ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ နိုင်ငံပိုင်အဆောက် အအုံနှင့် မြေကွက်များအား လုပ် ငန်းလုပ်ကိုင်ရန် နည်းအမျိုးမျိုး ဖြင့် ရယူထားပြီး အမှန်တကယ် လုပ်ဆောင်ခြင်းမရှိသည့် မြေ ကွက်နှင့် အဆောက်အအုံများကို နိုင်ငံပိုင်အဖြစ်
ပြန်လည်သိမ်းယူ ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အား တိုက်တွန်းကြောင်း အဆိုကို အောက်တိုဘာ ၃ ရက်တွင် ပြု လုပ်သည့် တိုင်းဒေသကြီးလွှတ်
တော်၌ တင်သွင်းခဲ့သည်။
အဆိုပါအဆိုကို မင်္ဂလာ တောင်ညွန့်မဲဆန္ဒနယ်မှ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးလှဌေးက တင်သွင်းခဲ့ရာ ကန့်ကွက်သူမရှိ၍ အောက်တို ဘာ ၁၁ ရက်တွင် ဆွေးနွေးမည် ဖြစ်သည်။
‘‘နိုင်ငံပိုင်အဆောက်အအုံ မြေကွက်များကို ရယူစဉ်ကလည်း ဈေးနှုန်းမှန်မဟုတ်ဘဲ လျော့နည်း လွန်းတဲ့ ဈေးတွေနဲ့မတရား လက် သိပ်ထိုးရယူထားတာဖြစ်ပြီး လုပ် ငန်းတွေကိုလည်း လုပ်ကိုင် ဆောင်ရွက်ခြင်းမရှိတဲ့အတွက် ကြောင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ အခွန်အခများနဲ့ အခြားဝင်ငွေများလည်း နစ်နာဆုံး ရှုံးနေပါတယ်’’ဟု ဦးလှဌေးက လွှတ်တော်၌ တင်သွင်းစဉ်ပြောဆို ခဲ့သည်။
ရန်ကုန်တိုင်းတွင် နိုင်ငံပိုင် အဆောက်အအုံနှင့် မြေကွက်များ ကို ပုဂ္ဂလိက လုပ်ငန်းရှင်များက ပတ်သက်ရာပတ်သက်ကြောင်း များကို မတန်တဆဈေးဖြင့် ရောင်းချခြင်း၊ နှစ်ရှည်ငှားရမ်း ခြင်း၊ အထူးဂရန်ထုတ်ပေးခြင်း၊ အကြောင်းအမျိုးမျိုးပြ သိမ်းယူ ခြင်း၊ နည်းလမ်းအမျိုးမျိုးဖြင့် လျှောက်ထားရယူခြင်းများဖြင့် ခေတ်အဆက်ဆက် ရယူပိုင်ဆိုင် ထားသည်မှာ ကုန်သလောက် ပင်ရှိနေကြောင်း ၎င်းကပြော သည်။ ထိုသို့ ရယူထားသူများ သည် မတန်တဆဈေးများဖြင့် ရယူထားပြီး အချို့က စီးပွား အလွန်ဖြစ်ထွန်းနေပြီး အချို့က တစ်ဆင့်ပြန်လည်ရောင်းချ၍ အကျိုးအမြတ်များစွာ ရရှိနေ ကြောင်း၊ တချို့မှာ မည်သည့်လုပ် ငန်းမှ မလုပ်ကိုင်ဘဲ မူလအတိုင်း ရှိနေသည်ကို တွေ့ရကြောင်း ဦးလှဌေးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိသည့် နိုင်ငံပိုင် အဆောက် အအုံနဲ့ မြေကွက်များ၊ စက်မှုဇုန် မြေများ၊ စီမံကိန်းမြေများကို နည်းလမ်းအမျိုးမျိုးဖြင့် ရယူထား
ကြပြီး အကောင်အထည်ဖော် လုပ်ကိုင်ခြင်းမရှိသည့် မြေနေရာ များ၊ အဆောက်အအုံများလည်း များစွာရှိနေသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။
Credit: 7Daydaily