အရှေ့ကနေထွက်သည့်ပမာ အခွင့်အလမ်းတွေပေါ်လာပြီတစ်ခါ

အရှေ့ကနေထွက်သည့်ပမာ အခွင့်အလမ်းတွေပေါ်လာပြီတစ်ခါ - Property News in Myanmar from iMyanmarHouse.com
4 Oct 2017 1:03 pm တွင် တင်ခဲ့သည်
6109 ကြိမ် ကြည့်ရှု့ပြီး
ယခင်ယခင်အစိုးရလက်ထွက်တွင် မြေယာသိမ်းဆည်းမှုပြဿနာများသည် မြန်မာနိုင်ငံအနှံ့အပြား၌ ပေါ်ပေါက်ခဲ့ပါသည်။ ထိုသို့ သိမ်းဆည်းခံရသော တောင်သူလယ်သမားများတွင် ကြီးမားသော နစ်နာမှုများရှိခဲ့ကြရပါသည်။ လယ်ယာလုပ်ငန်းဖြင့်အသက်မွေးဝမ်းကျောင်းနေကြရသော ဘ၀မှ လယ်မဲ့ ယာမဲ့ ဘ၀သို့ရောက်ခဲ့ကြရသည်။

‘မစားရစကမန်း’ နှစ်သိမ့်ခံခဲ့ကြရသည့်လယ်သမားများ
လယ်သမားများ၏မြေယာများကို သိမ်းဆည်းခဲ့စဉ်က သက်ဆိုင်ရာတို့မှပေးလျော်ခဲ့သည့်လျော်ကြေး ငွေဆိုသည်မှာလည်း “ဆင်းပါးစပ်နှမ်းပက်သလို” မဖြစ်စလောက်သားပေးအပ်ခဲ့သည်ဟု သိရသည်။ ခေတ်ကာလတန်ဖိုးနှင့်အညီရရှိမှုမရှိခြင်း တရားမျှတမှုမရှိခြင်းများရှိခဲ့သည်ဟုဆိုကြသည်။

လယ်ယာမြေများကို သိမ်းဆည်းခဲ့ရာတွင်လည်းတိကျသောစာရင်ကောက်ယူမှုမရှိခြင်း လျော်ကြေးပေးရာတွင် ဖြစ်စေ၊ အိမ်ခြံမြေ များချထားပေးရာတွင်ဖြစ်စေ အမှန်တကယ်ရပိုင်ခွင့် ရှိသည်တို့ကို မရရှိခဲ့ကြဟုသိရသည်။

တစ်ခေတ်တစ်ခါက အကြောင်းအမျိုးမျိုးပြ၊ ကြန့်ကြာအောင်လုပ်ခဲ့ကြ
ထို့ပြင်မြို့ပြများတိုးချဲ့တည်ဆောက်ရေးနှင့် စက်မှုဇုန်များတိုးချဲ့တည်ဆောက်ရေးစီမံကိန်းများ အကောင်အထည်ဆောင်ရွက်ရာတွင်လည်း မူလရည်မှန်းချက်အတိုင်းပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်မှုမရှိခြင်းကြောင့် အချို့နေရာများ၌ သိမ်းဆည်းစဉ်ကအတိုင်း မြေလွတ်မြေရိုင်းများအဖြစ် ဖြစ်နေခြင်းတို့ကိုတွေ့ရသည်ဟုဆိုပါသည်။

အလိမ်အညာတွေများခဲ့လှသည့်အတိတ်ကာလ
ထိုထက်ပို၍ဆိုးသည်မှာ လယ်ယာမြေကို အခြားနည်းအသုံးပြုရန် လန-၃၉ လျှောက်ထားခဲ့သော်လည်း တင်ပြချက်များနှင့် အညီအသုံးပြုမှု မရှိခြင်း၊ ၀န်ကြီးဌာနအချင်းချင်းလွှဲပြောင်းကာလတွင်လည်း လန-၃၉ ခွင့်ပြုမိန့်အား ပြန်လည်ပယ်ဖျက်ခြင်းမပြုဘဲ လယ်ယာမြေအဖြစ်သာ ပြန်လည်စိုက်ပျိုးလုပ်ကိုင်စေခြင်းများပြုလုပ်ကြသည်ကို တွေ့ခဲ့ရသည်ဟုဆိုသည်။

အကြောင်းအမျိုးမျိုးကြောင့် မူလစီမံကိန်း များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမပြုတော့ဘဲ စီမံကိန်း ပျက်ပြယ်သွားပါက သိမ်းဆည်း ထားသော လယ်ယာမြေများကို ဥပဒေနှင့်အညီနိုင်ငံတော်သို့ ပြန်လည်အပ်နှံမှုမရှိကြသည်ကိုလည်း တွေ့ရသည်။
ကုမ္ပဏီအဖွဲ့အစည်းတွေကလည်းညာ၊ နိုင်ငံဝန်ထမ်းတွေလည်းပါ
ထို့အတူစီမံကိန်းများအကောင်အထည်ဖော်ရာတွင်လည်း အချိန်ကာလသတ်မှတ်၍ ညွှန်ကြားဆောင်ရွက်စေခဲ့သော်လည်း အချိန်ဆွဲ၍ဆောင်ရွက်ခြင်းများရှိခဲ့သည်ဟုဆိုသည်။ အချို့သော လုပ်ပိုင်ခွင့်ရသည့်ကုမ္ပဏီအဖွဲ့အစည်းများအနေဖြင့်လည်း တောင်သူလယ်သမားများပေါ်ပေါက်၍ လူမှုရေးအရ စာနာထောက်ထားမှု၊ ကူညီပံ့ပိုးမှု စိတ်နည်းပါးခြင်းတို့ကိုလည်း တွေ့ရသည်ဟု ၂၀၁၂ ခုနှစ်စုံစမ်းရေးကော်မရှင်ကထောက်ပြခဲ့သည်။

