တစ်ခန်းလျှင် ကျပ်သိန်း ၇၀ ခန့်ဖြင့် ရောင်းချမည့် တန်ဖိုး နည်းအိမ်ရာစီမံကိန်းအစီအစဉ် သည် ယခုဘဏ္ဍာနှစ်တွင် မပါဝင် သေးကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက ပြောသည်။
ကျပ်သိန်း ၁၀၀ အောက်ဖြင့် ရောင်းချနိုင်ရန် ပညာရှင်များနှင့် တိုင်ပင်၍ ဒီဇိုင်းရေးဆွဲဆဲအဆင့် သာရှိသေးသဖြင့် ယင်းစီမံကိန်းသည် ယခုဘဏ္ဍာနှစ်တွင် ပါဝင်လာဦးမည်မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။
အစိုးရသစ်လက်ထက် ဒုတိ ယအသုတ်ရောင်းချမည့် တန်ဖိုး နည်းအိမ်ရာများတွင် ကျပ်သိန်း ၁၀၀ နှင့် ၁၅၀ ကြား ရောင်းချမည့် အခန်းများသာ ပါဝင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ဩဂုတ်အတွင်း ထုတ်ပြန်ကြေ ညာထားသည်။
ယခု ဘဏ္ဍာနှစ်တွင် တန်ဖိုးနည်းအိမ်ရာ ၆၀၀ ကျော်ကို ဒုတိယသုတ်အဖြစ် မြို့ပြနှင့် အိမ် ရာဖွံ့ဖြိုးမှုဦးစီးဌာနက ရောင်းချ ခဲ့ပြီးဖြစ်သည်။
တန်ဖိုးနည်းအိမ်ရာတစ်ခန်း လျှင် ကျပ်သိန်း ၁၀၀ အောက်ဖြင့် ရောင်းချနိုင်ရန် အစိုးရအနေဖြင့် အကြိမ်ကြိမ်ကြိုးစားနေပြီး နည်း လမ်းပေါင်းများစွာ ရှာဖွေနေ ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်း ခိုင်က မီဒီယာများနှင့် တွေ့ဆုံစဉ် မကြာခဏ ပြောကြားလေ့ရှိ သည်။ လက်ရှိတွင် တန်ဖိုးနည်း အိမ်ရာတည်ဆောက်ရန် ပုဂ္ဂလိ က လုပ်ငန်းရှင်များအနေဖြင့် မြေ တန်ဖိုးကြောင့် ခက်ခဲနေပြီး အ ခန်းအရည်အသွေးကောင်းမွန်စေ ရန် ဆောက်လုပ်စရိတ်ကို လျှော့ ချ၍မရကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးမြင့်ထွေးက ပြော သည်။
ပြီးခဲ့သည့် အစိုးရ လက် ထက်က တစ်ခန်းလျှင် ကျပ်သိန်း ၆၀ ကျော်ဖြင့် တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ရန် အစိုးရအဖွဲ့ထံ တော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီ က ကမ်းလှမ်းဖူးသော်လည်း အစိုးရဘက်က တစ်စုံတစ်ရာ အကြောင်း ပြန်ကြားပေးခြင်းမရှိပေ။
ဆောက်လုပ်ရေး ဝန်ကြီး ဌာနသည် တန်ဖိုးနည်းအိမ်ရာများ အပါအဝင် ရန်ကုန်တွင် ငါးနှစ်အ တွင်း အခန်းရှစ်ထောင်ကျော် ပါဝင်သော အိမ်ရာများ ဖော်ထုတ်နိုင်ရန် ရည်ရွယ်ထားသည်။
Credit: 7Daydaily