ထားဝယ်အထူးစီးပွား ရေးဇုန် အကောင်အထည်ဖော် ရေး သဘာဝပတ်ဝန်းကျင် (EIA) နှင့် လူမှုရေး အကျိုးသက်ရောက် မှု (SIA) ဆန်းစစ် လေ့လာချက် များကို လာမည့်သုံးလအတွင်း စ တင် အကောင်အထည်ဖော်မည် ဟု ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ တွဲဖက်အ တွင်းရေးမှူးဦးမျိုးမြင့်ဦးက ပြော သည်။
မြေယာလျော်ကြေးနှင့် ဒေ သခံများ ပြောင်းရွှေ့ရေးကို နိုင်ငံ တကာ စံနှုန်းနှင့်အညီ ဆောင်ရွက်ရန် သုံးလအတွင်းစစ်တမ်းများ ကောက်ယူမည်ဟု
၎င်းကပြောကြားသည်။
‘‘နံပါတ် (၁) ဦးစားပေးက တော့ လမ်းနဲ့မီးပေါ့။ လျှပ်စစ်မီးနဲ့ လမ်းရရှိရေးကို အဓိကထားပြီးဦး စားပေးလုပ်နေပါတယ်’’ ဟု တွဲ ဖက်အတွင်းရေးမှူး ဦးမျိုးမြင့်က ပြောသည်။
သဘာဝပတ်ဝန်းကျင်နှင့်လူ မှုရေး အကျိုးသက်ရောက်မှု ဆန်း စစ်လေ့လာချက်များ ပြုလုပ်ရာ တွင် မြေယာပြဿနာများ ဖြေရှင်း ရေးသည် ရှုပ်ထွေးခက်ခဲသည်ဟု ထားဝယ် အထူးစီးပွားရေးဇုန် စီမံ ခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ
တစ်ဦးက ပြောသည်။
ထားဝယ် အထူးစီးပွားရေး ဇုန်သည် အပိုင်းနှစ်ပိုင်းရှိပြီး ပထမ အဆင့်ကို မြန်မာနှင့် အီတာလျံ- ထိုင်းကုမ္ပဏီတို့ သဘောတူစာ ချုပ်ချုပ်ခဲ့ပြီး ဒုတိယအဆင့်တွင် မြန်မာ၊ ဂျပန်၊ ထိုင်းအစိုးရများ ပါဝင်ရန် သဘောတူထားသည်။
ထားဝယ် အထူးစီးပွားရေး ဇုန် ပထမအဆင့်စီမံကိန်း ဖြစ် သည့် ထိုင်းနိုင်ငံနယ်စပ်ကန်ချနာ ဘူရီမှ စီးပွားရေးဇုန်သို့ သွားသည့် နှစ်လမ်းသွားလမ်းမကြီးကို စတင် ရန် မြန်မာ-ထိုင်း ပညာရှင်များ လေ့လာဆန်းစစ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးဖြိုးဝေထွန်းကပြောသည်။
ထားဝယ် စီးပွားရေးဇုန်ကို အကောင်အထည်ဖော်ရန် ၂၀၀၈ တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရ တို့ လက်မှတ်ရေးထိုးပြီးနောက်၁၀ စုနှစ် တစ်ခုနီးပါး ကြာမြင့်ချိန်မှ စတင်အကောင်အထည်ဖော် နိုင်မည့်အခြေအနေမျိုး ဖြစ်နေသည်။
Credit: 7Daydaily