ခွင့်ပြုချက်မဲ့အဆောက်အဦးတွေ ဒါဏ်ကြေးဆောင်လို့မဆုံးတော့ပေ

ခွင့်ပြုချက်မဲ့အဆောက်အဦးတွေ ဒါဏ်ကြေးဆောင်လို့မဆုံးတော့ပေ - Property News in Myanmar from iMyanmarHouse.com
2 Oct 2017 12:06 pm တွင် တင်ခဲ့သည်
6288 ကြိမ် ကြည့်ရှု့ပြီး
ယခုဒီမိုကရေစီ အရပ်သားအစိုးလက်ထက်တွင် ယခင်အစိုးရလက်ထက်ကကဲ့သို့ အဆောက်အဦးများဆောက်လုပ်မှုများကိုမြင်တွေ့နေရပါသေးသည်။
တိုက်ခန်းအရောင်းအ၀ယ်များလုံးရပ်ဆိုင်းသွားခြင်းတော
့မဟုတ်ပါ။ အမှန်တကယ်နေလို့သူများနှင့် တိုက်ခန်းဝယ်၍ ငွေကြေးမြှူပ်နှံ
လိုသူများကမူ တိုက်ခန်းရှာဖွေဝယ်ယူလျက်ရှိသည်ကိုတွေ့ရပါသည်။

သို့သော် ယခင်ကကဲ့သို့ အလုအယက်ဝယ်ယူရခြင်းမျိုးကိုမူ မတွေ့ရပါ။ ၀ယ်ယူမည့်သူများမှာ တတ်ကျွမ်းနားလည်သောသူများကို ခေါ်၍ သေချာစွာစိစစ်ပြီင်္းမှ ၀ယ်ယူလာကြသည်ကို တွေ့ရသည် သို့မှသာ မိမိဝယ်ယူသည့်တိုက်ခန်းပေါ်တွင် စိတ်အေးချမ်းသာစွာနေထိုင်နိုင်ကြမည်ဖြစ်ပါသည်။

သို့ရာတွင် ယနေ့အထိအချို့သော မြို့နယ် များတွင် ခွင့်ပြုချက်မဲ့ဆောက်လုပ်နေခြင်း ခွင့်ပြုချက်ထက်ပိုမိုသည့် အထပ်မြင့်ဆောက်လုပ်နေခြင်း များလည်းရှိနေသေးသဖြင့် တည်ဆောက်ခွင့်ပါမစ်ဖြင့် ဆောက်ခြင်းဟုတ်မဟုတ်လူနေထိုင်ခွင့်ရမရတို့မှာ တိုက်ခန်းဝယ်ယူလိုသူတို့အတွက် အထူးလေ့လာထားသင့်သော အချက်ဖြစ်ပါသည်။

ယင်းအကြောင်းများကို လွှတ်တော်ကိုယ်စားလှယ် “ဦးရန်ရှင်း” ကမေးသဖြင့် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင် မှ ပြန်လည်ဖြေကြားထားသည်ကို (၄.၉.၂၀၁၇) နေမြို့တော်သတင်းတွင် ဤသို့တွေ့ရသည်။

ခွင့်ပြုချက်မရှိ၊ ခွင့်ပြုချက်နဲ့ ကွဲလွဲပါက လုပ်ငန်းရပ်ဆိုင်း
ရန်ကုန်မြိုကတော်စည်ပင်သာယာနယ်နိမိတ်အတွင်း ဤခွင့်ပြုချက်မဲ့အဆောက်အဦးများ တည်ဆောက်နေကြခြင်းများကို ယခုတိုင်မြင်တွေနေရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ခွင့်ပြုချက်မဲ့အဆောက်အဦးနှင့် ခွင့်ပြုပုံစံဖြင့် ကွဲလွဲသည့် အဆောက်အအုံများအား စစ်ဆေးတွေ့ရှိပါက လုပ်ငန်းများကို ရပ်ဆိုင်းစေပြီး ခွင့်ပြုချက်ရယူစေရန် အသိပေးအကြောင်းကြားသည်ဟုသိရပါသည်။

