထားရုံတင်မကဘူး။ ငွေချေးသူ ထံကပြန်လည်ရုပ်သိမ်း ပိုင်ခွင့်မရှိသော အထူးကိုယ်စားလှယ်လွှဲစာကို မှတ်ပုံတင်ခိုင်းပြီး လွှဲယူထားလိုက်ကြသေးတယ်။ ငွေချေးသူကတော့ “သေပြီဆရာ” ဖြစ်တော့မှာဘဲဒါအပြင်ငွေခေျးသူက ငွေကြေးအဆင်ပြေပါက ပြန်လည်ရွေးယူပါမယ်ဆိုတဲ့ အကြောင်းနဲ့ အတိုးကို မှန်မှန်ဆပ်သွားပါမယ့်အကြောင်း အပ်ကြောင်းထပ်အောင် ကတိပေးခဲ့ရသေးတယ်။ ငွေကြေးပြေလည်လို့ ပြန်ဆက်ကြတဲ့အချိန်မှာ အတိုးနဲ့အရင်းပေါင်းရင် သိန်း (၃၀၀) မဟုတ်တော့ဘဲ သိန်း (၅၀၀) လောက်
အထိပေးဆပ်ကြရတယ်။ အဲဒီလို ငွေပေးဆပ်တဲ့အခါကျရင်တော့ ဂုဏ်သရေလူကြီးမင်းတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရှေ့မှာ ပြန်လည်ပေးဆပ်ကြတာ အကောင်းဆုံးပါဘဲ။ ယုံကြည်ထိုက်တဲ့ သက်သေတွေလေဘာကြောင့်လဲဆိုရင်
ငွေရှင်တွေဟာ လောဘတက်တတ်ကြတယ်။ အပေါင်ခံထားတဲ့အိမ်နဲ့မြေ
ကိုပြန်မရွေးနိုင်တော့ဘူးလို့ထင်ထားကြတယ်။ ငွေချေးသူက
ရှာဖွေစုဆောင်းပြီး ပြန်လည်ရွေးတဲ့အခါ ပညာပြတော့တာဘဲ။
စာချုပ်ရုံးမှာ ပြုလုပ်ခဲ့တဲ့ ‘ ပြန်လည်ရုပ်သိမ်းပိုင်ခွင့်မရှိဘဲ ကိုယ်စားလှယလွဲစာ’ ဆိုတာက ပြန်လည်ရုပ်သိမ်းလိုရင် ပယ်ဖျက်လိုရင် လွှဲပေးသူရောက်၊ လက်ခံသူရော နှစ်ဦးစုံမှ စာချုပ်ရုံးက ပယ်ဖျက်ပေးတာလေ။ပါဝါဖျက်သိမ်းကြောင်းသတင်းစာကြော်ငြာကာ ပယ်ဖျက်ပစ်လိုက်ပါအဲဒီအခါမှ ငွေတိုးပေးသူက (၅) သိန်းပေးမှ (၁၀) သိန်း ပေးမှ ပယ်ဖျက်ပေးမယ်လို့ တောင်းခံတတ်ကြပြန်ရော ဒါကြောင့် ပြောတာပေါ့ “လူ့အလိုနတ်မလိုက်နိုင်” ဆိုတာ ဒါမျိုးပေါ့ ငွေချေးသူလည်း မရှုနိုင်၊ မကယ်နိုင် ဖြစ်တဲ့အခါ အားကိုးရာရှာတော့ ရှေ့နေနဲ့တွေ့လို့ ဒီကိစ္စမပူနဲ့ ပဋိဥာဏ် အက်ဥပဒေပုဒ်မ အရသတင်းစာမှာ
ကြော်ငြာပြီး ပယ်ဖျက်လို့ရတယ်လို့ ပြောပြီး ကြေငြာလိုက်တော့မှ ငွေချေးသူ
ငွေတိုးပေးစားသူရဲ့ ဒုက္ခဘေးမှ လွတ်တော့တယ်။
လက်ဗွေလက်မှတ် ပါတဲ့ အခွန်တံဆိပ်ခေါင်း စာချုပ် ပုံစံအမျိုးမျိုးပြောင်းလို့
ဒုက္ခပေးယနေ့ခေတ်မှ ငွေကြေးအခက်အခဲရှိလို့ အပေါင်ခံသူတွေထံမှာ
ငွေချေးယူတဲ့အခါ “ ဘာစာမှမပါ၊ တံဆိပ်ခေါင်းအလွတ်ပေါ်မှာ လက်ဗွေနှိပ် လက်မှတ်ထိုးခိုင်းပါလိမ့်မယ်။
” အဲဒီ အခွန်တံဆိပ်ခေါင်းပါတဲ့ စာချုပ်ပေါ်က လက်ဗွေ၊ လက်မှတ်တွေဟာ အတိုးနဲ့အရင်းကို မပေးဆပ်နိုင်ခဲ့ရင် ‘နှစ်ဦးသဘောတူ အိမ်ခြံမြေ အရောင်းအ၀ယ်ကတိစာချုပ်’ ဖြစ်စေ။ ငွေယုံကြည်အပ်နှံမှုစာချုပ်ဖြစ်စေ၊ ငွေချေးကတိစာချုပ်ဖြစ်စေ၊ ချက်ခြင်းပုံစံပြောင်းသွားပြီး၊ တရားစွဲခံရနိုင်ပါတယ်။ စာချုပ်ရုံး၊ မြေစာရင်းရုံးမှာ ပေးလိုက်ရတဲ့ အထူးကိုယ်စားလှယ်လွှဲစာဟာလည်း၊ မြေနဲ့အိမ် ကို မိမိကိုယ်စားရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ လွှဲပြောင်းနိုင်ခြင်းကို
ပြုလုပ်နိုင်တာကြောင့် မြွေပါလည်းဆုံး၊ သားလည်းဆုံး ဆိုသကဲ့သို့ မြေနဲပအိမ်လည်းအပေါင်ခံသူလက်ထဲရောက်သွားနိုင်ပါတယ်။ ငွေချေးစာချုပ်ကို
ငွေယုံကြည်အပ်နှံစာချုပ် အဖြစ်အသွင်ပြောင်းသွားခဲ့ရင် လက်မှတ်တို့
လက်ဗွေနှိပ် မိခဲ့ရင် ထောင်ကျနိုင်တဲ့အထိ ကံဆိုးသွားနိုင်ပါတယ်။
ဒါကြောင့်ငွေမရှိလို့ မြေနဲ့အိမ်ကို ပေါင်ခဲ့ရင် တံဆိပ်ခေါင်းအလွတ်မှာ ထိုးတဲ့
လက်ဗွေလက်မှတ်နဲ့ ကိုယ်စားလှယ်လွှဲစာတွေကို အလွယ်တကူလုပ်မပေးကြပါနဲ့ လို့ အကြံပေးတိုက်တွန်းရပါတယ်။
ဦး --------- နှင့်အများသိစေရန်၊ ရှေ့နေကြေငြာချက်တစ်ခုမှ ရရှိလာတဲ့ အတွေးတစ်ခုမှ စေတနာ၊ ပုံရိပ်ပါ။
လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com