မန္တလေးတိုင်း သုံးလအတွင်း ရွှေခွန်ကျပ်သန်း လေးရာကျော်ရရှိ

မန္တလေးတိုင်း သုံးလအတွင်း ရွှေခွန်ကျပ်သန်း လေးရာကျော်ရရှိ - Property News in Myanmar from iMyanmarHouse.com
28 Sep 2017 12:02 pm တွင် တင်ခဲ့သည်
5901 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်းအတွင်း အခွန်စည်း ကြပ်မှုပုံစံသစ်ဖြင့် ရွှေဆိုင်များထံမှ အခွန် ကောက်ခံလျက်ရှိရာ သုံးလအတွင်း ကျပ်သန်း လေးရာကျော် ကောက်ခံရရှိခဲ့ကြောင်း မန္တလေးတိုင်း အခွန်ဦးစီးဌာနထံမှ သိရသည်။

ရွှေခွန်များကို ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ၅ ရာခိုင်နှုန်း ကောက်ခံရန်စီစဉ်ခဲ့သော်လည်း ကန့်ကွက်မှုများကြောင့် တစ်ရာခိုင်နှုန်းသို့ ပြောင်းလဲ ကောက်ခံခဲ့ပြီး ဇူလိုင်လကစတင်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်း အခွန်ဦးစီးဌာန အကြီးတန်း အရာရှိက ပြောကြားသည်။

ရွှေခွန်ကောက်ခံနိုင်ရန် ဇူလိုင်လ ၁ ရက်နေ့ကစ၍ အခွန်တံဆိပ်ခေါင်း ၉၃၃ သန်းကို ရွှေဆိုင်များသို့ ထုတ်ပေးခဲ့ကြောင်း၊ ဇူလိုင်လမှ ဩဂုတ်လကုန်အထိ ကျပ် ၄၄၅ သန်းကျော် ကောက်ခံရရှိထားပြီးသည်ဟု ၎င်းက ပြောဆိုသည်။

ရွှေသား သီးသန့် ရောင်းရငွေ၏ တစ်ရာခိုင်နှုန်းကို အခွန်အဖြစ် ကောက်ခံခြင်းဖြစ်ပြီး ရွှေတွင် ကျောက်ပါဝင်ပါက ကျောက်တန်ဖိုး၏ ၅ ရာခိုင်နှုန်း ပေးဆောင်ရန် သတ်မှတ်ထားကာ အခွန်ဦးစီးဌာနက ၁၀ဝ တန်၊ ၂၀ဝ တန်၊ ၅၀ဝ တန်၊ ၁၀ဝ၀ တန်၊ ၅၀ဝ၀ တန်နှင့် တစ်သောင်းတန် ရွှေအခွန် အမှတ်တံဆိပ်ခေါင်းများ ထုတ်ပေးထားသည်။

ရွှေအရောင်းပြေစာများတွင် အခွန် အမှတ်တံဆိပ်များ ကပ်ရန် ညွန်ကြားထားရာ အခွန်ဦးစီးဌာနအနေနှင့် ရှောင်တစ်ခင် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ရာ သုံးလအတွင်း ရွှေဆိုင်ငါးဆိုင်ခန့် အရေးယူခံခဲ့ရကြောင်း မန္တလေးမြို့ပေါ်ရှိ ရွှေဆိုင်အချို့ထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

imyanmarmarket
CarsDB Showroom Opening

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service