ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဆက်တိုက် အတက်ဘက်မှာပဲရှိနေခဲ့ပြီးနောက် ယခုအခါမှာတော့ လန်ဒန်မြို့ကအိမ်ခြံမြေ ဈေးနှုန်းတွေဟာ ပထမဆုံးအကြိမ်အဖြစ်
ပြန်လည်ကျဆင်းလာခဲ့ပြီ ဖြစ်ကြောင်း သတင်းတစ်ရပ်မှာ
ဖော်ပြထားပါတယ်။
ယင်းမြို့ရဲ့ နေအိမ်ဈေးနှုန်းတွေဟာ စက်တင်ဘာမှာကုန်ဆုံးခဲ့တဲ့ သုံးလပတ်တာအတွင်း ၀ ဒသမ ၆ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်လို့ mortgage
provider တစ်ခုဖြစ်တဲ့ Nationwide ကထုတ်ပြန်ပါတယ်။
ယင်းဟာ ပြီးခဲ့တဲ့ ဘဏ္ဍာရေးအကျပ်အတည်းကာလနောက်ပိုင်း
ပထမဆုံးအကြိမ်ကျဆင်းမှုဖြစ်တယ်လို့လည်း သိရပါတယ်။
ဥရောပသမဂ္ဂကနေ ဗြိတိန် ထွက်ခွာမယ့် အစီအစဉ်ကြောင့် လန်ဒန်မြို့ရဲ့
အိမ်ခြံမြေဈေးကွက်အပေါ် လာရောက်ထိခိုက်ဖို့ ရှိတယ်ဆိုပြီး ပြီးခဲ့တဲ့
တစ်နှစ်ကတည်းက ပညာရှင်တွေက
သတိပေးထားခဲ့ပါတယ်။
ဥပဒေရေးရာပိုင်း၊လူဝင်မှု ကြီးကြပ်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးပိုင်းတွေမှာ အဓိက အပြောင်းအလဲတွေဖြစ်လာနိုင်တာကြောင့် အိမ်ခြံမြေ၀ယ်သူတွေ
အထူးသဖြင့် နိုင်ငံရပ်ခြားက ၀ယ်သူတွေအပေါ်စိုးရိမ်မှုတွေ ဖြစ်ပေါ်သွားစေနိုင်တယ်ဆိုပြီး ထုတ်ပြန်သတိပေးမှုတွေ ရှိထားခဲ့တာဖြစ်ပါတယ်။
Credit: CNN