လက်ရှိအခြေအနေတွင် ပြည်တွင်းရဗိ အိမ် ခြံ မြေဈေးကွက် အေးစက်လာမှုနှင့်အတူ ဈေးနှုန်းများပါ ကျဆင်းလာခဲ့သော်လည်း အခြားသော အိမ်နီးချင်းနို်င်ငံများနှင့် နှိုင်းယှဉ်မည်ဆိုပါက မြင့်မားနေဆဲ အခြေအနေတွင်သာရှိနေသေးကြောင်း အိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းတွင် ဆယ်စုနှစ်တစ်ခုကျော် လုပ်ကိုင်လာသည့် အိမ် ခြံ မြေ အကျိုါ်ဆောင်တစ်ခုမှ မန်နေးဂျင်းဒါရိုက်တာတစ်ဦးမှသုံးသပ် ပြောပြသည်။
”””မြင့်နေတုန်းပါပဲ။ ဌားရမ်း တဲ့ဈေး နှုန်း တွေမြင့် နေတုန်းပဲ။ အရောင်း အ၀ယ်ကျတော့ အနား သတ် မြို့နယ် တွေမှာတော့ အရောင်း အ၀ယ် ပြန်ဖြစ် နေတယ်။ တစ်ကယ့် မြို့နယ် ကောင်း တွေမှာတော့ ဈေးနှုန်း တွေ မြင့် နေသေးတယ်။ မြင့်တော့ခက်တာက ကိုယ် ၀ယ် ထားပြီးသား ပိုင်ထား ပြီးသားတန်ဖိုး ကို တစ် ၀က် လောက်ကျပြီးရောင်း ဖို့ ကျလဲမဖြစ် နိုင်ဘူး။ ဖွံ့ ဖြိုး မှု ကွာဟမှုနည်းပါး တဲ့ အနေအထားကို ဖန် တီး ပေး လိုက်ရင်တော့ နေရာတိုင်း မှာဒီလို ပုံ စံရမယ် ဆိုရင် ဈေး နှုန်းတွေက ညီ မျှ သွားမှာပေါ့။ခုတော့ ဈေး နှုန်း တွေက အဌား မှာ အရမ်း ကိုမြင့်နေပါတယ်။”””ဟု ၄င်းပုဂ္ဂိုလ်မှ သုံးသပ်ပြောဆိုသည်။
ပြည်တွင်းဈေးကွက်အတွင်း ယခင်ကာလများနှင့် နှိုင်းယှသ်ပါက ဈေးနှုန်းကျဆင်းမှုသည် သုံးဆယ်ရာခိုင်နှုန်းခန့်အထိ ကျဆင်းခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီးအိမ် ခြံ မြေ အကျိုးဆောင်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဌဖြစ်သူက ပြောပြထားသည်။
လက်ရှိ ဈေးကွက်တွင်လည်း အိမ် ခြံ မြေပိုင်းဆိုင်ရာ ရင်းနှီးမြုပ်နှံထားသူများအနက်မှ ဆက်လက် မြုပ်နှံထားရန်အခက်အခဲရှိသူများသည် ဈေးနှုန်းအားလျှော့ချကာ ပြန်လည်ရောင်းထုတ်လျက်ရှိသည်ကို တွေ့ရသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com