တောင်အာဖရိကနိုင်ငံအရှေ့မြောက်ပိုင်း ပရီတိုးရီးယားမြို့တွင် အုတ်ဂူပေါင်း နှစ်သောင်းကျော်ပါဝင်သည့် သီးသန့်သင်္ချိုင်းကြီး ကန်ဒေါ်လာ တစ်သန်းကျော်ဖြင့် ရောင်းချမည်

တောင်အာဖရိကနိုင်ငံအရှေ့မြောက်ပိုင်း ပရီတိုးရီးယားမြို့တွင် အုတ်ဂူပေါင်း နှစ်သောင်းကျော်ပါဝင်သည့် သီးသန့်သင်္ချိုင်းကြီး ကန်ဒေါ်လာ တစ်သန်းကျော်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
29 Sep 2017 11:40 am တွင် တင်ခဲ့သည်
3118 ကြိမ် ကြည့်ရှု့ပြီး
တောင်အာဖရိကနိုင်ငံအရှေ့မြောက်ပိုင်း ပရီတိုးရီးယားမြို့တွင် အုတ်ဂူပေါင်း နှစ်သောင်းကျော်ပါဝင်သည့် သီးသန့်သင်္ချိုင်းကြီးကို ကန်ဒေါ်လာ တစ်သန်းကျော်ဖြင့် ရောင်းချရန် အရောင်းဈေးကွက်ဝင်လာကြောင်း တောင်အာဖရိ
ကနိုင်ငံအခြေစိုက် အထွေထွေ အကျိုးဆောင် ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ပရီတိုးရီးယားသည် တောင်အာဖရိက၏ မြို့တော် ၃ ခုအနက်တစ်ခုအပါအဝင်ဖြစ်ပြီး အစိုးရ၏ အုပ်ချုပ်မှုဌာနအခြေစိုက်ရာ ဖြစ်သည်။တောင်အာဖရိကတွင် အဓိကမြို့တော် ၃ ခုရှိသည့်အနက် ကိတ်ပ်တောင်းမှာ ဥပဒေပြုမြို့တော်ဖြစ်ပြီး ဘလွန်းဖောင်တိန်မှာ တရားရေးဆိုင်ရာ မြို့တော်ဖြစ်သည်။

ပရီတိုးရီးယားမှာ တက္ကသိုလ်များစွာ အခြေစိုက်သည့် ပညာရေးမြို့တော်အဖြစ် နာမည်ကျော်သည့်အပြင် သိပ္ပံနှင့်စက်မှု သုတေသန ကောင်စီ (CSIR) အခြေစိုက်ရာမြို့လည်း ဖြစ်သည်။

ဆွတ်ပျံ့ကြည်နူးဖွယ် အလွန်လှပလွန်းသော ဂျာကာရန်ဒါအမည်ရှိ ပန်းပင်များစွာမှာ တစ်မြို့လုံးရှိ လမ်းများ၊ ပန်းခြံများတွင် ပေါက်ရောက်လျက်ရှိခြင်းကြောင့် ဂျာကာရန်ဒါမြို့တော်ဟုလည်း ခေါ်ကြသည်။
အဆိုပါပန်းမျိုးမှာ အပြာရောင်နှင့် ပန်းရောင်နှစ်မျိုးရှိသည်။
ယခုရောင်းချမည့် သချိုင်းမှာ ပုဂ္ဂိလကအဖြစ် ကိုယ်ပိုင် ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ခေါ်ဈေးမှာ တောင်အာဖရိက ရန်ငွေ ၁၆ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၁၇၄ သန်း) ဈေးခေါ်ထားသည်။

အုတ်ဂူပေါင်း ၂၆၄၀၀ ပါဝင်ရာ အုတ်ဂူများ၏ တန်ဖိုးမှာ ကလေးအုတ်ဂူတစ်လုံးလျှင် ရန်ငွေ ၆၀၀ (ကန်ဒေါ်လာ ၄၀) နှင့် လူကြီးအုတ်ဂူတစ်လုံးလျှင် ရန်ငွေ ၁၂၀၀ (ကန်ဒေါ်လာ ၈၈) တို့ဖြင့် ရောင်းချမည် ဖြစ်သည်။

သင်္ချိုင်းကို ဝယ်ယူမည့်ဝယ်လက်သည် ဝယ်ယူပြီးနောက်တွင် အုတ်ဂူတစ်လုံးလျှင် ရန်ငွေ ၁၆၅၀ မှ ၄၀၀၀ အကြား ပြန်လည်ရောင်းချနိုင်မည် ဖြစ်သည်။
ထို့အပြင် သင်္ချိုင်းအတွင်း အရေးကြီးပုဂ္ဂိုလ်များ မြှုပ်နှံသင်္ဂြိုဟ်နိုင်မည့် သီးသန့်နေရာလည်း ပါဝင်သည်။

