အစိုးရမှ ရောင်းချမည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်း အရေအတွက်နှင့် ပြည်သူမှ လိုအပ်သော အခန်းပမာဏမှာ လွန်စွာများပြားနေသောကြောင့်
ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် အခက်အခဲများ
ရှိနိုင်ကြောင်း ကျွမ်းကျင်သူများကထောက်ပြသည်။
လက်ရှိတွင် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာဝယ်
ယူရန် အတွက် ဘဏ်စာရင်းဖွင့်လှစ်ထားသူမှာ ၁၈၀၀၀ကျော်
သွားပြီဖြစ်သောကြောင့် နှစ်စဉ်ရောင်းချနေသည့် အိမ်ရာအရေအတွက်နှင့်
မျှတခြင်းမရှိပေ။
" ၀ယ်ချင်လို့ငွေစုပြီးစောင့်နေတဲ့သူတွေက အများကြီးပဲ တစ်နှစ်တစ်နှစ်
ကိုရောင်းပေးနိုင်တဲ့ အခန်းကအရမ်းနည်းတယ် " ဟု မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ အငြိမ်းစားအရာရှိတစ်ဦးက သုံးသပ်သည်။
ယခုနှစ်တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှုဦးစီးဌာနမှ အခန်းအရေအတွက်
၆၀၀ကျော်ကို နှစ်သုတ်ခွဲပြီးရောင်းချထားပြီးဖြစ်သည်။
ထပ်မံပြီး အဆိုပါအိမ်ရာများဝယ်ယူနိုင်ရန်စောင့်ဆိုင်းနေသည့်အရေ
အတွက်မှာ သောင်းနှင့်ချီရှိပြီး နောက်ပိုင်းတွင် ဘဏ်၌ ငွေစာရင်းဖွင့်လှစ်သူအရေအတွက်မှာ များပြာလာဦးမည်သာဖြစ်သည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုရေးဘဏ်တွင် ယခုနှစ်အတွင်း တန်ဖိုးနည်း
အိမ်ရာဝယ်ယူရန်ဆိုသော ဆန္ဒများဖြင့်ငွေစုဆောင်းသူပမာဏမှာ
များပြားလျှက်ရှိသည်။
မြို့ပြနှင့်အိမ်ရာဖွံဖြိုးမှုဦးစီးဌာနမှ ဖော်ထုတ်နိုင်သောတန်ဖိုးနည်းအိမ်ရာ
ပမာဏမှာအရေအတွက်အားဖြင့်နှစ်စဉ် ၁၀၀၀ကျော်မျှသာ ထုတ်လုပ်နိုင်သေးသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုရေးဘဏ်တွင် ငွေစုဆောင်းထားသူများကို
စီနီယာ အလိုက်တန်ဖိုးနည်းအိမ်ရာများဝယ်ယူခွင့်ပြုနေခြင်းဖြစ်သောကြောင့်
နောက်ပိုင်းတွင် ငွေလာရောက်စုဆောင်းသူများအတွက် အချိန်
တစ်ခုစောင့်ဆိုင်းရဦးမည်ဖြစ်သည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိးမှုဦးစီးဌာနသည် ၅နှစ်အတွင်း တန်ဖိုးနည်းအိမ်ရာများမှ
အခန်းရေ ၈ထောင်ကျော် ဖော်ဆောင်ရန်ရည်ရွယ်ထားသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com