ဥပဒေပိုင်းဆိုင်ရာအရ အားကောင်းသော ပြင်ဆင်မှုများက ဈေးကွက် အထောက်အကူပြုပါစေ

ဥပဒေပိုင်းဆိုင်ရာအရ အားကောင်းသော ပြင်ဆင်မှုများက ဈေးကွက် အထောက်အကူပြုပါစေ - Property News in Myanmar from iMyanmarHouse.com
28 Sep 2017 10:33 am တွင် တင်ခဲ့သည်
5963 ကြိမ် ကြည့်ရှု့ပြီး
အိမ် ခြံ မြေ ဈေးကွက် ပြန်လည် ဦးမော့ရေးအရေးကြီး ကာလသို့ရောက်ရှိနေပြီဟုဆိုရမည်။
အိမ် ခြံ မြေ နှင့် စပ်လျဉ်း၍ ပုံမှန် ရောင်းဝယ်ငှား များ ဟန်မပျက် စခန်းသွားနေကြသော်လည်း အမှန်တကယ်တွင်မူ ဟန်သာရှိ၍ အဆံမရှိသကဲ့သို့ဖြစ်လာသည်။လက်ကြီး ရင်းနှီးမြုပ်နှံသူများ၏ အရောင်းအ၀ယ် ရင်းနှီးမြုပ်နှံမှုများ ရပ်တန့်ချိန်တွင် ဈေးကွက်သည် အသက်မဲ့အရုပ်တစ်ရုပ်ကဲ့သို့ပင်ဖြစ်လာသည်။

အိမ် ခြံ မြေ ပူဖောင်းပေါက်သလားဟူသော မေးခွန်းကို အိမ် ခြံ မြေ နှင့်စပ်လျဉ်းသော အသင်းအဖွဲ့များမှ ဥက္ကဌများထံ မေးမြန်းကြည့်သောအခါ အိမ် ခြံ မြေ ပူဖောင်းပေါက်ခြင်းမဟုတ်ကြောင်း ပြောဆိုရှင်းပြကြသည်။သို့သော် ယခု အခြေအနေအတိုင်း ဆက်သွားပါက အိမ် ခြံ မြေ ၏ လားရာသည် Bank Crisis ဖြစ်နိုင်သည့် အခြေအနေအထိ ဆိုက်ရောက်နိုင်ကြောင်း အိမ ခြံ မြေ အရေးကျွမ်းကျင်သူများကပြောဆိုထားသည်။

၂၀၁၄ နှစ်ကုန်ပိုင်းကတည်းကစတင်အေးစက်လာခဲေ့သော ဈေးကွက်ကိုလက်ရှိ အစိုးရတက်လာသည့်နောက်ပိုင်းတွင်လည်း ပြန်လည်နိုးထရေးကြိုပမ်းမှုများမှာအရှိန်ယူနေရဆဲပင်ဖြစ်သည်။ထိုကဲ့သို့သော အရောင်းအ၀ယ်ပါးသည့်ကာလတွင် အိမ် ခြံ မြေဆိုင်ရာ ဥပဒေများပေါ်ထွန်းလာရေးအတွက် ပြည်တွင်း အိမ် ခြံ မြေ အသိုင်းအ၀ိုင်းမှ ကြိုးပမ်းအားထုတ်လာကြသည်ကိုတွေ့မြင်ရသည်။အစိုးရ အနေဖြင့်လည်း စီးပွားရေးပေါ်လစီများ ချမှတ်ကာ နိုင်ငံစီးပွားရေး နှင့် တိုင်းပြည် GDP မြင့်မားရေးကြိုးပမ်းနေခဲ့သည်။

ယင်းကဲ့သို့ ကြိုးပမ်းမှုများအနက်မှ အိမ် ခြံ မြေ နှင့်တိုက်ရိုက် ဆက်စပ်သော ၊ သွယ်ဝိုက်ဆက်နွယ်နေသော ဥပဒေများလည်း ပါဝင်နေသည်ကိုတွေ့ရသည်။ အိမ် ခြံ မြေ လောကနှင့် တိုက်ရိုက်ဆက်စပ်နေသော ဥပဒေများကို ရေးဆွဲဆောင်ရွက်မည်ဆိုသော်လည်းအချို့မှာအကောင်အထည်ပေးလာရေးအတွက် ပိုမို အချိန်ကြာနေသည်ကိုတွေ့မြင်နေရသည်။

