မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေရောင်းဝယ်ငှား ဝဘ်ဆိုက်ဖြစ်သော iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ ကြီးမှူး၍ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နှင့် အောက်တိုဘာလ ၁ ရက်နေ့ များတွင် iGREEN Development & Engineering Group မှ တည်ဆောက်လျှက်ရှိသည့် Royal Thiri ကွန်ဒိုစီမံကိန်း အတွက် အထူးအိမ်ရာအရောင်းပြပွဲတစ်ရပ်ကို ပြည်သူ့ရင်ပြင်ရှိ Myanmar Culture Valley တွင် စည်ကားသိုက်မြိုက်စွာ
ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါပွဲတွင် အထူးအစီအစဉ်အဖြစ် ပထမဆုံးဝယ်ယူသူ (၂၀) ဦးအား ၂၀% အထိ အထူးလျှော့ဈေးများအပြင် အရစ်ကျငွေချေလိုပါက လစဉ် လေးသိန်း ခုနှစ်သောင်းကျော်ဖြင့် ၁၅ နှစ် အထိ ငွေချေနိုင်ရန် စီစဉ်ထားပေးပြီး ရောင်းချခဲ့ရာ ကျပ်ငွေ (၃.၄) ဘီလီယံ (အမေရိကန်ဒေါ်လာ၂.၅ သန်း) ကျော်
တန်ဖိုးရှိသော ကွန်ဒိုအခန်းများကို ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
“အိမ်ရာချေးငွေကို ဘဏ်မှာ သွားလျှောက်ထားစရာ မလိုအောင် စီစဉ်ပေး
ထားပြီး အတိုးနှုန်းကိုလည်း ဘဏ်ထက်သက်သာအောင် စီစဉ်ပြီး ရောင်း
ချပေးခဲ့ပါတယ်။ ဒီကွန်ဒိုစီမံကိန်းဟာ ရန်ကုန်မြို့  လေဆိပ်၊ စော်ဘွားကြီးကုန်း၊ YCDC ဂေါက်ကွင်းတို့နဲ့ နီးတဲ့နေရာမှာတည်ရှိတဲ့အတွက် အချက်အချာကျတယ်။ ရင်းနှီးမြှုပ်နှံချင်သူတွေအတွက် ရေရှည်မှာ ဈေးတက်မြန်ပါလိမ့်မယ်” ဟု iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ ဦးနေမင်းသူမှ
ရှင်းလင်းပြောကြားခဲ့သည်။
"ယခုရောင်းချပေးတဲ့ ကွန်ဒိုစီမံကိန်းကို လေဆိပ်အနီး YCDC ဂေါက်ကွင်းနားမှာ တည်ဆောက်လျှက်ရှိပါတယ်။ လက်ဆွဲအိတ်ယူလာပြီး အသင့်နေထိုင်နိုင်ရန် ပြင်ဆင်ပေးထားမှာ ဖြစ်ပါတယ်။ ကျပ်သိန်း ၉၀၀ ဝန်းကျင်ဖြင့် ကွန်ဒို Facilities များ ပါဝင်အောင် ထည့်သွင်းပေးထားတယ်။ Junction 8 နဲ့
နေ့စဉ်ပြေးဆွဲပေးမယ့် မြန်မာပြည်ရဲ့  ပထမဆုံး Shuttle Bus ဝန်ဆောင်မှုကိုပါ ထည့်သွင်းထားပါတယ်။ ကွန်ဒိုမီနီယံဥပဒေက မကြာခင်မှာ ထွက်ရှိလာတော့မှာပါ။ ကွန်ဒိုဥပဒေထွက်ရှိလာရင် ကွန်ဒိုဈေးတွေ ၁၅% လောက်အထိ မြင့်တက်လာနိုင်တဲ့အတွက် ယခုကတည်းက ကြိုပြီး ဝယ်ကြတဲ့အတွက် ရောင်းအားကောင်းခဲ့တာပါ” ဟု iGREEN Development & Engineering Group ၏
ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးကျော်နိုင်မှ ပြောကြားခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)