ရွှေတိဂုံစေတီ ကန့် သတ်ဇုန်အတွင်းရှိ ယခင် စစ် သမိုင်းပြတိုက် နေရာတွင်
ဆောက်လုပ်ရန် အဆိုပြုတင်ပြ ထားသည့် ရှစ်ထပ်မြင့် နိုင်ငံ တကာအဆင့်မီ ဟိုတယ်စီမံကိန်း သည် ရွှေတိဂုံစေတီ၏ သတ်မှတ် အမြင့်ပေထက်
ကျော်လွန်နေပါ က ခွင့်ပြုမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး
အစိုးရ အဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြင့်သောင်းက
ပြော သည်။
အောက်တိုဘာ ၃ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်အစည်းအဝေး၌ ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စား လှယ် ဦးကျော်ဇေယျက ရန်ကုန် စစ်သမိုင်းပြတိုက် နေရာတွင် အမေရိကန်ဒေါ်လာ သန်း ၃၂၀ ကျော်
ရင်းနှီးမြှုပ်နှံမည့် ဟိုတယ် စီမံကိန်းတစ်ခု လုပ်ကိုင်ဆောင် ရွက်နေသည့်သတင်း မှန်ကန်မှု ရှိ၊ မရှိနှင့်ပတ်သက်၍ မေးမြန်း ရာ ဝန်ကြီးက ယင်းသို့ ပြန်လည် ဖြေကြားခဲ့သည်။
အဆိုပါစစ်သမိုင်းပြတိုက် နေရာတွင် ဂျပန်နိုင်ငံမှ Private & Public ရင်းနှီးမြှုပ်နှံသူများနှင့် မြန်မာနိုင်ငံမှ ဧရာဟင်္သာ ကုမ္ပဏီ တို့ အကျိုးတူပူးပေါင်းကာ ခန့် မှန်းကုန်ကျစရိတ် ကန်ဒေါ်လာ သန်း ၃၂၀ ကျော်ရှိမည့် ဟိုတယ် စီမံကိန်းကို ၂၀၁၇ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ဆောက် လုပ်ခွင့်ပြုထားကြောင်း ဦးမြင့် သောင်းက ပြောသည်။‘‘သတ်မှတ်ထားတဲ့ အထပ် များဆိုတာက မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်ကို တင်ပြစဉ် ပရိုပိုဇယ်ထဲမှာ ဖော်ပြထားတဲ့ အထပ်ရေများ ဖြစ်ပါတယ်။ အမှန်တကယ် တည်ဆောက်လာ တဲ့အခါမှာဆိုရင်တော့ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီက သတ်မှတ်ထားတဲ့ ဇုန်နည်းနဲ့ရော၊ အထပ်သတ်မှတ် ချက်နဲ့ရော လိုက်လျောညီထွေ အောင် ဒီစည်းမျဉ်း၊ စည်းကမ်း များကိုလည်း လိုက်နာဆောင် ရွက်ပြီးမှ ဆောက်လုပ်ရမယ်လို့ ကျွန်တော် နားလည်ထားပါတယ်’’ ဟု ၎င်းကပြောသည်။
ရွှေတိဂုံဘုရားလမ်းထောင့် နှင့် ပန်တျာလမ်းထောင့်ရှိ စစ် သမိုင်းပြတိုက်နေရာတွင် အထပ် ရှစ်ထပ်ဖြင့် နိုင်ငံတကာအဆင့်မီ ဟိုတယ် ဆောက်လုပ်မှုမှာ ပြည် ထောင်စုနှင့် သက်ဆိုင်ရာတိုင်း ဒေသကြီး အစိုးရကထုတ်ပြန်ထား သည့် မြို့ပြစီမံကိန်းဆိုင်ရာ အချက်အလက် စည်းကမ်းများနှင့် ညီညွတ်မှုရှိ၊ မရှိ ဦးကျော်ဇေယျက ဆက်လက်မေးမြန်းခဲ့သည်။
‘‘ကျွန်တော်တို့ ဒဂုံမြို့နယ် ထဲမှာက အမြင့်ဆုံးဆို လေးထပ် အဆောက်အအုံပဲရှိတယ်။ အခု ရှစ်ထပ်ဆောက်ဖို့ ခွင့်ပြုထားတာ ကိုက်ညီမှုရှိပါသလားဆိုတော့ ကျွန်တော်သိသလောက် ဗဟုသု တအရ ကိုက်ညီမှုမရှိပါဘူး’’ဟု ၎င်းကဆိုသည်။
ဦးကျော်ဇေယျမေးမြန်းမှုကို ဦးမြင့်သောင်းက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့ တင်ပြထားသော အထပ်အရေ အတွက်ဖြစ်သော်လည်း သက် ဆိုင်ရာ စည်ပင်သာယာရေးကော် မတီ၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနတို့က သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့် မကိုက်ညီပါက အဆိုပါစီမံကိန်း ကို ခွင့်ပြုမည်မဟုတ်ကြောင်း ပြောသည်။
ထို့အပြင်၎င်းဟိုတယ် ဆက် လက်ဆောက်လုပ်ရာ၌ လည်း အထပ်အမြင့် သတ်မှတ်ချက်ကို ခွင့်ပြုချက်ထပ်ယူရမည်ဟု ထင် မြင်မိကြောင်း ဝန်ကြီးက ဆိုသည်။
အဆိုပါ စစ်သမိုင်းပြတိုက် မြေနေရာ အကျယ်အဝန်းမှာ ၉ ဒသမ ၀၂၈ ဧကရှိပြီး ၂၀၁၃ တွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ဦးအာယုဆိုသူကို ဆောက်လုပ်ခွင့်ပါမစ် ချထားပေး ခဲ့သည်။
၂၀၁၇ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ဥပဒေသစ်အရ ဟိုတယ် စီမံကိန်းဆောက်လုပ်မည့် ပရော ဂျက်ကို မြန်မာကုမ္ပဏီနှင့် ဂျပန် ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက် ရန် MIC သို့ တင်ပြရာ ခွင့်ပြုပေး ခဲ့သည်။
ယင်းစီမံကိန်း ဆောက်လုပ် သည့် ကာလအတွင်း မြေငှားရမ်း ခကို ကန်ဒေါ်လာ တစ်နှစ်လျှင် ငါးသိန်းနှင့် ကျန်နှစ်များတွင် ပုံ မှန် စီးပွားရေးလည်ပတ်ချိန်၌ ကန်ဒေါ်လာ ၁ ဒသမ ၈၂,၂၅၆ သန်းပေးရန် သဘောတူစာချုပ် ချုပ်ဆိုထားသည်။
အထပ်ရှစ်ထပ်ရှိ နိုင်ငံ တကာအဆင့်မီဟိုတယ်၊ အထပ် ရှစ်ထပ်ရှိ ရုံးခန်းများနှင့် နှစ်ထပ် အမြင့်ရှိ ဈေးဝယ်စင်တာတို့ကို ဆောက်လုပ်ရန် တင်ပြထား
ကြောင်း ဦးမြင့်သောင်းက ပြော ကြားသည်။
Credit: 7Daydaily