မြန်မာနိုင်ငံခရီးသွားလာရေး ဥပဒေအတည်ပြုပြီးရင် ခရီးသွားလုပ်ငန်း
လိုင်စင်ကို တိုင်းဒေသကြီးနဲ့ ပြည်နယ်ရုံးခွဲတွေမှာ လျှောက်ထားရရှိနိုင်မယ်လို့
ဟိုတယ်နှင့်ခရီးသွာလုပ်ငန်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး
ဦးအုန်းမောင်က ပြောပါတယ်။
အဲသည်ဥပဒေကို အတည်ပြုပြီးရင် ခရီးသွားလုပ်ငန်းတွေအတွက် လိုအပ်တဲ့လုပ်ငန်းလိုင်စင်ကို တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ ရုံးခွဲတွေကသာလုပ်ပေးရမှာဖြစ်လို့ ကြိုတင်ပြင်ဆင်ဖို့ လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ‘ဟိုတယ်နှင့်တည်းခိုခန်းလိုင်စင် ၊ ဟိုတယ်ဆောက်မှုနဲ့ ပြုပြင်မွမ်းမံမှုခွင့်ပြုမိန့်၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်၊
ဧည့်လမ်းညွန်လိုင်စင်နဲ့ ခရီးသွားလာသူတွေ ပို့ဆောင်ရေးလုပ်ငန်း
လိုင်စင်တွေကို စိစစ်ထုတ်လုပ်ပေးနေပါတယ် ‘ လို့ ပြောပါတယ်။
လက်ရှိလုပ်ငန်းလိုင်စင်တွေကို နေပြည်တော်မှာရှိတဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက လက်ခံဆောင်ရွက်ပေးနေတဲ့အတွက် အချိန်ကြန့်ကြာမှုကြုံတွေ့နေရပါတယ်။ ခရီးသွားလာရေဥပဒေကလည်း ပြည်ထောင်စု
လွှတ်တော်အထိ ရောက်ရှိနေပြီးဖြစ်လို့ မကြာမီထွက်ရှိမှာပါ ။ခရီးသွားတွေအနေနဲ့ခရီးသွားလာရေဥပဒေကို အတည်ပြုပြီးရင် ဆက်ရေးဆွဲသွားမယ့်
နည်းဥပဒေအကြံပြုချက်တွေကို ဆက်လက်ပေးအပ်ဖို့ တိုက်တွန်းပါတယ်
လို့ ဆိုပါတယ်။
Credit: The Modern