ချယ်လ်ဆီးအသင်းပိုင်ရှင် အဗရာမိုဗစ်ခ်ျတို့ဇနီးမောင်နှံ ငှားရမ်းနေထိုင်ခဲ့ဖူးကာ အမေရိကန်သမ္မတကတော်ဟောင်း ဂျက်ကလင်းအိုနာစစ် ကလေးဘဝက နေထိုင်ခဲ့သည့်နေအိမ် အရောင်းဈေးကွက်တင်

ချယ်လ်ဆီးအသင်းပိုင်ရှင် အဗရာမိုဗစ်ခ်ျတို့ဇနီးမောင်နှံ ငှားရမ်းနေထိုင်ခဲ့ဖူးကာ အမေရိကန်သမ္မတကတော်ဟောင်း ဂျက်ကလင်းအိုနာစစ် ကလေးဘဝက နေထိုင်ခဲ့သည့်နေအိမ် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
27 Sep 2017 12:06 pm တွင် တင်ခဲ့သည်
6070 ကြိမ် ကြည့်ရှု့ပြီး
ပြီးခဲ့သော ၂၀၁၆ ခုနှစ်နွေရာသီတွင် ချယ်လ်ဆီးအသင်းပိုင်ရှင် ရုရှားဘီလျံနာကြီး အဗရာမိုဗစ်ခ်ျနှင့် ဇနီး ဒါရှာ ဇူကိုဗာတို့ဇနီးမောင်နှံ ငှားရမ်းနေထိုင်ခဲ့ဖူးကာ အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ၏ ဇနီး ဂျက်ကလင်းကနေဒီအိုနာစစ် ငယ်စဉ်က နေထိုင်ခဲ့ဖူးသည့် နေအိမ် ယခုတိုင်ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ ၉ သန်းခန့်အထိ ဈေးလျှော့ကာ အရောင်းဈေးကွက် ပြန်တင်လာသည်။

ဂျွန်အက်ဖ်ကနေဒီသည် ၁၉၆၁ တွင် သမ္မတတာဝန်စတင်ထမ်းဆောင်ပြီး ၁၉၆၃ တွင် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။
အဆိုပါနေအိမ်ကို ပြီးခဲ့သည့် နှစ်အတွင်း ကန်ဒေါ်လာ ၃၈ ဒသမ ၉၉၅ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးချေ။

နေအိမ်တည်ရှိသည့်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ဆပ်ဖ်ဖော့ခ်ခရိုင်၊ အရှေ့ဟမ့်ပ်တန်မြို့ကလေးတွင် တည်ရှိသည်။အဆိုပါမြို့သည် နယူးယောက်ပြည်နယ်တွင် အရှေ့ဖျားအကျဆုံး မြို့ကလေးဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၂၁၄၅၇ ခန့်သာ ရှိသည်။

၁၉၁၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဗိသုကာပညာရှင် အာသာ စီ၊ ဂျက်ခ်ဆင်က ဒီဇိုင်းရေးဆွဲပေးခဲ့သည်။
ဂျက်ကလင်း၏ မိဘများက နွေရာသီအပန်းဖြေနေအိမ်အဖြစ် ၁၉၂၀ ပြည့်လွန်ကာလများနှင့် ၁၉၃၀ ပြည့်လွန်ကာလများအတွင်း အသုံးပြုခဲ့သည်။
နောင်အခါတွင် သမ္မတကတော် first lady ဖြစ်လာမည့် ဂျက်ကလင်း ဘိုဗီးယားတစ်ယောက် အားလပ်ရက် အပန်းဖြေကာလများတွင် မိဘများနှင့်အတူ နေထိုင်ခဲ့သည်။

မြေအကျယ်အဝန်းမှာ ၇ ဧက ခန့်ရှိပြီး အိပ်ခန်း ၁၀ ခန်း၊ ရေချိုးခန်း ၁၀ ခန်း၊ အိပ်ခန်း ၂ ခန်းပါ ဧည့်ဂေဟာနှင့် ကား ၃ စင်းဆန့် ကားဂိုဒေါင်တို့ ပါဝင်သည်။
ယခုခေါ်ဈေးမှာ ကန်ဒေါ်လာ ၂၉ ဒသမ ၉ သန်း ဖြစ်သည်။
လက်ရှိပိုင်ရှင်မှာ ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်ပြီး ၂၀၀၇ ခုနှစ်အတွင်း ကန်ဒေါ်လာ သန်း ၂၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

