ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးကို ဖွံ့ဖြိုးတိုးတက်စေမည့် ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတား(ဒလ)တည်ဆောက်ရေးစီမံကိန်းကို စတင်တော့မည်ဖြစ်၍ မြေသားစမ်းသပ်ခြင်းလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
မြေသားခံနိုင်ဝန်စမ်းသပ်ခြင်းလုပ်ငန်းဖြစ်သည့် ရန်ကုန်ဘက်အခြမ်းဖြစ်သော ဘုန်းကြီးလမ်းတစ်လျှောက် ကို လည်းကောင်း၊ ကမ်းနားလမ်း ဘယ်ဘက်အခြမ်းနှင့် ညာဘက်အခြမ်းကို လည်းကောင်း၊ ဒလဘက်အခြမ်း ဖြစ်သော ကမာကဆင့်ရပ်ကွက်ရှိ လှေဆိပ်ထိပ်မှ နာရီစင်အဝိုင်းအထိကို လည်းကောင်း၊ မြစ်အတွင်းနှင့် ကမ်းစပ်တစ်ဖက်စီအတွက်လည်းကောင်း ပွိုင့်စုစုပေါင်း ၆၄ (Bore hole)တွင်းအတွက် မြေသားစမ်းသပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားခြင်းဖြစ်ပြီး ပွိုင့် ၁ (Bore hole)တွင်း၏အနက်မှာ မီတာ ၇ဝ ဝန်းကျင်စီရှိကာ ပွိုင့်အကျယ်မှာ မီလီမီတာ ၁ဝဝ စီရှိကြောင်း သိရသည်။
မြေသားစမ်းသပ်ခြင်း (Soil Test)လုပ်ငန်း လုပ်ဆောင်နေသည့် SUNTAC TECHNOLOGIES ကုမ္ပဏီလီမိတက် Operation မန်နေဂျာ ဦးမင်းသက်ဇော်က ''မြေသားစမ်းသပ်ခြင်း (Soil Test)လုပ်ငန်းကို ဇူလိုင်လကုန်လောက် ဆောင်ရွက်ပြီးစီးဖို့ မျှော်မှန်းခဲ့ပေမယ့် အခြားအခက်အခဲနဲ့ ရာသီဥတုအခြေ အနေအရ လုပ်ငန်းဆောင်ရွက်ရာမှာ ခက်ခဲမှုတွေရှိခဲ့လို့ ဒီစက်တင်ဘာ ၆ ရက်က ဆောင်ရွက်ပြီးစီးသွားတာ ပါ။ နိုင်ငံတကာမှာလည်း မြစ်တစ်ခု ရဲ့ တစ်ဖက်တစ်ချက်စီမှာ ကြည့်လိုက် မယ်ဆိုရင် စည်ကားလှပစွာရှိနေပြီး ခေတ်မီတဲ့ပုံစံကို တွေ့မြင်ရနိုင်ပါ တယ်။
ဒီတံတားကြီးတည်ဆောက် ပြီးစီးသွားပြီဆိုရင်တော့ ရန်ကုန်ဘက် ခြမ်းရော ဒလဘက်ခြမ်းပါ ဖွံ့ဖြိုး တိုးတက်လာနိုင်မှာဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေးပါ အစစအရာရာ အဆင်ပြေလာမှာပါ။ ပြီးတော့ မြစ်ကို လှေနဲ့ဖြတ်သန်းပြီး အလုပ်လုပ်ကိုင် နေကြရတဲ့ ပြည်သူတွေရဲ့အသက် အန္တရာယ်ပါ လုံခြုံစိတ်ချရစေမှာဖြစ်ပါ တယ်''ဟု ပြောသည်။
အဆိုပါ ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတား(ဒလ) တည် ဆောက်ရေးစီမံကိန်း ဆောင်ရွက်ပြီး စီးပါက ရန်ကုန်ဘက်ခြမ်းနှင့်ဒလဘက် ခြမ်းတို့တွင် လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး နေ့စဉ် မြစ်ကို လှေဖြင့်ဖြတ်သန်းအလုပ် လုပ်ကိုင်နေကြသော ပြည်သူများ၏အသက်အန္တရာယ်ပါ လုံခြုံစိတ်ချရစေ မည်ဖြစ်ကြောင်း၊ လမ်းအသုံးပြုသူများ အဆင်ပြေစေရန် ဆောင်ရွက် နေသော ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတား(ဒလ) တည် ဆောက်ရန်အတွက် ပြီးခဲ့သည့် ဧပြီလ နောက်ဆုံးပတ်က မြေသား စမ်းသပ်ခြင်း(Soil Test)လုပ်ငန်းများ ကို စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ် ကြောင်း ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတား(ဒလ) တည် ဆောက်ရေးစီမံကိန်းမှ သိရသည်။
Credit: The Mirror