ကျပ် ကိုးသိန်းခြောက်သောင်းအထိ စံ ချိန်တင် မြင့်တက်ခဲ့သည့် မြန်မာ့ ရွှေဈေးမှာတဖြည်းဖြည်းပြန်ကျ နေပြီဖြစ်သော်လည်း အမြင့်ပိုင်း တွင်သာရှိနေသေးကြောင်း ရွှေ လုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။
မြန်မာ့ရွှေဈေးကွက်အတွင်း လက်ရှိတွင် ကမ္ဘာ့ရွှေဈေးပြန်ကျ နေသည့်အတွက် မြန်မာ့ရွှေဈေး မှာလိုက်ကျနေခြင်းဖြစ်ပြီး ကျပ်ရှစ် သိန်းအောက်သို့မရောက်ဘဲ ကျပ် ကိုးသိန်းကျော်ဖြင့် အမြင့်ပိုင်းတွင် သာရှိနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ လုံးဆိုင်ရာရွှေလုပ်ငန်းရှင်များအ သင်းမှတာဝန်ရှိသူတစ်ဦးကပြော သည်။
""ရွှေဈေးကကျတယ်ဆိုပေမယ့် အမြင့်ပိုင်းမှာပဲရှိသေးတယ်။ပြီးခဲ့တဲ့သုံးနှစ်လောက်ကရွှေဈေး ကကျပ်ငါးသိန်းကျော် ကျပ်ခြောက် သိန်းဝန်းကျင်ပဲရှိတာကနေ ဒီနှစ် မှာဆို စံချိန်အမြင့်ဆုံးဖြစ်ပြီး ဈေး တက်ခဲ့တယ်""ဟု၎င်းကပြောသည်။
အောက်တိုဘာ ၁ ရက်တွင် ရန်ကုန်မီးလင်းရွှေတစ်ကျပ်သား လျှင်ကျပ် ၉၃၂ဝဝဝ၊ ကမ္ဘာ့ရွှေ ဈေး မှာ အမေရိကန်ဒေါ်လာ ၁၂၈၀ ဖြစ်ပြီး ၁၅ ပဲရည်ရွှေတစ်ကျပ်သား လျှင် ကျပ် ၈၇၅ဝဝဝ ဖြစ်ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး ရွှေ ဝယ်ယူသူတစ်ဦးက""ရွှေကတော့ ပိုက်ဆံရတော့လုပ်ထားချင်တယ်။ဈေးကတက်နေတော့ဆိုင်တွေမှာ လုပ်ရင်ရွှေနည်းမယ်လို့တွက်မိလို့ အလျော့တွက်လက်
ခမရှိတဲ့ဒုံးပဲ လုပ်ဖြစ်တယ်""ဟုပြောသည်။
လက်ရှိတွင်ရွှေဈေးသည်အ မြင့်ပိုင်းတွင်ရှိနေသည့်အတွက် ဝယ်သူထက်ပြန်ရောင်းသူများပြန် ရောင်းနေပြီး ရွှေဈေးကွက်မှာအ ရောင်းအေးနေကြောင်း
တိတ်စိန် ရွှေဆိုင်မှဦးဇော်အောင်ကဒီမိုကရေစီတူဒေးသို့ပြောသည်။
""ရွှေဈေးအကျကိုစောင့်နေ ကြတာလည်းပါမှာပေါ့။ ရွှေဈေးနည်း နည်းပြန်ကျရင်တော့ပြန်ပြီးအ ရောင်းတက်လာမယ်ဆိုပြီးမျှော် လင့်ပြီး ရောင်းနေကြတာပေါ့ဗျာ""ဟု၎င်းကပြောသည်။မြန်မာနိုင်ငံတွင်လည်း ရွှေဗ ဟိုဈေးကွက်တစ်ခုဖော်ဆောင်နိုင်ရန်အတွက်လည်း စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊ပြည်ထဲရေး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအ သင်း၊ မြန်မာ့ရွှေဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီတို့မှပူးပေါင်း ဆောင်ရွက်နေကြောင်း သိရသည်။
စက်တင်ဘာ ၂၉ ရက်က ရန် ကုန် မီးလင်းရွှေတစ်ကျပ်သားလျှင် ကျပ် ၉၃၃၈ဝဝ/၉၃၄ဝဝဝ၊ ကမ္ဘာ့ ရွှေတစ်အောင်စလျှင် ကန်ဒေါ် လာ ၁၂၇၉ ဖြစ်ပြီး ၁၅ ပဲရည်ရွှေ တစ်ကျပ်သားလျှင်ကျပ် ၈၇၆ဝဝဝ ဖြစ်ပြီး စက်တင်ဘာ ၃၀ ရက်တွင် ရန်ကုန်မီးလင်းရွှေတစ်ကျပ်သား လျှင်ကျပ် ၉၃၃ဝဝဝ/၉၃၃၂ဝဝ၊ ကမ္ဘာ့ရွှေတစ်အောင်စလျှင် ၁၂၇၉ ဖြစ်ကြောင်း သိရသည်။
ယမန်နှစ်က ကာလတူအချိန် တွင်မြန်မာ့ရွှေဈေးမှာကျပ်ရှစ်သိန်း ကျော်သာရှိခဲ့ပြီး ယခုနှစ်တွင်ကျပ် ကိုးသိန်းကျော်ထိ မြင့်တက်နေခြင်း ဖြစ်ကြောင်း
သိရသည်။
Credit: Democracytoday