ထောင်ဒဏ်ငွေဒဏ်အပြစ်ပေးနိုင်သည့် စည်ပင်ဥပဒေပုဒ်မ ၆၈ နှင့် ၆၉

လိုက်နာမှုမရှိဘဲ ဆက်လက်လုပ်ဆောင်နေပါက ၂၀၁၃ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်ရေး ဥပဒေပုဒ်မ ၆၈ နှင့် ၆၉ အရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တရားလိုပြုလုပ်၍ သက်ဆိုင်ရာတရားရုံးတွင် ကျူးလွန်သူကို တရားစွဲဆိုပါသည်။ ပုဒ်မ ၆၈ တွင် လည်း မည်သူမမဆို ဤဥပဒေပါ တားမြစ်ချက်တရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း (သို့မဟုတ်) လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစေလျှင် ထိုသူကို ထောင်ဒဏ် (၁) နှစ် အထိဖြစ်စေ အနည်းဆုံး ငွေဒါဏ်တစ်သောင်းကျပ်မှ အများဆုံး ငွေဒဏ် (၅) သိန်း ကျပ်အထိဖြစ်စေ ဒါဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟုပါရှိပါသည်။

တစ်နေ့တစ်သောင်းဒဏ်ရိုက်နိုင်သည့်ပုဒ်မ က-၆၉

ပုဒ်မ - ၆၉ ပုဒ်မ -၆၈ အရဖြစ်ပါက ချမှတ်ခံရသူသည် အဆိုပါ ပြဒါန်းချက်ကို ဆက်လက်ဖောက်ဖျက်ကျူးလွန်လျှင် (သို့မဟုတ်) လိုက်နာရန်ပျက်ကွက်လျှင် ထိုသူကို ဆက်လက်ဖောက်ဖျက်ကျူးလွန်သည့်နေ (သို့မဟုတ်) လိုက်နာရန် ပျက်ကွက်သည့်နေမှစ၍ တစ်နေ့လျှင် အနည်းဆုံး ဒါဏ်ငွေ တစ်သောင်းကျပ်မှ အများဆုံး ဒဏ်ငွေ ငါးသောင်းကျပ်အထိဖြစ်စေ၊ (၁) နှစ်အထိထောင်ဒါဏ်ဖြစ်စေ ချမှတ်ရမည်ဟု ပြဒါန်းထားပါသည်။

ခွင့်ပြုချက်မဲ့အဆောက်အဦး ခွင့်ပြုမိန့်ရရှိရေး ကြိုတင်ဒါဏ်ကြေးပေး

ခွင့်ပြုချက်မဲ့ အဆောက်အဦးများနှင့် ခွင့်ပြုအထပ်အရေအတွက်ထက် ပိုမိုဆောက်လုပ်ထားသည့် အဆောက်အဦးများကို တရားရုံးမှ ချမှတ်ထားသော ပြစ်ဒါဏ်များကျခံစေရမည့်အပြင် ခွင့်ပြုမိန့် တင်ပြလာပါကလည်း ကြိုတင်ဆောက်လုပ်ဒါဏ်ကြေးငွေကောက်ခံပြီးမှသာ ခွင့်ပြုမိန့်ရရှိရေးကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရပါသည်။

ပညာပေးဆွေးနွေးခဲ့သည်က မြို့ထဲမှာမြို့သစ်တွေမလာပါ

လက်ရှိအခြေအနေ၌ ဒါဏ်ကြေးငွေတိုးမြှင့်ကောက်ခံခြင်းမရှိသေးဘဲ ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဥပဒေအရ သာအရေးယူဆောင်ရွက်လျက်ရှိပါသည်။ ယခုကဲ့သို့ဖြစ်ရပ်များမပေါ်ပေါက်စေရေးအတွက် ပြည်သူလူထု ပညာပေးလုပ်ငန်းများအနေဖြင့် (အဆောက်အဦးဆောက်လုပ်မှုအများဆုံးဖြစ်သည်။) ၂၀၁၃ ခုနှစ်တွင် ခွင့်ပြုချက်မဲ့ အဆောက်အအုံများပြားသောမြို့နယ်များဖြစ်သည့် သင်္ဃန်းကျွန်း၊ လှိုင်၊ မရမ်းကုန်း၊ တောင်ဥက္ကလာ၊ ဒေါပုံ၊ အင်းစိန်၊ စမ်းချောင်း နှင့် ကြည့်မြင်တိုင်မြို့နယ် များတွင် ခွင့်ပြုချက်မဲ့အဆောက်အဦးဆောက်လုပ်မှု နှင့် လိုင်စင်မဲ့ ကန်ထရိုက်တာတို့ဖြင့် ဆောက်လုပ်မှုကြောင့် ခံစားရမည့်ဆိုးကျိုးများကို ရပ်ကွက်ပြည်သူလူထုနှင့် အသိပေးခဲ့ကြောင်း လည်းသိရပါသည်။

