မန္တလေးအိမ်ခြံမြေ ဈေးကွက်မှာ အိမ်ခြံမြေ ငှားရမ်းခနှုန်းထားတွေ
အရင်နှစ်ကထက် မြင့်လာတယ်လို့ အကျိုးဆောင်အချို့က ပြောပါတယ်။
မြို့တွင်းဈေးကွက်ဟာ ၂၀၁၆ ခုနှစ်နဲ့ယှဉ်ရင် ရပ်ကွက်၊ လမ်း အနေ
အထား နေရာအကျယ်အဝန်းအလိုက် ကျပ်ငါးသိန်းကနေ သိန်းရာပိုင်းအထိ
ဈေးနှုန်းမြင့်တတ်တယ်။ မြို့စွန်နဲ့ဆင်ခြေဖုံးရပ်ကွက်တွေက ကျပ်သုံးသောင်းခန့်ကနေ ကျပ်သိန်းပိုင်းအထိ ဈေးမြင့်တတ်လာတယ်လို့ အကျိုးဆောင်လုပ်ငန်းအချို့က ဆိုပါတယ်။
ဝါကျွတ်ကနေ နိုဝင်ဘာ၊ ဒီဇင်ဘာအထိ ကာလတွေဟာ မန္တလေးအိမ်ခြံမြေ အရောင်း အငှား ရာသီဖြစ်တယ်။ ရာသီအစမှာပင် အရင်နှစ်ကထက်စာရင် မန္တလေးအိမ်ခြံမြေ အငှားသွက်နေပါတယ်။ အငှားသွက်သလို အရင်နှစ်ထက်စာရင် ငှားရမ်းခ ဈေးနှုန်းမြင့်ပါတယ်။
အိမ်ခြံမြေ အကျိုးဆောင် ဦးမြင့်မောင်က “အငှားဈေးကွက် တအားမြောက်တယ်၊ မြေကွက်ကျယ်ကျယ်တွေ ပိုဈေးမြောက်တယ်၊ အလုပ်လဲဖြစ်တယ်၊ မနှစ်က ၂၀၀ လောက် ပေးငှားရတဲ့ဟာက အခုဒီနှစ်ထဲမှာ ၂၅၀ လောက် ဖြစ်လာတယ်” လို့ ပြောပါတယ်။
မန္တလေးမြို့ အချက်အချာနေရာတွေဖြစ်တဲ့ ၆၂ လမ်း၊ ၇၃လမ်း၊ ၇၈ လမ်းကနေ ၈၄ လမ်းထိ လမ်း ၃၀၊ သိပံ္ပလမ်း၊ မနော်ဟရီလမ်းပေါ်က မြေနေရာတွေနဲ
့ မြို့သစ်စက်မှုဇုန် ရပ်ကွက်တွေက မြေနေရာ ငှားရမ်းခဟာ မန္တလေးမြို့မှာ
ငှားရမ်းခ အမြင့်ဆုံး နေရာတွေဖြစ်တယ်။
အရင်နှစ်က တစ်လငှားရမ်းခ ကျပ်သိန်း ၃၀၊ တစ်နှစ်ငှားရမ်းခ သိန်း ၃၆၀ ခန့် ကျသင့်တဲ့ စက်မှုဇုန်ဘက်က တစ်ဧက အကျယ်အဝန်းရှိမြေဟာ အခုနှစ်မှာ
တစ်လငှားရမ်းခ ကျပ်သိန်း ၅၀ တစ်နှစ် ငှားရမ်းခ ကျပ်သိန်း ၆၀၀ ခန့် ဖြစ်နေ
ပါတယ်။
မြေကွက် အသင့်အတင့်ကျယ်ဝန်းတဲ့ နေရာတွေမှာလည်း အငှားဈေးကွက်
ကောင်းမွန်နေတယ်။ ပြည်ပက စီးပွားရေးလုပ်ငန်းတွေ၊ ပြည်ပကုမ္ပဏီနဲ့ချိတ်ဆက်လုပ်ကိုင်နေတဲ့ ပြည်တွင်းစီးပွားရေး လုပ်ငန်းကုမ္ပဏီတွေက ငှားရမ်းတာများတယ်လို့ အကျိုးဆောင်အချို့ဆီက သိရပါတယ်။
အခြေခံလူတန်းစားတွေ အများဆုံးနေထိုင်ရာရပ်ကွက်တွေမှာလည်း အိမ်အငှားသွက်နေပါတယ်။ ငှားရမ်းနှုန်းထားတွေဟာ မြင့်တတ်လာတယ်လို့ မြို့ခံ
အိမ်ခြံမြေ အကျိုးဆောင်အချို့က ပြောပါတယ်။
ချမ်းအေးသာစံမြို့နယ်က ယာဉ်ပျံ၊ ရွှေယဉ်မွန်၊ ကျန်းမာရေး၊ အောင်မြေ
သာစံမြို့နယ် နန်းဦးလွင်၊ ဘူးကုန်း၊ သရက်ကုန်း၊ ပုသိမ်ကြီးမြို့နယ်က မဲခင်းကုန်း၊ ကျွဲရေကုန်းစတဲ့ ရပ်ကွက်တွေက အိမ်ငှားရမ်းခတွေ မြင့်တတ်လာပါတယ်။
ဥပမာ အရင်ကျပ်တစ်သိန်းတန်လောက်က ခုတစ်သိန်းသုံးသောင်းလောက်
တတ်တယ်။ အိမ်အခြေအနေ၊လမ်းအနေအထားတွေပေါ်မှာ အနည်းဆုံး
ကျပ်တစ်သိန်းတစ်သောင်းလောက်ကနေ နှစ်ဆလောက်အထိ တက်တယ်
လို့ သိရပါတယ်။
သွားရေးလာရေး လွယ်ကူအဆင်ပြေတာ၊ မြို့တွင်း အချက်အချာကျတဲ့ နေရာတွေနဲ့ မနီးမဝေးမှာရှိတာ၊ မြို့တွင်းအိမ်အငှားဈေးနှုန်းတွေနဲ့ယှဉ်ရင် အိမ်ငှားရမ်းခနှုန်းထား သက်သာတာကြောင့် အဲသည်ရပ်ကွက်တွေမှာ အိမ်ငှားနေထိုင်
လိုသူတွေ ပိုမိုများပြားလာပြီး ငှားရမ်းခနှုန်းထားတွေ မြင့်တက်လာတယ်လို့
ဆိုပါတယ်။
Credit: The Modern