""ကွန်ဒိုဥပဒေကြန့်ကြာနေခြင်းက ဈေးကွက်လေးဖင့်နေရသည့်အကြောင်းရင်း တစ်ရပ်ဖြစ်""

အိမ် ခြံ မြေ ဈေးကွက်လေးဖင့်နေရသည့်အကြောင်အရင်းများစွာရှိသည့်အနက် ကွန်ဒို နည်းဥပဒေကြန့်ကြာနေခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း မြန်မာနိုင်ငံအိမ် ခြံ မြေ ဝန်ဆောင်မှုအသင်းဗဟိုမှ ဒုတိယဥက္ကဌဖြစ်သူ ဦးသန်းဦးမှ ပြောဆိုသုံးသပ်သည်။

""ကွန်ဒို နည်းဥပဒေမထွက်သေးတော့ တိကျတဲ့စည်းကမ်းတွေမရှိသေးတော့ အလုပ်ဖြစ်တာကြာနေတယ်။ဈေးကွက်ဘေးဖင့်နေရနဲ့အထဲမှာ ဒါလည်းပါတာပေါ့။အိမ် ခြံ မြေ ဈေးကွက်ကောင်းဖို့ကတော့ မှန်ကန်တိကျစနစ်ကျတဲ့ ဥပဒေတွေရှိဖို့လိုသလို ပြည်သူတွေဝင်ငွေကောင်းဖို့လိုတယ်။နောက်ပြီး နိုင်ငံရဲ့ စီးပွားရေးကောင်းဖို့လည်း အရေးကြီးတာပေါ့။ဒါမှ အိမ် ခြံ မြေ ဈေးကွက်ကောင်းလာမှာပေါ့။""ဟု ဦးသန်းဦးမှ ပြောပြသည်။

""စုပေါင်းအိမ်ရာပိုင်ဆိုင်မှုဥပဒေ""

မြို့ပြရန်ကုန်၏ အနေအထားအရ စုပေါင်အိမ်ရာပိုင်ဆိုင်မှုဥပဒေ Apartment Law သည် အမှန်တကယ်လိုအပ်သော ဥပဒေတစ်ရပ်ပင်ဖြစ်ကြောင်း လည်း ဦးသန်းဦးမှ သုံးသပ်ခဲ့ဖူးသည်။ "" apartment law က ဆွဲကိုဆွဲရမှာ။ဘာကြောင့်လဲဆိုရင်ရန်ကုန်မှာတိုက်ခန်းတွေအများကြီးပဲ။ပိုင်ဆိုင်မှုမှာ အခုလိုမျိုးစုပေါင်းအိမ်ရာပိုင်ဆိုင်မှုဥပဒေရှိလာရင် ခိုင်ခိုင်မာမာဖြစ်တာပေါ့။ရှိသင့်တယ်လို့မြင်တယ်။ဥပဒေတွေအကောင်အထည်ဖော်ရာမှာလည်းလျင်လျင်မြန်မြန်အကောင်ထည်ဖော်နိုင်ဖို့လိုတယ်။""ဟု ဦးသန်းဦးမှ ပြောသည်။

စုပေါင်းပိုင် တိုက်ခန်းအိမ်ရာ ဥပဒေမူကြမ်း ရေးဆွဲကာ ဆောက်လုပ်ရေး ၀န်ကြီးဌာန မှတဆင့် လွှတ်တော်သို့ အမြန်ဆုံး တင်ပြနိုင်ရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်းဥက္ကဌဦးကျော်ဝင်းပြောဆိုထားကြောင်သတင်းများကဖော်ပြထားသည်။သို့သော် ယနေ့ကာလအထိ အစိုးရအနေဖြင့် အိမ် ခြံ မြေ နှင့်ဆက်စပ်သော ဥပဒေများ အကောင်အထည်ဖော်နိုင်မှုမှာ အားနည်းနေဆဲပင်ဖြစ်သည်။

""လောလောဆယ်မှာကွန်ဒိုဥပဒေထွက်ဖို့ကြာနေတယ်။နှစ်နှစ်ကျော်နေပြီ။နောက်ပြီး အသင်းတွေက တင်ပြတဲ့ အိမ် ခြံ မြေဝန်ဆောင်မှုဥပဒေတွေ ခုထိ ထွက်မလာသေးဘူး၊အခုစုပေါင်းအိမ်ရာပိုင်ဆိုင်မှုဥပဒေလုပ်မယ်ပေါ့။အားလုံးကတော့ ကောင်းဖို့လုပ်တဲ့ဥပဒေတွေဖြစ်တဲ့အတွက် မြန်မြန်ထွက်လာဖို့ပဲမျှော်လင့်တယ် ""ဟု အိမ် ခြံ မြေ လောကသားတစ်ဦးဖြစ်သူ ဦးအောင်သန်းမှသုံးသပ် ပြောဆိုသည်။