အသိပေးကြေငြာရုံဖြင့် မလိုက်နာ၊ ခွင့်ပြုချက်မဲ့ဆောက်နေသည်ကို ကွင်းဆင်းလေ့လာပါ

ခွင့်ပြုချက်မရှိဘဲ အဆောက်အဦးဆောက်လုပ်ခွင့်မပြုရန် နှင့် ခွင့်ပြုချက်မဲ့ဆောက်လုပ်မှုကို ထိရောက်စွာ အရေးယူတော့မည်ဖြစ်ကြောင်း (၃) ကြိမ် တိတိအသိပေးကြေငြာခဲ့သည်။ ၇.၇.၂၀၁၄ ရက်နေ့တွင် အင်ဂျင်နီယာဌာန (အဆောက်အအုံ) ၌ စာနယ်ဇင်းများဖိတ်ခေါ်၍ ခွင့်ပြုချက်မဲ့ ဆောက်လုပ်နေသူများကို ထိရောက်စွာအရေးယူတော့မည်ဟု ရှင်းလင်းဆွေးနွေးခဲ့သည်ကို ၈.၇.၂၀၁၄ နေ့တွင် ပုဂ္ဂလိက ထုတ်သတင်းစာတွင် ဖော်ပြခဲ့သည်ဟုသိရသည်။

၎ ထပ်တိုက် အဆောက်အဦး (၂၁) ရက်အတွင်း ခွင့်ပြုချက်ရနိုင်

အဆောက်အဦးဆောက်လုပ်ခွင့်ကို သတ်မှတ်စာရွက်စာတမ်းပြည့်စုံပြီး မြေပြင်အချက်အလက်အားလုံးနှင့် ကိုက်ညီပါက မြေပိုင်ဆိုင်မှု မှန်ကန်သည့် မြေကွက်များတွင် (၄) ထပ်အောက် အထပ်မြင့် အဆောက်အဦးဆောက်လုပ်ခွင့်များကို (၂၁) ရက်အတွင်း စိစစ်ခွင့်ပြုပေးလျက်ရှိသည်။

၉ ထပ်အဆောက်အဦး ၄၅ ရက်အတွင်၊ ၃ ထပ်အဆောက်အဦး ၃၅ ရက်အတွင် ခွင့်ပြုချက်ရ

ထို့အတူ (၄) ထပ်မှ (၉) ထပ်အထိအထပ်မြင့်အဆောက်အဦး ဆောက်လုပ်ခွင့်များကို ၄၅ ရက်အတွင်း စိစစ်ခွင့်ပြုသကဲ့သို့ မြေပိုင်ဆိုင်မှု အတည်မပြုနိုင်သည့် အရပ်စာချုပ်ဖြင့် လျှောက်ထားသော (၃) ထပ်အထိ အထပ်မြင့် အဆောက်အဦးများကို ၃၅ ရပ်အတွင်း စိစစ်ပြီး ခွင့်ပြုပေးလျက်ရှိသည်ဟု သိရသည်။

အင်တာနက်လိုင်းကောင်းမှ E.Goverment ရ
ယခုနောက်ပိုင်းတွင် ပိုမိုလွယ်ကူလျင်မြန်စေရေးအတွင် E.Goverment စနစ်ဖြင့် လျှောက်ထားမှုများကိုလည်း လက်ခံဆောင်ရွက်ပေးလျက်ရှိသည်ဟု ထပ်မံသိရှိရပါသည်။

အနှစ်ချုပ်ဆိုရလျှင် ခွင့်ပြုချက်အဆောက်အဦးဆောက်လုပ်လျှင် စည်ပင်ဥပဒေပုဒ်မ ၆၈ နှင့် ၆၉ တို့အရ အေ၇းယူခံရနိုင်သဖြင့် ခွင့်ပြုချက်မဲတိုက်ဆောက်နေသူများ အထပ်ပိုဆောက်မိသူများအနေဖြင့် အထူးသတိပြုဆောင်ရွက်ကြရန် လိုအပ်ကြောင်းလေ့လာသိရှိရပါသည်။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
CarsDB
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service