ယခုနှစ်သီတင်းကျွတ် ရုံးပိတ်ရက်ရှည်ကြောင့် လုပ်ငန်း များခေတ္တရပ်ဆိုင်းပြီး
ခရီးသွား လာမှုများသဖြင့် ပြင်ပငွေကြေး ဈေးကွက်တွင် ကန်ဒေါ်လာတန်ဖိုး
အနည်းငယ်ကျဆင်း လျက်ရှိသည်။
ပြင်ပဈေးကွက်တွင် စက် တင်ဘာအတွင်း ကန်တစ်ဒေါ်လာလျှင် ၁,၃၅၅
ကျပ်ခန့်ဖြင့် ဈေးနှုန်းတည်ငြိမ်ခဲ့သော်လည်း အောက်တိုဘာ ၃ ရက်၌
တစ်ဒေါ်လာလျှင် ၁,၃၄၇ ကျပ်သို့ ကျဆင်းခဲ့သည်။
အစိုးရရုံးပိတ်ရက်ရှည်၌ ခရီးသွားလာမှုများခြင်းကြောင့် ပြင်ပငွေကြေးဈေးကွက်တွင် ကန်ဒေါ်လာရောင်းချလိုသူ၊ ဝယ်ယူလိုသူများစွာနည်းပါးနေကြောင်း ပြင်ပငွေလဲလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောသည်။
ပြင်ပငွေကြေးဈေးကွက် တွင် အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းသော်လည်း ဗဟိုဘဏ် ၏ရည်ညွှန်းငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၁၃၆၀ ကျပ်ဖြစ်သည်။
ပြင်ပဈေးကွက်တွင် ကန်ဒေါ်လာတန်ဖိုးသည် ယခုလ လယ်ပိုင်းမှစတင်၍ အတက်အကျနည်းပြီး တည်ငြိမ်လာခြင်းကြောင့် စီးပွားရေးကောင်းမွန်စွာလုပ်ကိုင်နိုင်သည်ဟု ပြည်ပဆန် တင်ပို့နေသည့်လုပ်ငန်းရှင် ဦးမျိုးသူရအေးက ပြောသည်။ ပြီးခဲ့သည့် ၂၀၁၆ အောက်တိုဘာတွင် ပြင်ပငွေကြေးဈေးကွက်၌ ဈေးကစားမှုများကြောင့် ကန်ဒေါ်လာတန်ဖိုး အတက်အကျများခဲ့ပြီး ပို့ကုန်သွင်းကုန်
လုပ်ငန်းရှင်များအပါအဝင် စီးပွားရေးလုပ်ငန်းများ အခက်အခဲဖြစ်ရသည်။
Credit: 7Daydaily