“””ရင်းနှီးမြုပ်နှံမှုဆိုင်ရာဥပဒေ””

ယင်း ဥပဒေသည် နိုင်ငံ့ စီးပွားရေးအတွက် များစွာ အကျိုးရှိမည့် ဥပဒေတစ်ရပ်ဖြစ်သကဲ့သို့ အိမ် ခြံ မြေ နှင့်လည်း ဆက်စပ်နေသော ဥပဒေတစ်ရပ်ဟု ဆိုနိုင်ပေသည်။ပြည်ပရင်းနှီးမြုပ်နှံမှုများ ပြည်တွင်းသို့ ၀င်လာမည်ဆိုပါကမြေသည်နံပတ်တစ်လိုအပ်ချက်တစ်ရပ်ပင်ဖြစ်လာပေလိမ့်မည်။ ""ရင်းနှီးမြုပ်နှံမှုဥပဒေက ထွက်လာပြီလို့တော့ပြောကြတယ်။ဒါပေမယ့် ဘယ်လိုထွက်တာလဲ။နည်းဥပဒေရော ထွက်ပြီလားဆိုတာ အတိအကျမသိရသေးဘူး။နိုင်ငံခြားရင်နှီးမြုပ်နှံမှုတွေဟာ ရင်းနှီးမြုပ်နှံမှုဥပဒေလို မူဝါဒခိုင်မာတဲ့ ဥပဒေတွေရှိမှ လာမှာ။ပြည်ပရင်းနှီးမြုပ်နှံမှုဝင်လာပြီဆိုရင် ဘယ်လိုအပိုင်း၊ ဘယ်လိုပုံစံနံ့ပဲလာလာ အိမ် ခြံ မြေ ကို လိုကိုလိုအပ်တယ်။ဒါပေမယ့် ခု ဥပဒေပေါ်ပြီဆိုတာနဲ့ ခု အကျိုးဖြစ်ထွန်းတာမျိုးတော့ ဖြစ်လာမှာ မဟုတ်ဘူး။ဘာကြောင့်လဲ ဆိုတော့ တကယ့် Investor တွေ ဝင်လာတဲ့အချိန်တစ်ခုအထိကိုတော့ စောင့်ဖို့လိုပါသေးတယ်။အဲဒီလို အသားကျမှသာ ပိုမို အဆင်ပြေလာမှာပါ ”””ဟု အိမ် ခြံ မြေ အသင်းတစ်ခု၏ ဥက္ကဌ ဖြစ်သူကပြောဆိုထားသည်။

နောက်ဆုံးကျန်ရှိနေသေးသော ဥပဒေမှာမူ အိမ်ခြံမြေ ၀န်ဆောင်မှုဥပဒေပင်ဖြစ်သည်။ယင်း ဥပဒေသည် ထွက်ရှိလာနိုင်ရေးအတွက် ပြည်တွင်းမှ အိမ် ခြံ မြေ အကျိုးဆောင်အသင်းများက အပြိုင်အဆိုင် ကြိုးပမ်းလျက်ရှိနေကြသည်။ယင်း ဥပဒေမှာမူ အိမ် ခြံ မြေ လောကသားများအတွက် ဈေးကွက်ဆိုင်ရာမှ အစပြုကာ အကျိုးဆောင်လုပ်သူများအထိ အကျိုးရှိစေနိုင်မည့် ဥပဒေတစ်ရပ်ဖြစ်လာမည်ဟူ၍လည်း အများမျှော်လင့်ထားကြသည်.။

မည်သို့ဆိုစေ အိမ် ခြံ မြေ နှင့် စပ်လျဉ်း၍ ကြန့်ကြာနေသော ဥပဒေများ အမြန်ထွက်ရှိလာရေးနှင့် ထွက်ရှိလာမည့် ဥပဒေများသည်လည်း အိမ် ခြံ မြေ လောကအတွက် အကျိးရှိသော ၊ ခိုင်မာ အားကောင်းသော ဥပဒေများဖြစ်ပါစေဟုသာ……။

မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း
Shwe Moe Kaung
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service