ကမ္ဘာကျော်တို့ နေထိုင်ခဲ့ဖူးသည့်နေအိမ်များ (ကမ္ဘာကျော်အက်ရှင်မင်းသား ဂျက်ကီချန်း၏ နေအိမ်)

ကမ္ဘာကျော်တို့ နေထိုင်ခဲ့ဖူးသည့်နေအိမ်များ (ကမ္ဘာကျော်အက်ရှင်မင်းသား ဂျက်ကီချန်း၏ နေအိမ်) - Property News in Myanmar from iMyanmarHouse.com
28 Sep 2017 11:02 am တွင် တင်ခဲ့သည်
2822 ကြိမ် ကြည့်ရှု့ပြီး
ဂျက်ကီချန်းကို ၁၉၅၄ ခုနှစ်၊ ဧပြီလ ၇ ရက်တွင် ဟောင်ကောင်၌ မွေးဖွားပြီး ငယ်မည်မှာ ချန်းကောင်ဆန်း ဖြစ်သည်။

မိဘများမှာ ချားလ်စ်နှင့် လီလီချန်းတို့ဖြစ်ကြပြီး ချန်ကေရှိတ်နှင့် ကွန်မြူနစ်တို့အကြားဖြစ်ပွားသည့် ပြည်တွင်းစစ်ကြီးတွင် ဟောင်ကောင်သို့ စစ်ဘေးခုံလှုံခဲ့ကြခြင်း ဖြစ်သည်။မိဘများက ဂျက်ကီချန်းကို “ဟောင်ဟောင်” ဟု နာမည်ပြောင်ပေးကြသည်။တရုတ်ဘာသာအားဖြင့် ပူဖောင်းဟုအမည်ရ၏။
အလွန်အဆော့သန်သော ဂျက်ကီချန်းလေးသည် အိမ်ကပ်သည်မရှိဘဲ လည်ပတ်နေသည်က များသောကြောင့် ထိုသို့ အမည်ပေးခြင်း ဖြစ်သည်ဟု ဆိုသည်။

သူ၏ မိဘများမှာ ဟောင်ကောင်ရှိ ပြင်သစ်သံအမတ်ကြီးထံတွင် အလုပ်လုပ်ကိုင်ကြသည်။
သို့ဖြင့် ဂျက်ကီချန်း၏ ကလေးဘဝမှာ သံတမန်အိမ်တော်ဝန်းအတွင်းတွင် ကြီးပြင်းကုန်လွန်ခဲ့ရသည်။မူလတန်းတက်စဉ် ပထမဆုံးနှစ်မှာပင် စာမေးပွဲကျရာ မိဘများက ကျောင်းထုတ်လိုက်ကြ၏။

၁၉၆၀ ပြည့်နှစ်တွင် ဖခင်ဖြစ်သူမှာ သြစတေးလျနိုင်ငံ၊ ကင်ဘာရာသို့ ပြောင်းရွှေ့ခဲ့ပြီး အမေရိကန်သံရုံးတွင် စားဖိုမှူးအဖြစ် လုပ်ကိုင်ခဲ့သည်။
ဂျက်ကီချန်းကို ပီကင်းအော်ပရာကျောင်းတစ်ခုဖြစ်သော တရုတ်ဒရာမာအကယ်ဒမီသို့ တက်ရောက်စေခဲ့သည်။

အဆိုပါကျောင်းများသည် ပီကင်အော်ပရာကို အဓိကသင်ကြားပေးပြီး အခြားဘာသာရပ်များဖြစ်သော ကိုယ်ခံပညာ၊ ဂျွမ်းဘား၊ တေးဂီတ၊ အကနှင့် ပရိသတ်ဖျော်ဖြေမှုအတတ်များ သင်ကြားပေးကြသည်။

အဆိုပါကျောင်းတွင် ဆယ်စုနှစ်တစ်ခုခန့် တက်ရောက်ခဲ့ပြီးနောက် ဂျက်ကီချန်းမှာ ကိုယ်ခံပညာနှင့် ကျွမ်းဘား ဘာသာရပ်များတွင် အလွန်ထူးချွန်သူ ဖြစ်လာသည်။
ကျောင်းရှိ အတော်ဆုံးကျောင်းသားများစုဖွဲ့ထားသည့် Seven Little Fortunes အဖွဲ့တွင် ဂျက်ကီချန်းပါဝင်လာခဲ့သည်။

