ရန်ကုန်မြို့ရဲ့ ဆောက်လုပ်နေတဲ့ တိုက်ခန်းတချို့ရဲ့ ငွေပေးချေမှုပုံစံ အသီးသီးကို ဖော်ပြလိုက်ပါမယ်။
Garden City Apartment Complex
အဲသည် complex ရဲ့ အခန်းတန်ဖိုးမှာ တစ်စတုရန်းပေကို ကျပ် ၉၃,၀၀၀ နဲ့ ၉၆,၀၀၀ တန်ဖိုးသတ်မှတ်ထားပြီး လက်ငင်းငွေချေစနစ်နဲ့ အရစ်ကျစနစ်ရှိပြီး အရစ်ကျစနစ်မှာ ဝယ်ယူသူတွေနဲ့ ညှိနှိုငန်းပြီး ပေးသွင်းနိုင်ကြောင်း သိရပါတယ်။
မြေဧက ၅.၅၃၃ ဧကပေါ်မှာ တည်ဆောက်ပြီး CAD ကုမ္ပဏီက ဒီဇိုင်းရေးဆွဲကာ Mandalay Garden City က မြေပိုင်ကြောင်း သိရပါတယ်။ တာဝါ ၁၅ လုံးပါရှိမှာဖြစ်ပြီး တာဝါတစ်လုံးမှာ ကိုးထပ်အမြင့်ရှိပြီး တစ်လွှာကို ခြောက်ခန်းပါဝင်ပါတယ်လို့ သိရပါတယ်။
အခန်းတစ်ခန်းကို စတုရန်းပေ ၆၀၅ ၊ စတုရန်းပေ ၉၂၅ နဲ့ ၁၂၁၀ စတုရန်းပေကျယ်ဝန်းပြီး တာဝါတစ်လုံးမှာ ဓာတ်လှေကားသုံးစင်း တပ်ဆင်ပေးမှာ ဖြစ်သလို ကားထားရာမှာ အဆင်ပြေစေဖို့ basement တစ်ထပ် ပါဝင်မှာ ဖြစ်ပါတယ်
သည် Complex ကို New Star Light Construction ကတည်ဆောက်နေတာဖြစ်ပြီး တံခွန်တိုင်အနီး အမှတ်(၂) MITC Project မှာ တည်ရှိပြီးတော့ ၂၀၁၇ သြဂုတ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၉ ဒီဇင်ဘာမှာ ပြီးစီးမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
Mahar Nawarat Office Tower
မဟာနဝရတ် အော့ဖစ်တာဝါကို မြေဧက ၁၃၅ ပေ ပတ်လည်ပေးမှာ တည်ဆောက်ထားတဲ့ Office Tower တစ်ခုဖြစ်ပြီး အထပ်ပေါင်း ၁၅ ထပ်ခွဲအမြင့်ရှိပြီး တစ်လွှာမှာ လေးခန်းဖွဲ့စည်းတည်ဆောက်ထားပါတယ်။
အခန်းအကျယ်အဝန်းမှာ ၂၅၅၀ စတုရန်းပေနဲက ၂၆၀၀ စတုရန်းပေ ကျယ်ဝန်းပြီး ပန့်ဟောက်စ်တစ်ခန်းပါဝင်ပြီး အခန်းအကျယ်ဝန်းမှာ ၇၅ပေပတ်လည်ရှိကြောင်း သိရပါတယ်။
မြေညီထပ်နဲ့ ခုနှစ်ထပ်မှာ Shopping Center ထားရှိဖို့ ရည်ရွယ်ထားကြောင်းနဲ့ ဓာတ်လှေကားလေးစင်းတပ်ဆင်ပေးမှာဖြစ်ပြီး ကားထားတဲ့အထိ Basement နှစ်ထပ်ပါရှိမှာ ဖြစ်ပါတယ်။ Facility အနေနဲ့ ငါးလွှာမှာ အားကစား ခခန်းမ၊ မိသာစု ကေတီဗီခန်း၊ သက်ကြီးရွယ်အိုနဲ့ တရားဘာဝနာပွားများလိုသူတွေအတွက် တရားထိုင်ရန်အခန်းနဲ့ ကော်ဖီရှော့တို့ ပါဝင်မှာဖြစ်ပါတယ် ။အခန်းဈေးနှုန်းကို မသတ်မှတ်ရသေးကြောင်း သိရပါတယ်။
မဟာနဝရတ် အော့ဖစ်တာဝါကို Mahar Nawarat Myay Construction Group က တည်ဆောက်နေပြီး ၅၀/၅၁ လမ်း၊ မဟာဗန္ဓုလလမ်းနဲ့ ကုန်သည်လမ်းကြား၊ ဗိုလ်တထောင်မြို့နယ်မှာ တည်ရှိပါတယ်။ ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းမှာ စတင်တည်ဆောက်တာဖြစ်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှာ ပြီးစီးမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
Aung Chan Thar Condo
အောင်ချမ်းသာကွန်ဒိုကို ငွေပေးချေမှု အရစ်ကျပေးချေနိုင်ပြီး ပထမအရစ်ကို ၅၀ရာခိုင်နှုန်း ၊ ကျန် ၅၀ရာခိုင်နှုန်းကို ငါးလကနေ ခြောက်လအထိ ကုမ္ပဏီကိုလာရောက်ပေးသွင်းရပါမယ်။
မြေ ၅၅ ပေx ၆၂ ပေ ပေါ်မှာ တည်ဆောက်ထားပြီး ၂၀၁၇ နှစ်ကုန်းပိုင်မှာ ပြီးစီးမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ် ။ရှစ်ထပ်ခွဲ အမြင့်ရှိပြီး တစ်လွှာကို နှစ်ခန်းပါဝင်ပြီး ပန့်ဟောက်စ် တစ်လုံးပါဝင်ကြောင်း သိရပါတယ်။ အခန်းအကျယ်အဝန်းမှာ စတုရန်းပေ ၁၄၂၀ နဲ့ ၁၅၀၂ စတုရန်းပေ ကျယ်ဝန်းပြီး ဓာတ်လှေကားတစ်စင်းတပ်စင်ပေးမှာဖြစ်ပြီး မြေညီထပ်မှာ ကားပါကင်ထားရှိမှာ ဖြစ်ကြောင်း သိရပါတယ်။
အခန်းတန်ဖိုမှား တစ်စတုရန်းပေကို ကျပ် ၁၂၀,၀၀၀ နဲ့ ကျပ် ၁၅၀,၀၀၀ ခန့်သတ်မှတ်ထားပြီး အခန်းအကျယ်အဝန်းအလိုက် အခန်းတန်ဖိုးကွာခြားသွားနိုင်ကြောင်း သိရပါတယ်။
ယင်းကွန်ဒိုကို အမှတ် (၂) အောင်ချမ်းသာ (၅)လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးမှာ တည်ရှိပြီး Royal Land Construction ကဆောက်လုပ်နေကြောင်း သိရပါတယ်။
Credit: The Kumudra