နယူးယောက်မြို့ ဘရွတ်ကလင်းတံတားကြီးအောက်ရှိ စစ်အေးခေတ်က ဆောက်လုပ်ခဲ့သော အဏုမြူဗုံးခိုကျင်းကြီး

နယူးယောက်မြို့ ဘရွတ်ကလင်းတံတားကြီးအောက်ရှိ စစ်အေးခေတ်က ဆောက်လုပ်ခဲ့သော အဏုမြူဗုံးခိုကျင်းကြီး - Property News in Myanmar from iMyanmarHouse.com
29 Sep 2017 11:21 am တွင် တင်ခဲ့သည်
1558 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် တည်ရှိသော နာမည်ကျော် ဘရွတ်ကလင်းတံတားကြီးမှာ အမေရိကတွင် သက်တမ်းအရင့်ဆုံးတံတားများတွင် တစ်ခုအပါအဝင်ဖြစ်လေသည်။

အဆိုပါတံတားကြီးကို ၁၄ နှစ်ကြာဆောက်လုပ်ခဲ့ရသည်။
မြန်မာနိုင်ငံတွင် မင်းတုန်းမင်းကြီးအုပ်စိုးစဉ်ကာလဖြစ်သော ၁၈၆၉ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၈၈၃ ခုနှစ်သို့ရောက်မှ အပြီးသတ်ဆောက်လုပ်နိုင်ခဲ့သည်။ တံတားမှာ ကြိုးတံတားအမျိုးအစားဖြစ်ခြင်းကြောင့် ထိုခေတ်က လူအများစုမှာ မဖြတ်သန်းရဲကြချေ။

ထို့ကြောင့် တံတားဆောက်လုပ်ပြီးစီးသွားပြီးနောက် ၁၈၈၄ ခုနှစ်၊ မတ်လ ၁၇ ရက်တွင် ပီ၊ တီ- ဘာနန်ဆိုသူက တံတားကြီး ခိုင်ခန့်မှုရှိကြောင်း ပြသရန် ဆင် ၂၁ ကောင်ကို တံတားပေါ်တွင် ဖြတ်သန်းပြခဲ့သည်။

အရှေ့မြစ်ကို ဖြတ်ကျော်ကာ မန်ဟက်တန်နှင့် ဘရွတ်ကလင်းတို့ကို ဆက်သွယ်ပေးထားခြင်း ဖြစ်ပြီး ပထမဆုံးစတီးကြိုး ကြိုးတံတားတစ်ခု ဖြစ်သည်။
မူလက နယူးယောက်တံတား၊ ဘရွတ်ကလင်းတံတား၊ အရှေ့မြစ်တံတားအစရှိသဖြင့် ခေါ်ဝေါ်ကြသော်လည်း နောက်ပိုင်းတွင် ဘရွတ်ကလင်းတံတားဟုသာ ခေါ်ကြတော့သည်။

တံတားဆောက်လုပ်ရာတွင် အလုပ်သမားပေါင်း ၆၀၀ ဦးပါဝင်ခဲ့ပြီး ထိုခေတ်ငွေ ကန်ဒေါ်လာ ၁၅ သန်း (ယနေ့ငွေတန်ဖိုးအရ ကန်ဒေါ်လာ
သန်း ၃၂၀ ကျော်) ကုန်ကျခဲ့သည်။

တံတားဆောက်လုပ်စဉ်အတွင်း အနည်းဆုံး လူ ၂၀ ကျော်သေဆုံးခဲ့ရာ တံတားကို ဒီဇိုင်းရေးဆွဲပေးခဲ့သည့် ဗိသုကာပညာရှင်လည်း အပါအဝင်
ဖြစ်သည်။

ယခုအခါ နှစ်ပေါင်း ၁၅၀ နီးပါးသက်တမ်းရှိပြီဖြစ်သည့် အဆိုပါတံတားကြီးပေါ်တွင် နေ့စဉ် ယာဉ်အစီးရေ ၁၅၀၀၀၀ ခန့်နှင့် ခြေလျင်သွားသူများ ဖြတ်သန်းသွားလာလျက်ရှိကြသည်။