ဂျက်ကလင်းကနေဒီသည် ငယ်စဉ်အခါက နယူးယောက်မြို့ရှိ တိုက်ခန်း၊
ဝါရှင်တန်ဒီစီရှိနေအိမ်တို့တွင် နေထိုင်ခဲ့ဖူးပြီး အဆိုပါတိုက်ခန်းနှင့် နေအိမ်တို့၏ အရောင်းအဝယ်သတင်းများကို iMyanmarHouse.com တွင် တင်ပြခဲ့ပြီး ဖြစ်ပါသည်။

ပြန်လည်ဖတ်ရှုလိုပါက (၁) https://www.imyanmarhouse.com/news/read/632855 (၂) https://www.imyanmarhouse.com/news/read/617462 အင်တာနက်လင့်ခ်များတွင် ဖတ်ရှုနိုင်ပါသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ချယ်လ်ဆီးအသင်းပိုင်ရှင် အဗရာမိုဗစ်ခ်ျတို့ဇနီးမောင်နှံ ငှားရမ်းနေထိုင်ခဲ့ဖူးကာ အမေရိကန်သမ္မတကတော်ဟောင်း ဂျက်ကလင်းအိုနာစစ် ကလေးဘဝက နေထိုင်ခဲ့သည့်နေအိမ် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ချယ်လ်ဆီးအသင်းပိုင်ရှင် အဗရာမိုဗစ်ခ်ျတို့ဇနီးမောင်နှံ ငှားရမ်းနေထိုင်ခဲ့ဖူးကာ အမေရိကန်သမ္မတကတော်ဟောင်း ဂျက်ကလင်းအိုနာစစ် ကလေးဘဝက နေထိုင်ခဲ့သည့်နေအိမ် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ချယ်လ်ဆီးအသင်းပိုင်ရှင် အဗရာမိုဗစ်ခ်ျတို့ဇနီးမောင်နှံ ငှားရမ်းနေထိုင်ခဲ့ဖူးကာ အမေရိကန်သမ္မတကတော်ဟောင်း ဂျက်ကလင်းအိုနာစစ် ကလေးဘဝက နေထိုင်ခဲ့သည့်နေအိမ် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ချယ်လ်ဆီးအသင်းပိုင်ရှင် အဗရာမိုဗစ်ခ်ျတို့ဇနီးမောင်နှံ ငှားရမ်းနေထိုင်ခဲ့ဖူးကာ အမေရိကန်သမ္မတကတော်ဟောင်း ဂျက်ကလင်းအိုနာစစ် ကလေးဘဝက နေထိုင်ခဲ့သည့်နေအိမ် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
ချယ်လ်ဆီးအသင်းပိုင်ရှင် အဗရာမိုဗစ်ခ်ျတို့ဇနီးမောင်နှံ ငှားရမ်းနေထိုင်ခဲ့ဖူးကာ အမေရိကန်သမ္မတကတော်ဟောင်း ဂျက်ကလင်းအိုနာစစ် ကလေးဘဝက နေထိုင်ခဲ့သည့်နေအိမ် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာလုံးမှ စိတ်ဝင်စားသူများပြားနေ...

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးကြောင်း အိမ်ရှင်ဖြစ်သူ ညည်းတွား...

ဆော်ဒီမင်းသားတစ်ပါးက လန်ဒန်ရှိ အိပ်ခန်းပေါင်း ၄၀ အထိ ပါဝင်သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၇၃ သန်းဖြင့် ရောင်းချ၊ ဝယ်ယူသွားသူမှာ အမေရိကန်မှ ဘီလျံနာကြီးတစ်ဦးဖြစ်သည်ဟု ခန့်မှန်း...

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀၀၀ ရရှိဦးမည်ဖြစ်၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ...

ဖလော်ရီဒါပြည်နယ်တွင် အမေရိကန် ဈေးအကြီးဆုံး နေအိမ်သစ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၈၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

Royal Theikdi Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service