မန္တလေးမြို့ရဲ့ အိမ်ခြံမြေဈေးကွက်ကတော့ လတ်တလောမှာ အရောင်းရောအငှားပါ ပုံမှန်ရှိနေတယ်လို့ ဖိုးလမင်း အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းက သိရပါတယ်။ လက်ရှိမှ မြို့သစ်နဲ့ စက်မှုကတော့ အရောင်းအဝယ်ဖြစ်နေပါတယ်။
မြို့ထဲပိုင်းမှာ အိမ်ခြံမြေ ဈေးကွက်ကမြင့်မားနေပြီး မြို့သစ်၊ စက်မှုဘက်တွေမှာတော့ စီမံကိန်းတွေနဲ့အတူ လမ်းပန်းဖွံ့ ဖြိုးလာတဲ့အတွက်
အဆိုပါနေရာတွေကို အရောင်းအဝယ်ပြုလုပ်လာကြတယ်လို့ သိရပါတယ်။
ဈေးနှုန်းကတော့ အနည်းဆုံး ကျပ်သိန်း ၁၅၀ ခန့်မှစကာ ကျပ်သိန်း ၅၀ဝ၊ သိန်း ၁၀ဝ၀ ကနေ သောင်းဂဏန်းဝန်းကျင်အထိအလွှာအ လိုက် အရောင်းအဝယ်ဖြစ်ထွန်းနေတယ်လို့ ဆိုပါတယ်။
မန္တလေးမြို့ရဲ့ အိမ်ခြံမြေအရောင်းအဝယ် ရှေ့လာမယ့်အလားအလာကတော့ ဝါကျွတ်ကာလမှာ အငှားဈေးကွက်ရောအရောင်းအဝယ်ဈေး ကွက်ပါ ပိုပြီးသွက်လက်လာဖို့ခန့်မှန်းတယ်လို့ ဖိုးလမင်းအိမ်ခြံမြေ အကျိုးဆောင်က စီအီးအို ကိုဝဏ္ဏစိုးက ပြောပါတယ်။
Credit: The Kumudra