ဝါကျွတ်ကာလနီးလာတဲ့အတွက် မန္တလေးမြို့ရဲ့ အိမ်ခြံမြေဈေးကွက်မှာ
မြို့သစ်နဲ့စက်မှုဇုန်အိမ်ခြံမြေတွေ အရောင်းအ၀ယ်ဖြစ်နေတယ်လို့
အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။
မြို့သစ်နဲ့စက်မှုဇုန်မှာ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖွံ့ဖြိုးလာပြီး မန္တလေးတွင်းမှာ အိမ်ခြံမြေဈေးမြင့်မားနေတာကြောင့် အရောင်းအ၀ယ်တွေကောင်းလာတယ်လို့သိရပါတယ်။
‘စီမံကိန်းတွေနဲ့အတူ လမ်းတွေကလဲ ကောင်းလာတယ်ဆိုတော့
အဲဒါကြောင့်မြို့သစ်ဘက်မှာ အရောင်းအ၀ယ်ဖြစ်လာတယ်’ လို့
ဖိုးလမင်းအိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ငန်းက စီအီးအို ဦးဝဏ္ဏစိုး
ကပြောပါတယ်။
မြို့သစ်နဲ့စက်မှုဇုန်မှာ အနည်းဆုံး ကျပ်သိန်း ၁၅၀ ကနေကျပ်သိန်း ၁၀၀၀ ၀န်းကျင်ရှိတဲ့ အိမ်ခြံမြေတွေ အရောင်းအ၀ယ်ဖြစ်လာတယ်လို့သိရပါတယ်။
ဝါကျွတ်ကာလရောက်တော့မှာဖြစ်တဲ့အတွက် အိမ်ခြံမြေအငှားနဲ့အရောင်းအ၀ယ်တွေပါ ပိုသွက်လာနိုင်တယ်လို့ ဆိုပါတယ်။
Credit: The Modern