Golden City မှ ၄င်း၏ အဆင့်မြင့်ကွန်ဒို တိုက်ခန်းများကို ရိုးမဘဏ်နှင့် ချိတ်ဆတ်ပြီး အရစ်ကျရောင်းချပေးရန် သဘောတူညီမှု ရရှိသွားပြီဖြစ်သည်။
ရန်ကင်းမြို့နယ်တွင်တည်ဆောက်နေသော Golden City ၏ စီမံကိန်းမှ
အခန်းများကို ၁၅နှစ် အရစ်ကျစနစ်ဖြင့်ရောင်းချရန် ရိုးမဘဏ်နှင့် Golden City
တို့သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည် ။
၎င်း အစီအစဉ်တွင် ၀ယ်ယူသူများသည် မိမိဝယ်ယူမည့်အခန်း၏ စုစုပေါင်းကျသင့်ငွေ ၏ ၇၀ရာခိုင်နှုန်း အထိချေးငွေလျှောက်ထားနိုင်ကြောင်းသတ်မှတ်ထားသည်။
Golden City ကုမ္ပဏီသည်အဆင့်မြင့်လူနေတိုက်ခန်းများကို အတိုးမဲ့ ၄၈လ အရစ်ကျငွေပေးချေမှုဖြင့်ယခင်က ရောင်းချခဲ့ပြီး လက်ရှိတွင် ၁၅နှစ်ကြာချေးငွေ လျှောက်ထားမှု အဖြစ် ရိုး မဘဏ်နှင့် ပူးပေါင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါအစီအစဉ်ဖြင့် လက်ရှိတွင် ပထမဆုံးဝယ်ယူသည့် ကွန်ဒိုတိုက်ခန်း
အခန်း ၃၀ တွင် အထူးနှုန်း အတိုး တစ်ရပ်ဖြင့် ပရိုးမိုးရှင်း
အစီအစဉ်ဖြင့်ရောင်းချရန် လည်းစီစဉ်ထားသည်။
Golden city စီမံကိန်းသည် စင်ကာပူစတော့ အိတ်ချိန်းဝင် ကုမ္ပဏိဖြစ်သော Golden Land Estate ကုမ္ပဏိမှ ရန်ကုန်မြိ့၌ ပထမဆုံးတည်ဆောက်သော
စီမံကိန်းလည်းဖြစ်သည်။
စီမံကိန်းသည် ယခင်ရန်ကင်းစာရင်းစစ်ချုပ်ရုံးဟောင်းမြေနေရာတွင်
တည်ဆောက်နေခြင်းဖြစ်ကာ စီမံကိန်းကို ၂၀၁၄ မတ်လကစတင်ခဲ့သည်။
စုစုပေါင်း အမေရီကန် ဒေါ်လာ သန်း၂၉၀ ကျော်ရင်းနှီးမြှပ်နှံမည့်
အဆိုပါစီမံကိန်းသည် ၂၀၁၈ အတွင်းပြီးစီးရန် ရည်မှန်းထားသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com