နိုင်ငံကူး လက်မှတ်ရှိရုံနဲ့ ရက်ပေါင်း ၃၀ ကြာ အပြန်အလှန်သွားရောက်ခွင့်ရှိတဲ့ ဗီဇာကင်းလွတ်ခွင့်ရတဲ့ ၂၀၁၆ ဒီဇင်ဘာလကစပြီး စင်ကာ ပူနဲ့ မြန်မာနိုင်ငံနှစ်နိုင်ငံခရီးသွားလုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဟာ သိသိသာသာ ဖွံ့ဖြိုးတိုးတက်လာပါတယ်။
စင်ကာပူသံအမတ်ကြီး မစ္စတာရောဘတ်ချူက ‘မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ စင် ကာပူ ခရီးသွားတွေ တိုးတက်တာ အားရစရာကောင်းပါတယ်၊ စင် ကာပူကနေ ပြန်လာတိုင်း လေယာဉ်ပေါ်မှာ စင်ကာပူခရီးသည် တွေကို အမြဲလိုလိုတွေ့တယ်၊ စင်ကာပူကို လာတဲ့ မြန်မာနိုင်ငံက ခရီးသွားတွေလဲ စဉ်ဆက်မပြတ် တိုးတက်လာတာကို တွေ့ရတယ်” လို့ ရန်ကုန်မှာ ပြုလုပ်တဲ့ စင်ကာပူခရီးသွားပွဲတော်မှာ ပြောပါတယ်။
စင်ကာပူခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့အစည်းရဲ့ စစ်တမ်း ကောက်ယူချက်တွေအရ ဗီဇာကင်းလွတ်ခွင့်ရပြီး တစ်လအတွင်း မြန်မာနိုင်ငံသား ခရီးသွား ၄၀ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်က စင်ကာပူနိုင်ငံကို မြန်မာခရီးသွား ၁၁၄,ဝ၀ဝ ခန့် လာရောက်ခဲ့တယ်လို့ သိရပါတယ်။
မစ္စတာရောဘတ်ချူက “ဒါတွေက အရမ်းကို အားရစရာ ကောင်းပါတယ်၊ ခရီးသွားလုပ်ငန်းက နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိတဲ့ လုပ်ငန်းလို့ ယုံကြည်တယ်၊ ကျွန်တော့်အနေနဲ့ ပြောရမယ်ဆို ရင် ခရီးသွားလာနေတာကနေ နှစ် နိုင်ငံအကြောင်း ပိုမိုသိရှိနားလည်လာပြီး စင်ကာပူခရီးသွားတွေက မြန်မာနိုင်ငံမှာ လာရောက်လည် ပတ်ရင်း ပျော်ရွှင်ကြသလို မြန်မာခရီးသွားတွေကလဲ စင်ကာပူမှာ ပျော်ရွှင်ရမယ်ဆိုတာ သေချာပါတယ်” လို့ ပြောပါတယ်။
စင်ကာပူနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ဒုတိယမြောက် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု အများဆုံးနိုင်ငံ ဖြစ်တယ်။ စွမ်းအင်၊ ပညာရေး၊ အခြေ ခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ မှာ ဆက်လက်ရင်းနှီးမြှုပ်နှံဖို့ စင် ကာပူ စီးပွားရေးလုပ်ငန်းရှင်တွေက စောင့်ကြည့်နေကြောင်း သိရ ပါတယ်။
အခြားစီးပွားရေးနယ်ပယ်ဖြစ် တဲ့ ထောက်ပံ့ပို့ဆောင်ရေးဝန် ဆောင်မှုလုပ်ငန်းမှာလည်း စိတ်ဝင်စားမှုများလာတယ်။ မကြာသေးမီက စင်ကာပူ ကုမဏီတစ်ခုက ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ ကုန်တွင်းဆိပ်ကမ်း (Dry Ports) တည်ဆောက်ရေးအတွက် တင်ဒါ အောင်မြင်ထားတယ်။ ဒါ့ပြင် ဥပဒေအကြံပေးဝန်ဆောင်မှုဖြစ်တဲ့ (Law Firm) တွေ ဖွင့်လှစ်ထားတာ အခုဆိုရင် ခုနစ်ခု ရှိနေပြီ”လို့ သိရပါတယ်။
ဟိုတယ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေမှာလည်း နှစ်နိုင်ငံဖက်စပ် ဟိုတယ်တွေ ပူးပေါင်းဆောင်ရွက်နေရာ မကြာမီအချိန်အတွင်း ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်တဲ့ ဂျန်းရှင်း စီးတီးရှော့ပင်းစင်တာနဲ့ တွဲလျက်ရှိတဲ့ အခန်း ၂၅၀ ပါ ပန်ပစိဖိတ် ဟိုတယ်ကို အောက်တိုဘာလမှာ ဖွင့်လှစ်မှာဖြစ်ပါတယ်။
‘သူတို့က ဟိုတယ်လုပ်ငန်းတွေ၊ ဖက်စပ်လုပ်ငန်းတွေနဲ့ ဟိုတယ်အသစ် တည်ဆောက်ရေး လုပ်ငန်းတွေမှာ အမြဲစိတ်ဝင်စားကြတယ်၊ စင်ကာပူနိုင်ငံသားတစ် ယောက်က သူ ကလောမှာ ဟိုတယ်ဖွင့်ဖို့ ရင်းနှီးမြှုပ်နှံထားတယ် လို့ ပြောပါတယ်၊ ကလောတောင်တက် ခရီးသွားလေးတွေ ကြိုက်တဲ့ကုန်းမြင့်မြို့လေ၊ ကျွန်တော့် မိသားစုနဲ့အတူ သွားလည်ဖူးတယ်” လို့ လို့ မစ္စတာရောဘတ်ချူးက ပြောပါတယ်။
၂၀၁၇ – ၂၀၁၈ ဟာ စင်ကာပူ ခရီးသွားလုပ်ငန်းအတွက် မြန်မာနိုင်ငံက ခရီးသွားအလှည့်အ ပြောင်းဖြစ်မယ့် ကာလအဖြစ် မျှော်မှန်းထားတယ်လို့ စင်ကာပူခရီး သွားလုပ်ငန်း ဘုတ်အဖွဲ့အစည်း အမှုဆောင်အရာရှိချုပ်က ပြေပါ တယ်။
အခုနှစ် ဇန်နဝါရီလက ဇွန်လအထိ ပထမခြောက်လအတွင်း စင်ကာပူနိုင်ငံကို မြန်မာခရီးသွား ၇၆,ဝ၀ဝ ခန့် ဝင်ရောက်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ် အလားတူလနဲ့ နှိုင်းယှဉ်ရင် ခရီးသွား ၂၈ ရာခိုင်နှုန်း တိုးတက်ပါတယ်။
မြန်မာနိုင်ငံကို ပြီးခဲ့တဲ့နှစ်အတွင်း စင်ကာပူ ခရီးသွားဦးရေမှာ ၅၀,ဝ၀ဝ ခန့် ရှိခဲ့တယ်လို့ ဟိုတယ် နဲ့ ခရီးသွားဝန်ကြီးဌာနရဲ့ စာရင်းအရ သိရပါတယ်။
Credit: The Kumudra