အခန်းတစ်ခန်းလျှင် အမျိုး အစားအလိုက် ကျပ်သိန်း ၆၀၀ နှင့် ကျပ်သိန်း ၁,၂၀၀ အသီးသီး သတ်မှတ် ရောင်းချထားသည့် ရတနာနှင်းဆီ အိမ်ရာစီမံ
ကိန်း တွင်အခန်းအများစု ရောင်းထွက်သွားပြီဖြစ်ကြောင်းသတင်းရရှိသည်။
ထပ်မံရောင်းချမည့် အခန်း များကိုမူ ခေတ်ကာလ အခြေ အနေအရ ဈေးနှုန်းတိုးမြှင့်ရောင်း ချခဲ့သော်လည်း စိတ်ဝင်စားသူများပြားခဲ့ပြီး
ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။
၁၈ ထပ်အမြင့်ရှိ အဆောက် အအုံနှစ်လုံးတွင် အခန်း၂၇၀ ကျော်ပါဝင်သည့် ရတနာနှင်းဆီ အိမ်ရာကို တရားဝင်မဖွင့်လှစ်မီ ကပင် ကြိုတင်ရောင်းချမှုများ ပြုလုပ်ခဲ့၍ စိတ်ဝင်စားမှုမြင့် တက်လာခြင်းဖြစ်သည်။
အဆိုပါအိမ်ရာရှိ ၆၀၀ စတု ရန်းပေကျယ်ဝန်းသည့်အခန်းကို
ကျပ်သိန်း ၆၀၀၊ ၁,၂၀၀ စတုရန်း ပေကျယ်ဝန်းသည့်အခန်းကို ကျပ် သိန်း ၁,၂၀၀ဖြင့် ရောင်းချနေ သည်။
အခန်းဝယ်ယူသူအများစုမှာ ဈေးကစားရန် ဝယ်ယူသူများ မဟုတ်ဘဲ အမှန်တကယ် နေထိုင် မည့်သူများက အဓိကဝယ်ယူနေ ကြောင်း ယင်းအိမ်ရာစီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။တိုက်ခန်းကို အရစ်ကျဝယ် ယူခြင်းထက် ငွေအကျေပေးဝယ် ယူသူ ပိုမိုများပြားကြောင်း တာဝန်ရှိသူက ဆိုသည်။
ရတနာနှင်းဆီ အိမ်ရာစီမံ ကိန်းသည် ၂၀၁၆ ဒီဇင်ဘာ ၂၄ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ခဲ့သည့် အိမ်ရာစီမံကိန်းဖြစ်သည်။
အရစ်ကျဝယ်ယူလိုသူများ သည် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး
ဘဏ်နှင့် ချိတ်ဆက် ဝယ်ယူနိုင်သည်။
ရတနာနှင်းဆီ အဆင့်မြင့် အိမ်ရာစီမံကိန်းတွင် ဝယ်ယူထား သူများ အနေဖြင့် ငွေသွင်းထား သည့် ရာခိုင်နှုန်းပေါ်မူတည်ပြီး လူနေထိုင်ခွင့်ကို ၂၀၁၇ နှစ်
လယ် ၌ စတင်ခွင့်ပြုမည်ဖြစ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com