အမေရိကန်နိုင်ငံ၊ အလက်စကာ ပြည်နယ်ထဲက Dr. Seuss Houseဆိုတဲ့ မိုးမျှော်တာဝါက သစ်သားတဲအိမ်လုံးလေး တွေ တစ်လုံးချင်းစီထပ်ဆင့်ပြီးတည်ထား တဲ့ပုံမျိုး တည်ဆောက်ထားတာဖြစ်ပါ တယ်။
အလက်စကာပြည်နယ်၊ ဝီလိုမြို့က သစ်တောအုပ်လေးတစ်ခုထဲမှာ
တည်ဆောက်ထားတဲ့ သစ်သားမိုးမျှော်တာဝါ အဆောက်အအုံဖြစ်ပါတယ်။
၁၈၅ပေ မြင့်တဲ့သစ်သားတာဝါအဆောက်အအုံ ဖြစ်ပြီး ဒီအိမ်လေးကို ဖီးလစ်ဝစ်ဒနာဆိုသူ က ဖန်တီးတည်ဆောက်ခဲ့တာဖြစ်ပါတယ်။
ပထမပိုင်းမှာ တဲအိမ်နှစ်လုံးဆင့်တဲ့အိမ် ကိုသာဖန်တီးဖို့ကြံစည်ခဲ့တာဖြစ်ပေမယ့် ဆောက်လုပ်ရင်းနဲ့မှ စိတ်ကူးရသွားခဲ့တာ ကြောင့် တစ်ထပ်ပြီးတစ်ထပ်တိုးဆင့်ပြီး တည်ဆောက်ဖြစ်ခဲ့တာပါ။
အိမ်အတွင်း ပိုင်းလှေကားကနေ တစ်ထပ်ပြီးတစ်ထပ် တက်သွားနိုင်ပြီး စုစုပေါင်း ၁၇ထပ်ခန့်ရှိ ပါတယ်။ ထိပ်ဆုံးထပ်ကိုရောက်ရှိသွားတဲ့ အခါ မိုင်၃၀၀ပတ်လည်က မြင်ကွင်းတွေ ထိပါ မြင်တွေ့ခံစားနိုင်တယ်လို့ ဝစ်ဒနာ ကဆိုပါတယ်။
Dr. Seuss House ဆို တာက လူအများပေးထားတဲ့အမည်ဖြစ် ပြီး တကယ့်အမည်ရင်းက Goose CreEk Tower လို့သိရပါတယ်။ ဒီတာဝါ ကြီးက ဆောက်လုပ်ဆဲဖြစ်ပြီး ရှေ့နေတစ် ဦးလည်းဖြစ်တဲ့ဝစ်ဒနာက အားလပ်ချိန် တိုင်းဒီတာဝါကြီးကို လာပြီတည်ဆောက် နေဆဲဖြစ်ပါတယ်။
ဒီတာဝါကြီးပြီးရင် ဥတ္တ ရအလင်းတန်းတွေကို တာဝါထိပ်ဆုံးထပ် ကနေ မိသားစုလိုက်ကြည့်ရှုခံစားသွားမှာ ဖြစ်တယ်လို့ ဝစ်ဒနာကဆိုပါတယ်။ အလက်စကာကိုလာရောက်လည်ပတ်သူ တွေအနေနဲ့ လမ်းပေါ်ကနေကြည့်ရှုနိုင်
ပြီးဓာတ်ပုံတွေရိုက်ကူးနိုင်ပေမယ့် အ တွင်း ပိုင်းကိုတော့လည်ပတ်ခွင့်မပြုထားဘူး လို့သိရပါတယ်။
Credit: Pyi Myanmar