အိမ် ခြံ မြေ ၀န်ဆောင်မှု ဥပဒေများ နှစ်ပိုင်းအတွင်းပေါ်ပေါက်ရေး အကျိုးဆာင်များ ကြိုးပမ်

အိမ် ခြံ မြေ ၀န်ဆောင်မှု ဥပဒေများ နှစ်ပိုင်းအတွင်းပေါ်ပေါက်ရေး အကျိုးဆာင်များ ကြိုးပမ် - Property News in Myanmar from iMyanmarHouse.com
29 Sep 2017 10:24 am တွင် တင်ခဲ့သည်
5824 ကြိမ် ကြည့်ရှု့ပြီး
အိမ် ခြံ မြေ ၀န်ဆောင်မှုဥပဒေများ ယခုနှစ်ပိုင်းအတွင်းပေါ်ပေါက်လာရေး
အတွက် အိမ် ခြံ မြေ ၀န်ဆောင်မှုအသင်းများအနေဖြင့် အင်တိုက်အားတိုက်
ကြိုးပမ်းလာကြသည်ကိုတွေ့မြင်ရသည်။

အိမ် ခြံ မြေ ဈေးကွက်အေးတိအေးစက်ဖြစ်နေခြင်းမှ သက်ဝင်လှုပ်ရှားမြန်ဆန်လာရေးအတွက် အိမ် ခြံ မြေ နှင့်သက်ဆိုင်သော ဥပဒေများမြန်မြန်
ဆန်ဆန်ပေါ်ထွက်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံအိမ် ခြံ မြေ ဝန်ဆောင်မှု
အသင်းမှ ဒုတိယဥက္ကဌဖြစ်သူ ဦးသန်းဦးမှ ပြောဆိုသုံးသပ်သည်။

""ဥပဒေတွေမြန်မြန်ဆန်ဆန်ထွက်ဖို့လိုတယ်။အိမ် ခြံ မြေ နဲ့သက်ဆိုင်တဲ့
ဥပဒေတွေ ၊ နည်းဥပဒေတွေထွက်ဖို့လိုတယ်။အဲဒီလို ဥပဒေတွေထွက်လာမှပဲ အိမ် ခြံ မြေ သက်ဝင်လှုပ်ရှားမှုကအားကောင်းလာမယ်။"""ဟု ဦးသန်းဦးကဆိုသည်။

လက်ရှိကာလတွင် အိမ် ခြံ မြေ ဈေးကွက်အေးစက်နေမှုသာ် ကြာမြင့်လာခဲ့ပြီဖြစ်ကြောင်း ၊ ရင်းနှီးမြုပ်နှံသူများ၏ အရောင်းအဝယ် ဈေးတန်းအမြင့်များ
အလုပ်ဖြစ်မှု နည်းလာကြောင်း ၊ ဈေးနှုန်းများမှာလည်း ယခင်နှင့်နှိုင်းယှဉ်ပါက ထက်ဝက်ကျော်ခန့်ကျဆင်းသွားခဲ့ကြောင်း အိမ် ခြံ မြေ အကျိုးဆောင်များ
ကပြောသည်။

လတ်တလော အိမ် ခြံ မြေ အတွက် အကျိုးသက်ရောက်မှုမြန်ဆန်နိုင်မည့် ကွန်ဒိုဥပဒေအား တင်ပြထားမှုမှာ နှစ်နှစ်ပြည့်ရန်အချိန်အနည်းငယ်သာလိုတော့သည်။သို့သော် ယနေ့အချိန်အထိ နည်းဥပဒေထွက်မလာသေးခြင်းကြောင့်
ဒွိဟဖြစ်စရာဖြစ်လာနိုင်ကြောင်းလည်း ဦးသန်းဦးမှ သုံးသပ်ပြောဆိုသည်။

အိမ် ခြံ မြေ ဝန်ဆောင်မှု ဥပဒေတစ်ရပ်ပေါ်ပေါက်လာရေးအတွက် ပြည်တွင်းရှိအိမ် ခြံ မြေ အကျိုးဆောင်များ အပြိုင်အဆိုင်ကြိုးပမ်းလျက်ရှိရာ
အကယ်၍ ဝန်ဆောင်မှုဥပဒေပေါ်ပေါက်လာပါက အိမ် ခြံမြေ လောက ပိုမို
သန့်စင်သွားမည်ဟု အိမ် ခြံ မြေ ဥပဒေပေါ်ထွက်လာရေး ကြိုးပမ်းနေသည့်
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောပြသည်။

""ကျွန်တော်တို့အနေနဲ့ ၂၀၁၆ ဇွန်လကတည်းက အိမ် ခြံ မြေ ဝန်ဆောင်မှု
ဥပဒေအကြမ်းကို တင်ထားတယ်။ဒီလိုတင်တဲ့အချိန် ရှေ့မှာ ဥပဒေကြမ်း ၄၈ ခုရှိတယ်။တကယ်လို့ အဲဒီလိုဥပဒေထွက်လာရင် တော်တော်လေးကောင်းသွားပါလိမ့်မယ်။စနစ်ကျပြီး စည်းကမ်းတကျရှိသွားမယ်။သန့်စင်သွားမှာပေါ့။အခု တချို့အသံတွေကြားနေရတဲ့ အိမ်ငှားခကိုပွဲစားတွေကခြယ်လှယ်နေတာတွေ၊ ၊ ပါမစ်အတု စလစ်အတုကိစ္စတွေ အကုန်ပပျောက်သွားမယ်။နောက်ပြီး ပွဲဆိုင်တဲ့အခါမှာလည်း ပစ္စည်းတွေ ဈေးတွေမမှန်တဲ့ ကိစ္စတွေပပျောက်သွားမယ်။""ဟု
မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်းတာဝန်ရှိသူတစ်ဦးမှ ပြောပြသည်။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

Royal Theikdi Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service