လာမယ့်ပွင့်လင်းရာသီမှာ တိုင်းဒေသကြီးအတွင်းက ကျူးကျော်နေထိုရသူတွေကို နေရာချထားဖို့စီစဉ် နေ
တယ်လို့ တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောဆိုပါ
တယ်။
ပြီခဲ့တဲ့နှစ်စာရင်းကောက်ယူမှုအရ ရန်ကုန်တိုင်းအတွင်း
ကျူကျော်အိမ်ထောင်စု ၁ သိန်းခွဲဝန်းကျင်အထိရှိနေတယ်
လို့သိရပြီး ယင်းတို့ကိုရန်ကုန်အရှေ့ခြမ်းနဲ့ အနောက်
ဘက်မြို့နယ်တွေမှာ နေရာချထားဖို့ရည်မှန်းထားတာ
လည်းဖြစ်ပါတယ်။
စာရင်းကောက်ယူမှုတွေအရ အလုပ်အကိုင်တွေရှိပြီး ဘဏ်ကသတ်မှတ်တဲ့ ကနဦးပေးသွင်းရမယ့်ငွေသားကို
တောင် အဆင်မပြေဖြစ်နေတဲ့ အိမ်ရာမဲ့ဖြစ်နေသူကို
နေရာချထားနိုင်ဖို့ ရည်ရွယ်ထားပြီး လုပ်စားကျူးကျော်
တွေကို အရေးယူဖို့တွေကိုလည်း တိုင်းဝန်ကြီးချုပ်
က ပြောဆိုထားတာတွေရှိပါတယ်။
ရန်ကုန်အရှေပိုင်းဖြစ်တဲ့ ဒဂုံ ၄ မြိုနယ်နဲ့ အနောက်ပိုင်း
က ရွှေပြည်သာ၊လှိုင်သာယာမြို့နယ်တွေမှာ နေရာချ
ထား ဖို့ရည်မှန်းထားတယ်လို့ လည်းသိရပါတယ်။ နေ
ရာချထားနိုင်ဖို့ စီမံချက်တွေရေးဆွဲဆောင်ရွက်သွားမယ် လို့လည်းသိရပါတယ်။
လက်ရှိမှာဆောက်လုပ်ရေးဝန်ကြီးဌာ အိမ်ရာဖွံ့ဖြိုးရေးဦး
စီးဌာနကလည်း ဝင်ငွေနည်းပြည်သူတွေအတွက် တန်ဖိုး နည်းအိမ်ရာတွေကို အကောင်အထည်ဖော်နေပြီး အိမ်ရာ
တန်ဖိုးရဲ့ ၃၀ ရာခိုင်းငွေပေးသွင်းပြီး အရစ်ကျစနစ်နဲ့ အိမ်ရာဝယ်ယူနိုင်အောင်စီစဉ်နေပြီး စာရင်းသွင်းသူက တစ်သောင်းခွဲဝန်းကျင်အထိရှိတယ်လို့ သိရပါတယ်။
Credit: SFJ Strategy First