သီးသန့်ဇုန်တွင် အုတ်ဂူပေါင်း ၈၀၀၀ ပါဝင်ပြီး အုတ်ဂူတစ်လုံးလျှင် ရန်ငွေ ၈၀၀၀ မှ ၁၂၀၀၀ ကြားဈေးနှုန်းများဖြင့် ရောင်းချနိုင်မည် ဖြစ်သည်။
ဝယ်လက်အနေဖြင့် နှစ်နှစ်တာကာလအတွင်း ရန်ငွေ ၁၂၉ ဒသမ ၂ သန်းကျော် မြတ်စွန်းနိုင်သည်ဟု ဆိုသည်။

ဝယ်ယူလိုသူတို့အနေဖြင့် Gerhard Van Wyk အမည်ရှိ အကျိုးဆောင်ထံသို့ ဆက်သွယ်နိုင်ပြီး ၎င်း၏ဖုန်းနံပါတ်မှာ 012 993 3498 ၊ မိုဘိုင်းဖုန်း 083 442 2463 ၊ ဖက်စ်- 012 993 4462 တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
လက်ရှိပိုင်ရှင်က ပြန်လည်ရောင်းချရသည့်အကြောင်းရင်းမှာ အခြားစီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်ရန် စိတ်ဝင်စားနေသောကြောင့် ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တောင်အာဖရိကနိုင်ငံအရှေ့မြောက်ပိုင်း ပရီတိုးရီးယားမြို့တွင် အုတ်ဂူပေါင်း နှစ်သောင်းကျော်ပါဝင်သည့် သီးသန့်သင်္ချိုင်းကြီး ကန်ဒေါ်လာ တစ်သန်းကျော်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
တောင်အာဖရိကနိုင်ငံအရှေ့မြောက်ပိုင်း ပရီတိုးရီးယားမြို့တွင် အုတ်ဂူပေါင်း နှစ်သောင်းကျော်ပါဝင်သည့် သီးသန့်သင်္ချိုင်းကြီး ကန်ဒေါ်လာ တစ်သန်းကျော်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
တောင်အာဖရိကနိုင်ငံအရှေ့မြောက်ပိုင်း ပရီတိုးရီးယားမြို့တွင် အုတ်ဂူပေါင်း နှစ်သောင်းကျော်ပါဝင်သည့် သီးသန့်သင်္ချိုင်းကြီး ကန်ဒေါ်လာ တစ်သန်းကျော်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
တောင်အာဖရိကနိုင်ငံအရှေ့မြောက်ပိုင်း ပရီတိုးရီးယားမြို့တွင် အုတ်ဂူပေါင်း နှစ်သောင်းကျော်ပါဝင်သည့် သီးသန့်သင်္ချိုင်းကြီး ကန်ဒေါ်လာ တစ်သန်းကျော်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
တောင်အာဖရိကနိုင်ငံအရှေ့မြောက်ပိုင်း ပရီတိုးရီးယားမြို့တွင် အုတ်ဂူပေါင်း နှစ်သောင်းကျော်ပါဝင်သည့် သီးသန့်သင်္ချိုင်းကြီး ကန်ဒေါ်လာ တစ်သန်းကျော်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
တောင်အာဖရိကနိုင်ငံအရှေ့မြောက်ပိုင်း ပရီတိုးရီးယားမြို့တွင် အုတ်ဂူပေါင်း နှစ်သောင်းကျော်ပါဝင်သည့် သီးသန့်သင်္ချိုင်းကြီး ကန်ဒေါ်လာ တစ်သန်းကျော်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
တောင်အာဖရိကနိုင်ငံအရှေ့မြောက်ပိုင်း ပရီတိုးရီးယားမြို့တွင် အုတ်ဂူပေါင်း နှစ်သောင်းကျော်ပါဝင်သည့် သီးသန့်သင်္ချိုင်းကြီး ကန်ဒေါ်လာ တစ်သန်းကျော်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
တောင်အာဖရိကနိုင်ငံအရှေ့မြောက်ပိုင်း ပရီတိုးရီးယားမြို့တွင် အုတ်ဂူပေါင်း နှစ်သောင်းကျော်ပါဝင်သည့် သီးသန့်သင်္ချိုင်းကြီး ကန်ဒေါ်လာ တစ်သန်းကျော်ဖြင့် ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

CarsDB Showroom Opening
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service