ယခင်ကနှင့်မူပါ၊ ခုအခါ စွန့်လွှတ်မြေများတောင်သူလက်ထဲပြန်အပ်နေပြီတစ်ခါ
ဤသည်ကား ယခင်အစိုးရလက်ထက်က စုံစမ်းရေးကော်မရှင်များနှင့်အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ ဥက္ကဌနှင့် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မှ စစ်ကိုင်းတိုင်းရွှေဘိုခရိုင် တန်ဆည်မြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေး ဆည်မြောင်း
ဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနမှ သိမ်းယူထားခဲ့သည့် “ပဇီကြီး” ကျေးရွာအုပ်စုအတွင်းရှိ မြေဧရိယာ “၃၇၉၂ ဒသမ ၄၆ ဧက အား ပြန်လည်စွန့်လွှတ်၍” တောင်သူ ၂၂၈ ဦးထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သည် ဟုသိရသည်။

ထို့ပြင်စိုက်ပျိုးရေး ဦးစီးဌာနမှ “ မျိုးသန့်ခြံ” အဖြစ်အသုံးပြုခဲ့သည့် ဧရိယာ “၃၇၂၆” ဧကအနက် “၂၅၂၆” ဧကကို နိုင်ငံတော်သို့ ပြန်လည်အပ်နှံခဲ့ပြီး ယင်းအပ်နှံမြေဧရိယာထဲမှ “၇၃၈ ဒသမ ၉၉ ဧက” ကိုမူလတောင်သူ “၂၃၉” ဦးထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၃) ထုတ်ပေးခဲ့ကြောင်း (၁၄.၇.၂၀၁၇) နေ့မြန်မာ့အလင်းသတင်းစာတွင် ဖတ်ရှုရသဖြင့် တောင်သူလယ်သမားများအတွက် အားတက်မိသည်။

တောင်သူတို့၏ အခွင့်အရေးများပြန်ရလာပြီတကား
တောင်သူလယ်သမားများကြာမြင့်စွာမျှော်လင့် စောင့်စားခဲ့ကြရသည့် အာသီသဆန္ဒများ ယခုတော့ဖြင့် ပြည့်ဝကြရပြီဟုဆိုချင်ပါသည်။ ယခုယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၃) ရရှိကြသည့်တောင်သူမိသားစုများအနေဖြင့် သားစဉ်မြေးဆက်လုပ်ကိုင်ခွင့်ရရှိစေရန် ၂၀၁၂ ခုနှစ်လယ်ယာမြေ ဥပဒေနှင့်အညီ လယ်ယာလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ရရှိရေးအတွက် ဆက်လက်ဆောင်ရွက်နိုင်ပြီဖြစ်သစည်။

မြင်သာမြင်ရ၊ မစားရ ၍ ဆွမ်းမျှမတင်နိုင် သည့် ဘ၀ကလွတ်မြောက်ကြပါစေ။
ယခင်အစိုးရလက်ထက်က “မြင်သာမြင်ရ မကြင်ရ” ဖြစ်ခဲ့သည့် လယ်ယာမြေများကို ယခုကဲ့သို့ တောင်သူများပြန်လည်ရရှိခြင်းမှာ ဥစ္စာရှင်မှန်၍ ပြန်ရ သည်ဟုဆိုရမည်။ ဟိုစဉ်အခါက ဆိုလျှင် တောင်သူများ အနေဖြင့် မိမိတို့ပိုင်လယ်ယာမြေများကို ပြန်လည်ရယူလိုကြသဖြင့် ဆက်ဆိုင်ရာဌာနများသို့ လာရောက်တိုင်ကြားခဲ့ကြသော်လည်း ထိရာက်စွာဖြေရှင်းပေးနိုင်ခဲ့ခြင်းမရှိခဲ့ကြပေ။

ယင်းအတွက်ကြောင့် “ထွန်တုံး” တိုက်ပွဲများဆင်နွဲပြီး မိမိတို့လယ်ယာမြေထဲသို့ ၀င်ရောက်၍ ထွန်ယက်ခဲ့မိကြသဖြင့် “အကျိုးဖျက်ဆီးမှု” “ပိုင်နက်ကျူးလွန်မှု” ရာဇ၀တ်မှုပုဒ်မ ၄၂၇၊ ၄၄၇ တို့ဖြင့် တရားစွဲခံကြရပြီး ထောင်နန်းစံခဲ့ကြရသည်။ ဒုက္ခရောက်ခဲ့ကြရသည်။ ယခုလက်ရှိအရသားအစိုးရလက်ထက်တွင် ယခင်အစိုးရလက်ထက်က သိမ်းယူထားခဲ့သော မြေများကို မူလပိုင်ရှင်များဖြစ်သည့် တောင်သူများထံ သို့ပြန်လည်အပ်နှံပေးသည့်အပြင် သာစဉ်မြေးဆက်လုပ်ပိုင်ခွင့်ရှိသည့် ပုံစံအရ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်ပါရရှိတော့်မည်ဖြစ်၍ တောင်သူများကိုယ်စား ၀မ်းမြောက်ဂုဏ်ယူ မိပါသည်။

ပြည်နယ်တိုင်းအသီးသီး၌ သိမ်းယူခံထားရသည်လယ်ယာမြေများရှိပါကလည်း အမြန်ဆုံးပြန်လည်ရရှိကြပါစေဟု ဆန္ဒပြုလိုက်ရပါသည်။
ဗြဟ္မစိုရ်တရားလက်ပိုင်ထားနိုင်ကြပါစေ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
Royal Theikdi Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service