ထူးဆန်းသည့်အချက်မှာ အဆိုပါဖြတ်သန်းသွားနေကြသူအားလုံးသည် တံတားအောက်တွင် လျှို့ဝှက်အဏုမြူ ဗုံးခိုကျင်းကြီးတစ်ခု တည်ရှိနေသည်ကို မည်သူမျှ မသိကြခြင်း ဖြစ်၏။
ဗုံးခိုကျင်းတည်ရှိသည့်နေရာမှာ မန်ဟက်တန်ဘက်ခြမ်း တံတားဝင်ပေါက်၏ အောက်တည့်တည့်တွင် ဖြစ်သည်။

ဗုံးခိုကျင်းကြီးအတွင်း ရိက္ခာများအပြည့်ထည့်သွင်းထားရာ ရုတ်တရက်ရှော့ခ်ဖြစ်ခြင်းကို ကုသသည့် Dextran ကဲ့သို့ ဆေးဝါးများ၊ ရေစည်များ၊ စက္ကူလိပ်များအပြင် မုန့်ထုပ်ပေါင်း ၃၅၂၀၀၀ ခန့် သိုလှောင်ထားရှိပြီး ယနေ့တိုင် ကောင်းမွန်နေဆဲဖြစ်သည်ဟု ဆိုသည်။

၂၀၀၆ ခုနှစ်အတွင်း အလုပ်သမားများက ဘရွတ်ကလင်းတံတားကြီး၏ ကြံ့ခိုင်မှုကို ပုံမှန်အတိုင်းစစ်ဆေးမှုများ ပြုလုပ်ချိန်တွင် ယင်းဗုံးခိုကျင်းကြီးကို တွေ့ရှိသွားခဲ့ကြခြင်းဖြစ်၏။
ယခင်က ဗုံးခိုကျင်းအကြောင်း အာဏာပိုင်တို့က ထုတ်မပြောရခြင်းမှာ လုံခြုံရေးကြောင့်ဖြစ်သည်ဟု ဆိုသည်။

စိတ်ဝင်စားဖွယ်ကောင်းသည့်အချက်မှာ ရိက္ခာသေတ္တာများပေါ်တွင် ရိုက်နှိပ်ထားသည့် ရက်စွဲ (သို့မဟုတ်) ခုနှစ်များ ဖြစ်ကြ၏။
အချို့သေတ္တာများတွင် ၁၉၅၇ ခုနှစ်ဟု ရိုက်နှိပ်ထားသည်။ အဆိုပါနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုက စပွတ်နစ်ဂြိုဟ်တု လွှတ်တင်သော နှစ်ဖြစ်၏။
အချို့သေတ္တာများတွင်မူ ၁၉၆၂ ခုနှစ်ဟု ရိုက်နှိပ်ထားသည်ကို တွေ့ရသည်။ ထိုနှစ်မှာ ကမ္ဘာကြီးကို တတိယကမ္ဘာစစ်ချောက်ကမ်းပါးသို့ ရောက်စေခဲ့သည့် ကျူးဘားဒုံးပျံအကျပ်အတည်းကြီး ပေါ်ပေါက်ခဲ့သည့် ခုနှစ် ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
နယူးယောက်မြို့ ဘရွတ်ကလင်းတံတားကြီးအောက်ရှိ စစ်အေးခေတ်က ဆောက်လုပ်ခဲ့သော အဏုမြူဗုံးခိုကျင်းကြီး - Property News in Myanmar from iMyanmarHouse.com
နယူးယောက်မြို့ ဘရွတ်ကလင်းတံတားကြီးအောက်ရှိ စစ်အေးခေတ်က ဆောက်လုပ်ခဲ့သော အဏုမြူဗုံးခိုကျင်းကြီး - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

CarsDB Showroom Opening
Shwe Moe Kaung

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service