ဖက်တီးမင်းသားဟု အမည်ရသော ဆန်မိုဟန်သည်လည်း အဆိုပါအဖွဲ့တွင် ဂျက်ကီချန်းနှင့်အတူ ပါဝင်ခဲ့သူ ဖြစ်သည်။ရုပ်ရှင်လောကသို့ ဝင်ရောက်လာချိန်တွင်လည်း ဂျက်ကီချန်းသည် ဆန်မိုဟန်နှင့်အတူ ကျင်းပါကင်အမည်ရှိ ဆရာကြီးတစ်ဦးထံတွင် ဟက်ပ်ကီဒိုပညာရပ် ဆည်းပူးလေ့လာခဲ့ပြီး ဂျက်ကီချန်းမှာ ခါးပတ်နက်အဆင့်အထိ ရောက်ရှိခဲ့သည်။

ထို့အပြင် ကရာတေး၊ ဂျူဒို၊ တိုက်ကွမ်ဒို အစရှိသည့်ပညာရပ်များလည်း အပြင်းအထန်လေ့ကျင့်ခဲ့၏။
ရုပ်ရှင်ဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး နာမည်ကျော်ဇာတ်ကားများစွာရှိခဲ့သည့်အနက် အချို့မှာ
Police Story 3: Super Cop (၁၉၉၂)
Who Am I? (၁၉၉၈)
Rush Hour (၁၉၉၈)
Around the World in 80 Days (၂၀၀၄)
The Forbidden Kingdom (၂၀၀၈)
The Karate Kid (၂၀၁၀) တို့ ဖြစ်ကြသည်။
ယခု ၂၀၁၇ ခုနှစ်အတွင်းတွင်လည်း Kung Fu Yoga၊ The Nut Job 2: Nutty by Nature၊ The Lego Ninjago Movie၊ The Foreigner ၊ Bleeding Steel ၊ Viy 2: Journey to China တို့ ထွက်ရှိမည်ဖြစ်သည်။

ဖော့ဘ်မဂ္ဂဇင်းကြီးက ဂျက်ကီချန်း၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ သန်း ၃၅၀ ခန့်ရှိကြောင်း ခန့်မှန်းထားသည်။

အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့တွင် ကမ္ဘာကျော်ကြယ်ပွင့်များ စုဝေးရာ ဘီဗာလီဟေးလ်ဟုခေါ်သော ဒေသရှိသည်။
အဆိုပါဒေသတွင် ပြင်သစ်ဗိသုကာဟန်ဖြင့် ၁၉၈၆ ခုနှစ်တွင် ဆောက်လုပ်ထား နေအိမ်တစ်လုံးရှိနေသည်။ပိုင်ရှင်မှာ ကိုယ်ခံပညာရှင်၊ ကမ္ဘာကျော်အက်ရှင်သရုပ်ဆောင် ဂျက်ကီချန်းဖြစ်၏။

ဂျက်ကီချန်းသည် ဟောင်ကောင်နှင့် အခြားကမ္ဘာ့နိုင်ငံများစွာတွင် နေအိမ်များ ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။ယခုနေအိမ်ကို ဂျက်ကီချန်းက ၁၉၉၈ ခုနှစ်အတွင်း ကန်ဒေါ်လာ ၃ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။၈ နှစ်အကြာ ပြန်လည်ရောင်းချရာတွင် ကန်ဒေါ်လာ ၆ ဒသမ ၃ သန်းရရှိခဲ့သောကြောင့် ထက်ဝက်ခန့် မြတ်စွန်းခဲ့သည်ဟု ဆိုနိုင်သည်။

ဂျက်ကီချန်းပိုင်ဖူးသော အဆိုပါနေအိမ်သည် နောက်ဆုံးအရောင်းအဝယ်အဖြစ် ၂၀၁၃ ခုနှစ်အတွင်း ကန်ဒေါ်လာ ၇ ဒသမ ၈ သန်းဖြင့် ရောင်းထွက်ခဲ့သည်။
ပြီးခဲ့သော ဆယ်စုနှစ် ၃ ခုခန့်ဖြစ်သော ၁၉၈၄ ခုနှစ်အတွင်းကမူ ယင်းနေအိမ်၏တန်ဖိုးမှာ ကန်ဒေါ်လာ ၈၂၅၀၀၀ သာရှိခဲ့သည်။ခြံဝန်းအတွင်း ရေတံခွန်တစ်ခုပါဝင်ပြီး နှစ်ထပ်အဆောက်အအုံဖြစ်ကာ အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၅ ခန်း ပါဝင်သည်။
အပူချိန်ထိန်းညှိစနစ်ပါဝင်သည့် ဝိုင်သိုလှောင်ခန်း၊ မီးလင်းဖို ၃ ခုတို့ ပါဝင်သည်။
ခြံဝန်းအကျယ်မှာ တစ်ဧက၏ လေးပုံသုံးပုံခန့် ကျယ်ဝန်းသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
CarsDB
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service